Home သတင်း KKO ဗဟို‌ကော်မတီဝင် နှစ်ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံခဲ့ရ

KKO ဗဟို‌ကော်မတီဝင် နှစ်ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံခဲ့ရ

2866
စက်တင်ဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


ကလို့ထူး‌ဘောကရင်အစည်းအရုံး(KKO)၏ နာယက ဗိုလ်ချုပ်‌စောလားပွယ်က အနာဂတ် နိုင်ငံ‌ရေးလုပ်ငန်းစဉ်များကို တရားဥပ‌ဒေနှင့်အ ညီ ‌ရှေ့ဆက်လုပ်‌ဆောင်သွားရန် KKO ဥက္ကဌနှင့် အ‌ထွေ‌ထွေအတွင်း‌ရေးမှူးတို့အား စက်တင်ဘာလ ၁၁ရက်မှစတင်၍ တာဝန်မှ ယာယီ ရပ်ဆိုင်းလိုက်‌ကြောင်း ‌ကြေညာချက်ထုတ်ပြန်ခဲ့သည်။

KKO ကို နိုင်ငံ‌တော်မှ အသိအမှတ်ပြုပြီး တရားဝင်မှုရှိ‌စေ‌ရေး ပါတီမှတ်ပုံတင်ရန် လိုအပ်ရာတွင် ဗဟို‌ကော်မတီဝင် နှစ်ဦး ဖြစ်သည့် ဥက္ကဌ မန်း‌ရောဘတ်ဘဇန်နှင့် ဦး‌သောမတ်(‌ခေါ်)‌စောဂုဏ်‌အောင်တို့သည် ပြည်ပနိုင်ငံသား ခံယူထားခြင်း၊ အဖွဲ့အစည်း၏ မူ‌ဘောင်များကို ‌ကျော်လွန်၍ လုပ်‌ဆောင်မှု ပြု‌နေခြင်းတို့‌ကြောင့် အဖွဲ့၏ဥပ‌ဒေအရ ရပ်ဆိုင်းလိုက်ရခြင်းဖြစ်‌ကြောင်း KKO နာယက ဗိုလ်ချုပ်‌စောလားပွယ် (ဗိုလ်နှုတ်ခမ်း‌မွှေး)က ‌ပြောသည်။

ဗိုလ်ချုပ်‌စောလားပွယ်က “တရားဥပ‌ဒေအ‌ပေါ်မှာပဲ အ‌ခြေခံပြီး လုပ်လိုက်တာပါ။ ဘယ်သူကမှလည်း ဥပ‌ဒေကို လွန်ဆန်လို့ မရပါဘူး။ ဒါ‌ကြောင့် လုပ်သင့်တဲ့အတွက် ဒီလိုထုတ်ပြန်လိုက်တာပါ။ အများပြည်သူရဲ့ လိုအင်ဆန္ဒနဲ့ သ‌ဘောထား‌တွေအရလည်း လုပ်‌ဆောင်ရ တာပဲ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဗိုလ်ချုပ်‌စောလားပွယ်၏ ထုတ်ပြန်‌ကြေညာချက်ထဲတွင် ယခုနှစ် စက်တင်ဘာလ ၈ရက်‌နေ့ ဆုံဆည်းမြိုင်‌ကျေးရွာ၌ မန်း‌ရောဘတ်ဘဇန် နှင့် ဦးဂုဏ်‌အောင်တို့ တာဝန်ခံပြုလုပ်သည့် ‌ကျေးနယ်အဆင့် လူထု‌ရွေးချယ်တင်‌မြှောက်ပွဲတွင် သ‌ဘောမမျှမှု‌ကြောင့် ခိုက်ရန်ဖြစ်ပွားခြင်း၊ ‌သေနတ်ပစ်‌ဖောက်ခြင်းများ ဖြစ်ခဲ့၍ နဂိုရှိပြီးသား တည်ငြိမ်မှု ပျက်ပြားခဲ့ရ‌ကြောင်းလည်း ‌ဖော်ပြထားသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ အမည်မ‌ဖော်လိုသူ KKO ဗဟို‌ကော်မတီဝင်တဦးက “‌ကျေးနယ်အဆင့် အုပ်ချုပ်မယ့် လူကြီး‌ရွေး‌ကောက်ပွဲမှာ ‌ဒေသခံ‌တွေက ‌ရွေးချယ်လိုက်တဲ့ လူကြီးအသစ်ကို အရင်အုပ်ချုပ်တဲ့ လူကြီးအ‌ဟောင်းက ‌နေရာမ‌ပေးချင်ဘူး‌လေ။ ဖြစ်ချင်‌တော့လည်း ‌ကျေးရွာကာကွယ်‌ရေးအတွက်ဆိုပြီး သူ့ကို လက်နက်အနည်းငယ် ‌ပေးထားတာ ရှိတယ်။ အဲဒါ သူက ‌နေရာမဖယ်‌ပေးချင်လို့ ပစ်ခတ်မှု အနည်းငယ် ဖြစ်သွားတာပါ”ဟု ‌ပြောဆိုသည်။

တစ်ဆက်တည်း၌ပင် မန်း‌ရောဘတ်ဘဇန်နှင့် ‌စောဂုဏ်‌အောင်တို့သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်မည့် အစည်းအ‌ဝေးပွဲ တစ်ခုသို့ တက်‌ရောက်ရန် ၎င်းတို့နှစ်ဦးသ‌ဘောဖြင့် စက်တင်ဘာလ ၉ရက်‌နေ့က ထွက်ခွာသွားခဲ့ခြင်းမှာ တရားဥပ‌ဒေကို မလိုက်နာခြင်း ဖြစ်‌သော‌ကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်‌ကြောင်းလည်း KKO ‌ကြေညာချက်တွင် ပါရှိသည်။

၎င်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ တာဝန်မှ ယာယီ ရပ်ဆိုင်းခံရသူ KKO ဥက္ကဌ မန်း‌ရောဘတ်ဘဇန်က “အသက်လည်း ကြီးပြီဆို‌တော့ နားသင့်ပြီလို့ ထင်တဲ့အတွက် ‌ကျေးဇူးတင်တယ်။ ဒါ‌ပေမဲ့ ယာယီ ရပ်ဆိုင်းတာ မလုပ်ပါနဲ့။ ထာဝရရပ်လိုက်ပါလို့ ဗိုလ်မှူးမို‌ရှေးကို ကျ‌နော် ‌ပြောလိုက်ပါတယ်။ ကျ‌နော်လည်း လုပ်ချင်လွန်းလို့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ‌ရွေး‌ကောက်ပွဲတုန်းက ၂နှစ်အတွင်း ဝိုင်းကူပါလို့ ဗိုလ်ချုပ်နှုတ် ခမ်း‌မွှေးက ‌တောင်းဆိုလို့ လက်ခံခဲ့တာပါ”ဟု ‌ပြောသည်။

ယင်းကဲ့သို့ ယာယီရပ်ဆိုင်းခြင်းအ‌ပေါ် ဗိုလ်ချုပ်‌စောလားပွယ်မှ ၎င်းအား တိုက်ရိုက် အ‌ကြောင်းကြားလာခြင်း မရှိ‌သေးသလို ‌ရှေ့ဆက် လုပ်‌ဆောင်သွားရမည့်ကိစ္စများကို ရဲ‌ဘော်များ၊ ဗဟို‌ကော်မတီဝင်များနှင့် နာယက အဖွဲ့ဝင်များမှ စဉ်းစားဆုံးဖြတ်လိမ့်မည်ဟု ယုံကြည် ‌ကြောင်း မန်း‌ရောဘတ်ဘဇန်က ဆက်‌ပြောသည်။

DKBA လက်‌အောက်ခံ ကလို့ထူး‌ဘော ကရင်အစည်းအရုံး-KKO သည် အများအကျိုးပြုလုပ်ငန်းများ လုပ်‌ဆောင်နိုင်ရန် ၂၀၁၂ခုနှစ်၊ ဧပြီလ ၂ရက်‌နေ့က စတင် ဖွဲ့စည်းခဲ့သည်။