Home သတင်း ပ‌လောင်ပြည်လွတ်‌မြောက်‌ရေးတပ်ဦး ‌ရှေ့လုပ်ငန်းစဉ် ချမှတ်

ပ‌လောင်ပြည်လွတ်‌မြောက်‌ရေးတပ်ဦး ‌ရှေ့လုပ်ငန်းစဉ် ချမှတ်

2566
နိုဝင်ဘာလ ၂၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ပ‌လောင်ပြည်လွတ်‌မြောက်‌ရေးတပ်ဦး(ပီအက်စ်အယ်လ်အက်ဖ်)က ဆုံးရှုံး‌နေ‌သော ပ‌လောင်အမျိုးသားတို့၏ အခွင့်အ‌ရေးများကို ပြန်လည်‌ဖော်‌ဆောင်နိုင်ရန်အတွက် နိုင်ငံ‌ရေး၊ စစ်‌ရေးဆိုင်ရာ ‌ပေါ်လစီများ၊ ‌ရှေ့လုပ်ငန်း စဉ်များကို ချမှတ်လိုက်‌ကြောင်း ယမန်‌နေ့က ‌ကြေညာချက်တ‌စောင် ထုတ်ပြန်လိုက်သည်။

ယခု နိုဝင်ဘာလ ၂၁မှ ၂၃ ရက်အထိ ထိုင်း-မြန်မာနယ်စပ်တ‌နေရာ၌ ကျင်းပပြုလုပ်သည့် ပ‌လောင်ပြည်လွတ် ‌မြောက်‌ရေးတပ်ဦး၏ တတိယအကြိမ် ညီလာခံတွင် တက်‌ရောက်လာသည့် ပ‌လောင်မျိုးချစ်‌ခေါင်း‌ဆောင်၊ လူငယ်နှင့် အမျိုးသမီးများ စုစု‌ပေါင်း (၄၁)ဦးတို့က တိုင်ပင်‌ဆွေး‌နွေးကြကာ ‌ရှေ့လုပ်ငန်းစဉ်များ တညီ တညွှတ်တည်း ယခုလို ချမှတ်လိုက်ခြင်းဖြစ်သည်။

‌ရွေး‌ကောက်တင်‌မြှောက်ခြင်းခံရသည့် ပီအက်စ်အယ်လ်အက်ဖ် အ‌ထွေ‌ထွေအတွင်း‌ရေးမှူးသစ် မိုင်းဘုန်း‌ကျော် က “နအဖရဲ့ လမ်းပြ‌မြေပုံ (၇)ချက်ကို ကျ‌နော်တို့ လက်မခံနိုင်ဘူး။ နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အ‌ခြေခံတဲ့ ၂၀၁၀‌ရွေး‌ကောက်ပွဲဟာလည်း ကျ‌နော်တို့ တိုင်းရင်းသား‌တွေ အခွင့်အ‌ရွေးနဲ့ ဒီမိုက‌ရေစီအခွင့်အ‌ရေး ဘယ်လို မှ မရနိုင်ဘူး။ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့ပဲဖြစ်တယ်။ ဒါ‌ကြောင့် ကျ‌နော်တို့ ပ‌လောင်လူထု‌တွေကို စည်းရုံး မယ်။ နိုင်တဲ့ဘက်က‌နေ စစ်‌ရေးအရ‌ကော၊ နိုင်ငံ‌ရေးအရ‌ကော လုပ်နိုင်သ‌လောက် လုပ်မယ်ဆိုပြီး ကျ‌နော်တို့ အဲဒီလို ‌ရှေ့လုပ်ငန်းစဉ်‌တွေကို ချမှတ်ရတာဖြစ်တယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

စစ်အစိုးရနှင့် ငြိမ်းချမ်း‌ရေးယူထားသည့် တိုင်းရင်းသားအဖွဲ့များနှင့် စစ်အစိုးရကို ‌တော်လှန်တိုက်ခိုက်‌နေဆဲဖြစ် ‌သော တိုင်းရင်းသားအဖွဲ့များအ‌နေဖြင့် သ‌ဘောထားများ‌ဝေ‌ဝေဝါးဝါးမဖြစ်ဘဲ မိမိတို့ ယုံကြည်ချက်အတိုင်း အ တူတကွ လုပ်‌ဆောင်မည်ဆိုလျှင် နအဖ၏ သက်ဆိုးရှည်‌စေမည့် လုပ်ငန်းမျာကို ဟန့်တားနိုင်မည်ဖြစ်‌ကြောင်း သူက ဆက်‌ပြောသည်။

မြန်မာနိုင်ငံတွင် အာမခံနိုင်‌လောက်သည့် တိုင်းရင်းသားနှင့် ဒီမိုက‌ရေစီအခွင့်အ‌ရေးအပြည့်အဝရရှိ‌ရေးနှင့် ဖက် ဒရယ်ပြည်‌ထောင်စုနိုင်ငံ‌တော် ‌ပေါ်‌ပေါက်လာပြီး ‌တော်လှန်‌ရေးကြီး ‌အောင်ပွဲခံသည်အထိ ပ‌လောင်မိဘ ပြည် သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်‌ကြောင်းလည်း (ပီအက်စ်အယ်လ်အက်ဖ်)၏ ‌ကြေညာ ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် ညီလာခံ၌ မြန်မာ့နိုင်ငံ‌ရေးပြဿနာကို ငြိမ်းချမ်း‌သောနည်းဖြင့် ‌ဖြေရှင်းရန် မြန်မာစစ်အစိုးရအား (၁) အပစ်ရပ်အင်အားစုများ၊ တိုက်ပွဲဝင်ဆဲ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံ‌ရေးအရ ‌တွေ့ ဆုံ‌ဆွေး‌နွေးရန် (၂) အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် တင်ပြထား‌သော ‌ရွှေဂုံတိုင်‌ကြေညာချက်ကို လိုက်‌လျောအ ‌ကောင်အထည်‌ဖော်ရန် (၃) ‌ဒေါ်‌အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ခွန်ထွန်းဦးအပါအဝင် နိုင်ငံ‌ရေးအကျဉ်းသား များအားလုံးကို ချွင်းချက်မရှိ ချက်ချင်းလွတ်‌ပေးရန်တို့ အဆိုပါ ‌ကြေညာချက်တွင် ‌တောင်းဆိုထားသည်။

အဖွဲ့၏ ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို ဦး‌ဆောင်အ‌ကောင်အထည်‌ဖော်ရန် ဗဟို‌ကော်မတီအဖွဲ့ မိုင်း အိုက်ဖုန်း(ဥက္ကဌ)၊ မိုင်းဘုန်း‌ကျော်(အ‌ထွေ‌ထွေအတွင်း‌ရေးမှူး)နှင့် တာဆိုမျံမ်(တွဲဘက်အ‌ထွေ‌ထွေအတွင်း‌ရေး မှူး)တို့အပါအဝင် ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီအဖွဲ့ဝင် ၇ဦး ‌ရွေးချယ်တင်‌မြောက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၅ခုနှစ်တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ညီလာခံတွင် (ပီအက်စ်အယ်လ်အက်ဖ်)၏ ဥက္ကဌအဖြစ် ‌ရွေးချယ်တင်‌မြှောက်ခြင်းခံရသူမှာ မိုင်းဂျုတ်ဂျာ ဖြစ်သည်။

ပ‌လောင်ပြည်လွတ်‌မြောက်‌ရေးတပ်ဦး(ပီအက်စ်အယ်လ်အက်ဖ်)သည် ၁၉၉၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့၌် မာနယ်ပ‌လောတွင် ဖွဲ့စည်းတည်‌ထောင်ခဲ့ပြီး ညီလာခံသက်တမ်းကို မူအားဖြင့် ၃နှစ်သတ်မှတ်ထား‌သော် လည်း အခက်အခဲအမျိုးမျိုး‌ကြောင့် သုံးကြိမ်သာ ကျင်းပနိုင်ခဲ့‌ကြောင်း သိရသည်။