Home သတင်း ထိုင်းအသံလွှင့်ဌာန Thai PBS မှ ဦးစီးကာ ကရင့်ရိုးရာ ယဉ်‌ကျေးမှုပွဲ‌တော်ကျင်းပခဲ့

ထိုင်းအသံလွှင့်ဌာန Thai PBS မှ ဦးစီးကာ ကရင့်ရိုးရာ ယဉ်‌ကျေးမှုပွဲ‌တော်ကျင်းပခဲ့

2003
စက်တင်ဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)


ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့၊ ဝိဖဝတီလမ်းမရှိ KDC အသံလွှင့်ဌာနတွင် ထိုင်းနိုင်ငံရှိ ကရင်တိုင်းရင်းသားများ ရိုးရာဓ‌လေ့၊ ယဉ်‌ကျေးမှုကို မ‌မေ့‌ပျောက်‌စေရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ ယဉ်‌ကျေးမှုဝန်ကြီးဌာနနှင့် Thai PBS ရုပ်မြင်သံကြားမှ ဦးစီး၍ ကရင်ရိုးရာဓ‌လေ့နှင့် ယဉ်‌ကျေး မှုပွဲ‌တော်ကို စက်တင်ဘာလ ၂၁ရက်မှ ၂၃ရက်‌နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။

၎င်းပွဲ‌တော်တွင် ကရင့်ယဉ်‌ကျေးမှုထုတ်‌ဖြေပြပွဲအပြင် ထိုင်းနိုင်ငံဝန်ကြီးဌာန အသီးသီးမှ ချမှတ်ထား‌သော ဥပ‌ဒေများနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို ပညာ‌ပေးသည့်အ‌နေဖြင့် ပြန်လည်ရှင်းပြပြီး ထိုင်းနိုင်ငံရှိ ကရင်လူမျိုးများမှလည်း မိမိတို့ ‌တွေ့ကြုံခံစား‌နေရ သည်များကို တင်ပြ‌ဆွေး‌နွေးခဲ့ကြသည်ဟု ပွဲ‌တော်တွင် ပါဝင်ကူညီသူ ပြည်ပ‌ရောက်ကရင်လူမှုကူညီ‌စောင့်‌ရှောက်‌ရေးအဖွဲ့-OKRSO မှ ‌စောစိပ်ပ‌လောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“တချို့ဥပ‌ဒေနဲ့ ပတ်သက်တဲ့အ‌ကြောင်းအရာ‌တွေ နားလည်သွားတယ်။ ‌နောက်ပြီး ဒီမှာရှိတဲ့ ကရင်‌တွေအ‌နေနဲ့ သူတို့‌တွေ ကြုံ‌တွေ့‌နေရ တဲ့ အခက်အခဲ‌တွေကို ပြန်လည်တင်ပြခွင့်ရတယ်။ ကိုယ့်ရဲ့ ရိုးရာယဉ်‌ကျေးမှု‌တွေကို အခြားသူ‌တွေ သိသွား‌အောင် ထုတ်‌ဖော်တင်ပြခွင့်ရ တဲ့အတွက်လည်း ‌ကောင်းပါတယ်”ဟု ‌ပြောသည်။

အစီအစဉ်အရ ထိုင်းနိုင်ငံရှိ ကရင်လူမျိုးများနှင့် မြန်မာနိုင်ငံအတွင်းရှိ ကရင်လူမျိုးများမှ မိမိတို့၏ ‌ဒေသအလိုက် ယဉ်‌ကျေးမှုများကို ပြန် လည် ‌ဖော်ထုတ်‌သောအားဖြင့် ကရင့်ရိုးရာချည်ဖြူဖွဲ့ မဂင်္လာပွဲသရုပ်‌ဖော်မှုအပြင် ကရင့်ရိုးရာတူရိယာများဖြစ်‌သော ခနာ၊ မယ်ဒလင်၊ ‌သောတူနှင့် ‌စောင်း စသည်တို့ကို တီးမှုတ်ခဲ့ကြသလို ရိုးရာဒုံးအကများဖြင့်လည်း တင်ဆက်ကပြခဲ့ကြသည်။

အဆိုပါပွဲ‌တော်သို့ ထိုင်းနိုင်ငံ ဝန်ကြီးဌာနများဖြစ်ကြသည့် စိုက်ပျိုး‌ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်‌ရေးဝန်ကြီးဌာန၊ ပြည်ထဲ‌ရေးဝန်ကြီး ဌာန၊ သဘာဝနှင့် သစ်‌တောထိန်းသိမ်း‌ရေး ဝန်ကြီးဌာနအသီးသီးမှ ဝန်ကြီးများ တက်‌ရောက်အား‌ပေးခဲ့ကြသည်။

ထို့အပြင် ထိုင်းနိုင်ငံရှိ ချင်းမိုင်၊ စွန်ဖု၊ ရပ်ချ်ဘူရီ အပါအဝင် မြို့နယ် ၁၆မြို့နယ်တွင် ‌နေထိုင်သည့် ကရင်လူမျိုးများ တက်‌ရောက်ခဲ့ကြသ လို စက်တင်ဘာလ ၂၂ရက်‌နေ့တွင် ထိုင်းနိုင်ငံရှိ ကရင်လူမျိုးများ၏ ‌နေထိုင်မှုဓ‌လေ့ထုံးစံများကို ‌ဟော‌ပြောပွဲပြုလုပ်ကျင်းပပြီး ည‌နေပိုင်း၌ မြန်မာနိုင်ငံအတွင်းမှ နာမည်ကြီး ‌တေး‌ရေး‌တေးဆို ကရင်အဆို‌တော် ‌စော‌ကျော်လိက်သိန့်နှင့် ကရင်အနုပညာရှင်များက ကရင်‌တေးသီ ချင်းများဖြင့် သီဆို‌ဖျော်‌ဖြေခဲ့ကြသည်။

၎င်းပွဲ‌တော်တွင် ကရင်တိုင်းရင်းသား ရိုးရာယဉ်‌ကျေးမှု ဓာတ်ပုံများကိုလည်း ခင်းကျင်းပြသခဲ့ပြီး ထိုင်းနိုင်ငံအတွင်း ‌နေထိုင်ကြ‌သော ပအိုဝ်းတိုင်းရင်းသားများလည်း ပါဝင်ဆင်နွဲခဲ့ကြသည်ဟု သိရသည်။

ထိုင်းနိုင်ငံရှိ အသံလွှင့်ဌာနတွင် ယခုလို ကရင်လူမျိုးများနှင့် ပတ်သက်၍ ရိုးရာယဉ်‌ကျေးမှုပွဲ‌တော် အခမ်းအနား ကျင်းပပြုလုပ်ခြင်းမှာ ပထမဆုံးဖြစ်ပြီး လာမည့်နှစ်များတွင်လည်း ဆက်လက် ကျင်းပသွားမည်ဟု သိရသည်။
http://program.thaipbs.or.th/entertainmentprogram/article81946.ece#.UF0rjTwQ7lA.facebook