Home သတင်း ဖာပွန်မြို့နယ်၊ ကတိုင်တိတွင် BGF အတွက် အ‌ဆောက်အဦးများ အမြန်တည်‌ဆောက်‌နေ

ဖာပွန်မြို့နယ်၊ ကတိုင်တိတွင် BGF အတွက် အ‌ဆောက်အဦးများ အမြန်တည်‌ဆောက်‌နေ

2152
စက်တင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကတိုင်တိရွာနံ‌ဘေး၌ ကရင်နယ်ခြား‌စောင့်တပ်-BGF အ‌ခြေစိုက်ရာ‌နေရာဟုဆိုကာ မြန်မာအစိုးရ မှ ‌မြေယာရှင်းလင်းမှုနှင့် အ‌ဆောက်အဦးများ တည်‌ဆောက်လျှက်ရှိရာ ယခုအချိန်တွင် တိုက်တာအ‌ဆောက်အအုံ ၄ဝ ဝန်းကျင် တည်‌ဆောက်ပြီးစီး‌နေပြီးဖြစ်‌ကြောင်း ‌ဒေသခံများက ‌ပြော ဆို‌နေကြသည်။

မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့အကြား အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှုရရှိပြီး‌နောက်ပိုင်း ဇွန်လ မှစ၍ မြန်မာအစိုးရဘက်မှ BGF နှင့် မိသားစုအတွက် ယင်းနယ်‌မြေရှိ ‌မြေယာဧကများကို ဘူဒိုဇာကားဖြင့်ရှင်းလင်း၍ အ‌ဆောက် အဦ တည်‌ဆောက်ရန် စတင် အ‌ကောင်အထည်‌ဖော်ခဲ့ခြင်း ဖြစ်သည်။

အမည်အ‌ဖော်လိုသူ ‌ဒေသခံအမျိုးသားတစ်ဦးက “တည်‌ဆောက်တဲ့ အ‌ဆောက်အဦး‌တွေက တစ်ထပ်ရှိတယ်။ နှစ်ထပ်ရှိတယ်။ တည်‌ဆောက်ပြီးစီးတဲ့ တချို့‌နေရာကျ‌တော့ သူတို့ အရပ်သား‌တွေကို ဝင်ခွင့်မ‌ပေးဘူး။ သူတို့ အပြင်းအထန်ကို လုပ်‌ဆောင်‌နေ တာ ‌တွေ့ရတယ်။ ‌နောက် ဒီဂွင်မှာရှိတဲ့ ‌ဒေသခံ‌တွေကိုလည်း တ‌နေ့ ၂,၅၀ဝက‌နေ ၃,၀၀ဝကျပ်အထိ‌ပေးပြီး ‌နေ့စားနဲ့ ငှားတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ယင်း‌မြေယာများကို ပိုင်ဆိုင်သည့် ‌ဒေသခံများက ရှင်းလင်းခံရသည့် ၎င်းနယ်‌မြေများအတွက် ‌လျှော်‌ကြေးမည်မျှ ရရှိမည်ကို မသိရှိရ‌သေးသလို လတ်တ‌လော အ‌ခြေအ‌နေအရ အ‌ဆောက်အဦးများ တည်‌ဆောက်ရာတွင် သဲ၊ ဘိလပ်‌မြေနှင့် ‌ကျောက်များ သယ်ယူပို့‌ဆောင်‌နေသည့် ကားများမှာ အစီး ၃၀‌ကျော်ရှိသည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

ထို့အပြင် ကတိုင်တိ‌ကျေး နယ်အုပ်စုအတွင်းရှိ လူထုများအား သတင်းမီဒီယာများနှင့် မဆက်သွယ်ရန် ကတိုင်တိအ‌ခြေစိုက် မြန် မာအစိုးရတပ်စခန်း တပ်မ(၄၄)၊ နည်းဗျူဟာ(၄၄၂)ဗျူဟာမှူး တင်ထွန်းက ၎င်း၏ လက်‌အောက်ခံတပ်ဖြစ်သည့် မြန်မာစစ်တပ် ခမရ(၁၀၂)နှင့် နယ်ခြား‌စောင့်တပ်-BGF တို့ကို ဩဂုတ်လ၌ ညွှန်ကြား‌ပြောဆိုထားသည်ဟု နယ်စပ်သတင်းအရ သိရသည်။

ရွာခံအမျိုးသမီးတစ်ဦးက “အဲလို သတိ‌ပေးခံရ‌တော့ ကျမတို့‌ကြောက်‌ပေမယ့် မ‌ပြောလို့လည်း မဖြစ်ဘူး။ သူတို့ (မြန်မာအစိုးရ တပ်)က BGF ‌နေရာအတွက်ဆိုပြီး ကတိုင်တိရွာနံ‌ဘေးမှာ တိုက်တာ အ‌ဆောက်အဦ‌တွေ လာ‌ဆောက်တာ အများကြီးပဲ။ ‌ရှေ့ ဆက် ဘာဖြစ်လာမလဲဆိုတာ‌တော့ မသိဘူး။”ဟု ‌ပြောဆိုသည်။

မြန်မာအစိုးရတပ်သည် ကတိုင်တိ‌ကျေးရွာအုပ်စုတွင် ကတိုင်တိ(ကတဲ‌တေ့)ရွာ အပါအဝင် ‌တောသူးကလား၊ ‌ခေါဝါးထာ့၊ နို့‌ဖော ထီး၊ ‌ဘောကြို့လယ်၊ ကလားကိုး၊ ကဲ‌ဒေါ၊ ‌ဘောကြို့ထာ့ စသည့်‌ကျေးရွာများကို သတိ‌ပေးခဲ့ခြင်း ဖြစ်သည်။

ယခုလ ပထမပတ်က အစိုးရနှင့် ‌ကေအဲန်ယူ ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်များ၏ တတိယအကြိမ် ‌ဆွေး‌နွေးပွဲတွင် တပ်‌နေရာချ ထား‌ရေးကိစ္စနှင့် ပတ်သက်၍ အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်‌မောင်ဝင်းက နယ်ခြား‌စောင့်တပ်များကို ဖွဲ့ စည်းထားသည်မှာ ၂နှစ်ရှိပြီဖြစ်‌သော်လည်း ‌နေရာအတည်တကျ မရှိ‌သေးသည့်အ‌ပေါ် ယခုလို တပ်စခန်း‌နေရာများ သတ်မှတ် ခဲ့ရခြင်းဖြစ်‌ကြောင်း ‌ဆွေး‌နွေး‌ပြောဆိုခဲ့သည်။