Home သတင်း ကရင်နီပြည်နယ် ရွာသစ်ဆည် တည်‌ဆောက်‌ရေး ပွင့်လင်းမှုရှိရန် KCSN ‌တောင်းဆို

ကရင်နီပြည်နယ် ရွာသစ်ဆည် တည်‌ဆောက်‌ရေး ပွင့်လင်းမှုရှိရန် KCSN ‌တောင်းဆို

1793
‌အောက်တိုဘာလ ၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ကရင်နီ(ကယား)ပြည်နယ်၊ ရှား‌တောမြို့နယ်ရှိ ရွာသစ်တွင် သံလွင်မြစ်‌ရေကို အမှီပြု၍ တည်‌ဆောက်သည့် ရွာသစ်ဆည်ကိစ္စ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်‌ကြောင်း ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက် (KCSN)က ရန်ကုန်မြို့ စီးတီးစတားဟိုတယ်တွင် ယ‌နေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ‌ပြောကြားခဲ့သည်။

KCSN တာဝန်ခံဖြစ်သူ ခွန်းမီရယ်က “ဒီဆည်စီမံကိန်းကို အကယ်၍ မရပ်ဘူးဆိုရင် (ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ-KNPP နဲ့ အစိုးရအကြား) ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲအတွက် အ‌နှောက်အယှက်ဖြစ်သွားမှာကို ကျ‌နော်တို့ စိုးရိမ်တယ်။ ဒါ‌ကြောင့် ဒီဆည် စီမံကိန်းကို ပွင့်လင်းမြင်သာမှုရှိ‌အောင် လုပ်သွားဖို့ အစိုးရကို ‌တောင်းဆိုတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ မြန်မာအစိုးရသည် KNPP နှင့် ‌ဆွေး‌နွေးသ‌ဘောတူညီချက်အရ ‌ရေကာတာ အပါအဝင် အကြီးစားစီမံကိန်းလုပ်ငန်း ပြု လုပ်ပါက ပြည်သူလူထုနှင့် လူမှုအသင်းအဖွဲ့အ‌ပေါ် ပွင့်လင်းမြင်သာမှုရှိရန် ပါဝင်သည်ဟု သူက ဆက်လက် ‌ထောက်ပြ‌ပြောဆို ခဲ့သည်။

ရွာသစ်ဆည် တည်‌ဆောက်‌ရေးစီမံကိန်းကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ရန် မြန်မာစစ်အစိုးရနှင့် တရုတ်ဒါတန် ကုမ္ပဏီတို့ ၂၀၁ဝခုနှစ်၊ ဇန်နဝါရီလက ‌တွေ့ဆုံပြီး နှစ်ဦးနှစ်ဘက် နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ၎င်းတို့နှစ်ဘက် သ‌ဘောတူညီခဲ့ပြီး‌နောက် စီမံကိန်းကို စတင် အ‌ကောင်အထည်‌ဖော်ခဲ့ရာ ယခုအချိန်တွင် စတင် တည် ‌ဆောက်မှုအပိုင်း မ‌ရောက်‌သေး‌သော်လည်း ဆည်လုံခြုံ‌ရေးအဖြစ် အစိုးရတပ်များ လာ‌ရောက်တပ်စွဲထားမှုများ ရှိသည်ဟု KCSN က ဆိုသည်။

ယ‌နေ့မွန်းလွဲ ၂နာရီမှ ည‌နေ ၄နာရီအထိ ပြုလုပ်ကာ ပြည်တွင်းသတင်း‌ထောက် ၃၀‌ကျော် တက်‌ရောက်ခဲ့သည့် ၎င်းသတင်းစာ ရှင်းလင်းပွဲတွင် ဆည်တည်‌ဆောက်‌နေချိန် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ ရှိမရှိကို KCSN ဘက်မှ ကွင်းဆင်း‌လေ့လာလို‌ကြောင်း အစိုးရထံ ‌တောင်းဆိုခြင်းဖြစ်သည်ဟု ခွန်းဘီထူးက ယခုလို ‌ပြောသည်။

“ဒီဆည်ကို‌ဆောက်တာ ဘာ‌တွေဖြစ်မလဲဆိုတာ မသိရ‌ပေမယ့် အစိုးရဘက်က‌နေ ပွင့်ပွင့်လင်းလင်း ချပြပြီး‌တော့မှ လုပ်‌ဆောင် တဲ့ စီမံကိန်း မဟုတ်ဘူး။ အဲဒီအ‌ပေါ်မှာ အစိုးရအ‌နေနဲ့ ကျ‌နော်တို့ကို ‌လေ့လာခွင့်‌ပေးပြီး ပွင့်ပွင့်လင်းလင်း ချပြမှပဲ လုပ်သင့်တာ ကို ဆက်လုပ်ပါလို့ ‌တောင်းဆိုတာပါ”ဟု ခွန်းဘီထူးက ‌ပြောဆိုသည်။

Karenni Civil Society Network-KCSN ကို ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် ကရင်နီလူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့ အပါအဝင် လူမှုအသင်းအဖွဲ့ ၉ဖွဲ့ဖြင့် ၂၀၀၉ခုနှစ်တွင် စတင် ဖွဲ့စည်းတည်‌ထောင်ခဲ့သည်။