Home သတင်း ပြည်တွင်းတက္ကသိုလ် တက်‌ရောက်နိုင်ရန်‌ရွှေ့‌ပြောင်း‌ကျောင်း သားများ စခန်းသွင်း‌လေ့ကျင့်‌နေ

ပြည်တွင်းတက္ကသိုလ် တက်‌ရောက်နိုင်ရန်‌ရွှေ့‌ပြောင်း‌ကျောင်း သားများ စခန်းသွင်း‌လေ့ကျင့်‌နေ

1694
‌အောက်တိုဘာလ ၃ရက်၊ ၂၀၁၂ခုနှစ်။ စ’ဖန်း‌ရှောင်း (‌ကေအိုင်စီ)


မြန်မာပြည် ‌ရွှေ့‌ပြောင်း‌ကျောင်းသူ‌ကျောင်းသားများအား ကရင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနများတွင် တက္ကသိုလ် ဝင်တန်း ဝင်‌ရောက်‌ဖြေဆိုနိုင်ရန် ယမန်‌နေ့(‌အောက်တိုဘာလ ၂ရက်)က စတင်ပြီး စခန်းသွင်း‌လေ့ကျင့်မှုများ ပြုလုပ်‌နေပြီဖြစ် ‌ကြောင်း သိရသည်။

မြန်မာ‌ရွှေ့‌ပြောင်းပညာ‌ရေး ‌ထောက်ပံ့မှု‌ဖောင်‌ဒေးရှင်းနှင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ပညာ‌ရေး‌ကော်မတီ-BMWEC တို့ ပူး‌ပေါင်းပြီး စက်တင်ဘာလ ၂၅ရက်‌နေ့တွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော်မင်းထံ သွား‌ရောက်‌ဆွေး‌နွေးခဲ့ရာ ‌ရွှေ့‌ပြောင်းမြန် မာ‌ကျောင်းသားများ၏ ပညာ‌ရေးနှင့်ပတ်သက်၍ သ‌ဘောတူညီမှုများရရှိခဲ့သည့်အ‌ပေါ် ယခုလို စခန်းသွင်း‌လေ့ကျင့်မှုများ ပြုလုပ် ရခြင်းဖြစ်‌ကြောင်း BMWEC ဥက္ကဌ ‌နော်‌ဖော‌ရေက ‌ပြောသည်။

“ဒီနယ်စပ်တ‌လျှောက်မှာရှိတဲ့ ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်း‌တွေမှာ မြန်မာပြည် သင်ရိုးညွှန်းတမ်းအတိုင်း သင်တဲ့‌ကျောင်းက နည်း တယ်‌လေ။ အဲဒီ‌တော့ ဒီက ‌ကျောင်းသူ‌ကျောင်းသား‌တွေ ကရင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနများမှာ တက္ကသိုလ် ဝင်တန်းစာ‌မေးပွဲကို အခက်အခဲမရှိ ‌ဖြေဆိုနိုင်‌အောင် အခုလို စခန်းသွင်း‌လေ့ကျင့်မှု‌တွေ ပြုလုပ်‌ပေး‌နေတာပါ”ဟု ‌နော်‌ဖော‌ရေက ‌ပြောသည်။

ယင်းသို့ ‌ဆွေး‌နွေးရာတွင် ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းသားများ၏ ပညာ‌ရေးအဆင့်အတန်းအလိုက် ကရင်ပြည်နယ်အတွင်းရှိ ‌ကျောင်းများတွင် ပညာသင်ခွင့်ရရှိ‌ရေးနှင့် ‌ရွှေ့‌ပြောင်း‌ကျောင်းများမှ အထက်တန်းအဆင့် ‌ကျောင်းသူ‌ကျောင်းသားများအ‌နေဖြင့် ပြည်နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲသို့ ဝင်‌ရောက်‌ဖြေဆိုနိုင်ရန် ရည်ရွယ်၍ ‌ဆွေး‌နွေးခဲ့ကြခြင်းလည်း ဖြစ်သည်။

‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းသူ‌ကျောင်းသားများအ‌နေဖြင့် အဆင်‌ပြေ‌ချော‌မွေ့စွာ စာ‌မေးပွဲ‌ဖြေဆိုနိုင်ရန် ပြည်နယ်အစိုးရမှ သ‌ဘော တူခွင့်ပြုချက်ရရှိထားသကဲ့သို့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် သက်ဆိုင်ရာအစိုးရအဖွဲ့များနှင့် ပညာ‌ရေးဝန်ကြီးဌာနများသို့ တင်ပြထားပြီးဖြစ်‌ကြောင်း ကရင်ပြည်နယ်ပညာ‌ရေး ညွှန်ကြား‌ရေးမှူးရုုံးမှ တာဝန်ရှိသူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “‌ရွှေ့‌ပြောင်း‌ကျောင်းသူ‌ကျောင်းသားများရဲ့ ပညာ‌ရေးသာမက ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဦး‌ဆောင်မှု၊ လမ်းညွှန်မှုတို့နဲ့အညီ ပြည်တွင်းသို့ ပြန်လည် အ‌ခြေချ‌နေထိုင်မည့်သူများအတွက် ကျန်းမာ‌ရေး၊ ပြန်လည်‌နေရာချထား‌ရေး စတဲ့ ကဏ္ဍအသီးသီးမှာ လည်း အတတ်နိုင်ဆုံး ‌ဆောင်ရွက်နိုင်‌အောင် အစီအစဉ်များ စတင် ‌ရေးဆွဲ‌နေပါပြီ”ဟု ဆိုသည်။

တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ‌ဖြေဆိုရာ၌ ‌ရွှေ့‌ပြောင်း‌ကျောင်းသူ‌ကျောင်းသားများအ‌နေဖြင့် အပြင်‌ဖြေအဖြစ်သာ ‌ဖြေဆိုရမည် ဖြစ်ပြီး ၎င်းတို့ကို သတ်မှတ်ထားသည့် အရည်အချင်းများနှင့်အညီ စိစစ်‌ရွေးချယ်သွားလျှက်ရှိရာ လက်ရှိအချိန်တွင် အရည်အ ချင်း စစ်‌ဆေး‌အောင်မြင်ပြီးထားသည့် ‌ကျောင်းသူ‌ကျောင်းသား ၇ဝဦးကို ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာပညာ‌ရေးဌာနများသို့ စာရင်း‌ပေးသွင်းထားပြီး ဖြစ်သည်။

ထို့အပြင် တက္ကသိုလ်ဝင်တန်းစား‌မေးပွဲကို ‌ဖြေဆို‌အောင်မြင်‌သော ‌ကျောင်းသူ‌ကျောင်းသားများအ‌နေဖြင့် နိုင်ငံ‌တော်မှ သတ်မှတ် ထားသည့်အတိုင်း သက်ဆိုင်ရာ ပြည်တွင်းရှိ တက္ကသိုလ် အသီးသီးသို့ ဝင်‌ရောက်ပညာသင်ကြားနိုင်မည်ဖြစ်‌ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်‌ပြောသည်။

ပြည်နယ်အတွင်းရှိ စာစစ်ဌာန အသီးသီးတွင် ‌ဖြေဆိုမည့် ‌ကျောင်းသူ‌ကျောင်းသားများကို BMWEC အ‌နေဖြင့် ‌ထောက်ခံချက် ‌ပေးရမည်ဖြစ်ပြီး မှတ်ပုံတင်မရှိသူများအ‌နေဖြင့် ယာယီမှတ်ပုံတင်ကတ်နှင့် လိုအပ်‌သော သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာ အုပ်များကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကူညီပံ့ပိုး‌ပေးသွားမည်ဟု သိရသည်။

ဆက်လက်၍ ‌ရွှေ့‌ပြောင်း‌ကျောင်းများနည်းတူ ပြည်တွင်းနယ်စပ် IDP ‌နေရာများနှင့် နယ်စပ်တစ်‌လျှောက်ရှိ ‌ကျောင်းများတွင် ပညာ‌ရေးဆိုင်ရာ‌ဆောင်ရွက်မှုများကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာ‌ရွှေ့‌ပြောင်းပညာ‌ရေး‌ဖောင်‌ဒေးရှင်းနှင့်အတူ BMWEC တို့မှ ပူး‌ပေါင်းလုပ်‌ဆောင်သွားမည်ဟုလည်း ‌နော်‌ဖော‌ရေက ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် ‌ရွှေ့‌ပြောင်း‌ကျောင်း ၇၄‌ကျောင်းတွင် ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၇‌သောင်းဝန်းကျင်ခန့် ရှိ ပြီး BMWEC မှာ ၎င်း‌ရွှေ့‌ပြောင်း‌ကျောင်းဆရာ၊ ဆရာမများအား အရည်အချင်းမြှင့်တင်‌ပေးခြင်း၊ က‌လေးသူငယ်များ ကာကွယ် ‌စောင့်‌ရှောက်ခြင်း၊ ‌ကျောင်းသူ‌ကျောင်းသားများအား သင်‌ထောက်ကူပစ္စည်းများ ကူညီလုပ်‌ဆောင်‌ပေး‌နေသည့် ပညာ‌ရေး‌ကော်မ တီတစ်ခု ဖြစ်သည်။