Home သတင်း ‌ကော့ကရိတ်မြို့နယ်တွင် ပဋိပက္ခ‌ဖြေရှင်း‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်

‌ကော့ကရိတ်မြို့နယ်တွင် ပဋိပက္ခ‌ဖြေရှင်း‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်

1720
‌အောက်တိုဘာလ ၄ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား၊ ဖိုးခွား‌လေး (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်ရှိ ‌လောင်းကိုင်‌ကျေးရွာတွင် ပဋိပက္ခ‌ဖြေရှင်း‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ခုကို ငြိမ်း‌ဖောင်‌ဒေးရှင်းမှ ယမန်‌နေ့မှစ၍ ၅ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။

ငြိမ်း‌ဖောင်‌ဒေးရှင်းအဖွဲ့မှ သင်ကြား‌ပေးသည့် ယင်းသင်တန်းတွင် ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးနှင့် ဘာသာ‌ရေး ‌ခေါင်း‌ဆောင်များ စုစု‌ပေါင်း ၃၀‌ကျော်တက်‌ရောက်ခဲ့ပြီး ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားအားလုံး ငြိမ်းချမ်း‌ရေးရရှိ‌စေ‌ရေန် ရည်ရွယ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သင်တန်းဖြစ်‌မြောက်‌ရေးတွင် ပါဝင်သူ မန်းသိန်း‌ဇော်က ‌ပြောသည်။

မန်းသိန်း‌ဇော်က “ကျ‌နော်တို့နယ်‌မြေ‌ဒေသမှာရှိတဲ့ တိုင်းရင်းသား‌တွေအားလုံး၊ ‌ကျေးရွာအုပ်ချုပ်‌ရေးပိုင်းမှာ ပါဝင်‌နေတဲ့ ပုဂ္ဂိုလ်‌တွေအား လုံး တညီတညွှတ်နဲ့ ငြိမ်းချမ်းမှုကိုယူပြီး‌တော့ ဒီသင်တန်းကို ပြုလုပ်ရတာ ဖြစ်ပါတယ်။ ‌နောက် ပြဿနာ‌တွေကို ‌ဖြေရှင်းတတ်ဖို့ ဖြစ် တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

သင်တန်းမှ ‌ဆွေး‌နွေးသင်ကြားခဲ့မှုများကို အမှီပြုကာ ‌ကော့ကရိတ်‌ဒေသရှိ ရပ်ကွက် သို့မဟုတ် ရွာများအတွင်း ဖြစ်ပွားသည့် နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေးနှင့် ဘာသာ‌ရေး စသဖြင့် ပဋိပက္ခဟူသမျှကို ‌ဖြေရှင်းနိုင်ရန် တတ်စွမ်းသမျှ အ‌ကောင်အထည်‌ဖော်သွားမည်ဟု ‌မျှော် လင့်‌ကြောင်း သူက ဆက်‌ပြောသည်။

၎င်းသင်တန်းတက်‌ရောက်သည့် ရွာသူရွာသားများမှာ ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ‌ကော့ကရိတ်မြို့အပါအဝင် ‌လောင်းကိုင်ရွာမှ ရပ် ကွက် (၅)ခု၊ ဖားကျ၊ သမိန်ဒွတ်၊ ဝင်းက၊ ထီးဖိုးသာနှင့် အခြားရွာ ၃ရွာတို့မှ ဖြစ်သည်။

သင်တန်းတက်‌ရောက်သူ သမိန်ဒွတ်‌ကျောင်းမှ ဆရာ‌တော် ဦးန‌န္ဒောဘာသက “အဖွဲ့အစည်းထဲမှာ ပဋိပက္ခဆိုတာ ဖြစ်တတ်တယ်ဆိုသလို ဖြစ်လာလို့ ‌ဖြေရှင်းလို့ မရ၊ မတတ်ဘူးဆိုရင် ပြိုကွဲသွားရတဲ့အထိ ဆိုးကျိုး‌တွေ အများကြီးဖြစ်လာမယ်။ ‌ပြောချင်တာက ဒီသင်တန်းက တစုံတရာ အကျိုးရှိမယ်လို့ ‌မျှော်လင့်တယ်”ဟု ‌ပြောသည်။

ထို့အပြင် သင်တန်းတက်‌ရောက်သူများကို ငြိမ်း‌ဖောင်‌ဒေးရှင်းမှ စီမံကိန်းမန်‌နေဂျာ ‌ဇော်လွန်မ်(Zau Lum) ဦး‌ဆောင်‌သော အဖွဲ့ဝင် ၃ဦးအ ပြင် ‌ကော့ကရိတ်မြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး-KNU၊ တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော်-DKBA၊ KNU/ KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီနှင့် နယ်ခြား‌စောင့်တပ်-BGF တို့မှ တာဝန်ရှိပုဂ္ဂိုလ်အချို့လည်း ပါဝင်‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လကလည်း ငြိမ်း‌ဖောင်‌ဒေးရှင်းအ‌နေဖြင့် ဖားပြရွာ ဘုန်းကြီး‌ကျောင်းတွင် ‌ခေါင်း‌ဆောင်မှုနှင့် ပတ်သက်သည့် ရက်တို သင်တန်းတစ်ခု ပြုလုပ်ခဲ့‌သေးသည်။