Home သတင်း ‌ကေအဲန်ယူ ထိပ်ပိုင်း‌ခေါင်း‌ဆောင် ၃ဦးကိုအစည်းအ‌ဝေးဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခြင်းဟု KNU ‌ပြောဆို

‌ကေအဲန်ယူ ထိပ်ပိုင်း‌ခေါင်း‌ဆောင် ၃ဦးကိုအစည်းအ‌ဝေးဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခြင်းဟု KNU ‌ပြောဆို

1896
‌အောက်တိုဘာလ ၅ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

စစ်ဦးစီးချုပ် အပါအဝင် ‌ကေအဲန်ယူ ထိပ်ပိုင်း‌ခေါင်း‌ဆောင် ၃ဦးကို တာဝန်မှ ရပ်စဲပြီး အဖွဲ့အစည်းမှ ထုတ်ပယ်ခြင်းမှာ စက်တင်ဘာလ ၂၇ ရက်မှ၂၉ရက်‌နေ့အထိ ပြုလုပ်ပြီးစီးခဲ့‌သော ‌ကေအဲန်ယူဗဟို အလုပ်အမှု‌ဆောင် အစည်းအ‌ဝေး၏ ဆုံးဖြတ်ချက်အရဖြစ်‌ကြောင်း ‌ကေအဲန် ယူ ဗဟို‌ကော်မတီဝင်တစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူက “ပြီးခဲ့တဲ့လကုန်ပိုင်း ဗဟိုအလုပ်အမှု‌ဆောင် အစည်းအ‌ဝေး ဆုံးဖြတ်ချက်‌တွေထဲမှာ ဒီ‌ခေါင်း‌ဆောင် ၃ဦးကို ထုတ်ပယ်တယ်ဆိုတာ တစ်ချက်ပါတယ်။ အ‌ကြောင်းက သူတို့(‌ခေါင်း‌ဆောင် ၃ဦး)ဟာ ဗဟိုကို အသိ‌ပေး လုပ်‌ဆောင်မှုမရှိတာ၊ အဖွဲ့အစည်းရဲ့ မူအတိုင်း မလိုက်နာမှု အကြိမ်ကြိမ် ရှိခဲ့တာ‌တွေအ‌ပေါ် အရင်းခံပါတယ်”ဟု ဆိုသည်။

သို့‌သော် ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ ဆုံးဖြတ်ချက်ကို ‌ကေအဲန်ယူ၏ တွဲဖက် အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေမှ လက်မှတ်‌ရေးထိုး ထားသည့်အ‌ပေါ် ‌ကေအိုင်စီမှ‌မေးမြန်းရာ “တကယ်‌တော့ အစည်းအ‌ဝေးမှာ ဆုံးဖြတ်ချက်ကျပြီးတာနဲ့ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးက ခရီး ထွက်ရတာပဲ။ ဒါ‌ပေမဲ့ ဆုံးဖြတ်ချက်‌တွေကို စာရွက်စာတမ်းနဲ့ အ‌သေအချာ ပြန်လုပ်ရ‌သေးတဲ့အ‌ပေါ် အတွင်း‌ရေးမှူးချုပ်က သူ့ကိုယ်စား လက်မှတ်ထိုး‌ပေးဖို့ သ‌ဘောတူထားမှု‌ကြောင့် တွဲဖက်(၁)ကို တာဝန်ခံ‌ပေးလိုက်ရတဲ့သ‌ဘောပါ”ဟု ၎င်းဗဟို‌ကော်မတီဝင်က ‌ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌နော်စီဖိုးရာစိန်နှင့် တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေကို ဆက်သွယ်မှု မရရှိခဲ့ ‌သော်လည်း အမည်မ‌ဖော်လိုသူ ဗဟိုအလုပ်အမှု‌ဆောင်တစ်ဦးက ၎င်းတို့၏ အစည်းအ‌ဝေး ဆုံးဖြတ်ချက်မှာ ဗဟိုအလုပ်အမှု‌ဆောင်များ ကိုသာ ‌ပေးပို့ခြင်းဖြစ်သလို ယခုလို ထုတ်ပယ်လိုက်သည့် ဆုံးဖြတ်ချက်မှာ ဟုတ်မှန်‌ကြောင်း ယမန်‌နေ့က ‌ကေအိုင်စီသို့ အတည်ပြု ‌ပြော ဆိုခဲ့သည်။

ထုတ်ပယ်ခံရသူများမှာ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ ဗဟိုတရား‌ရေးဌာနတာဝန်ခံ ပဒို‌စော‌ဒေးဗစ်‌ထော၊ ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန တာဝန်ခံ ပဒို‌စော‌ရောဂျာခင်တို့ဖြစ်ကြပြီး လာမည့် ကွန်ဂရက်မတိုင်ခင်အတွင်း ၎င်းတို့၏ လစ်လပ်သွားသည့်‌နေရာ တွင် လက်ရှိ KNLA တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်‌ဘော‌ကျော်ဟဲ၊ တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒို‌စော‌ဒေါ့‌လေးမူနှင့် ပဒို‌စောအဲ့ကလူ‌ရွှေဦးတို့ ကို ယာယီ အစားထိုးထား‌ကြောင်း အစည်းအ‌ဝေး ဆုံးဖြတ်ချက်တွင် ပါရှိသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သည့် ၎င်း‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ အစည်းအ‌ဝေးမှာ ၁၅ကြိမ်‌မြောက် ကွန်ဂရက်မတိုင် မှီ ‌နောက်ဆုံးပြုလုပ်ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၁ဦးအနက် ခရီးလွန်‌နေသူ ဒုဥက္ကဌ အပါအဝင် ၈ဦး၏ သ‌ဘောထားများ ပါဝင်ခဲ့ရာ ထိုဆုံးဖြတ် ချက်များထဲတွင် ဖားအံ ဆက်ဆံ‌ရေးရုံး ဖွင့်လှစ်ခြင်းအ‌ပေါ် ‌ကေအဲန်ယူ ဗဟိုဌာနချုပ်၏ သ‌ဘောထားကို အများသိ‌အောင် ထုတ်ပြန်‌ကြေ ညာခြင်း၊ ‌ကေအဲန်ယူ၏ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြန်လည်သုံးသပ်ခြင်းများအပြင် ‌ဖော်ပြပါ‌ခေါင်း‌ဆောင်များကို ထုတ်ပယ်ခြင်း၊ ယာယီ အစားထိုးခြင်း စသည်တို့ဖြစ်သည်ဟု သိရသည်။

စက်တင်ဘာလ ၂၉ရက်‌နေ့က ဖားအံမြို့တွင် KNLA တပ်မဟာများ ဆက်ဆံ‌ရေးရုံးဖွင့်လှစ်ပြီး‌နောက် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးနှင့် ပဒို‌ဒေး ဗစ်‌ထောတို့မှာ ရန်ကုန်ရှိ Peace Center သို့ သွား‌ရောက်ခဲ့ပြီး စစ်ဦးစီးချုပ်အ‌နေဖြင့် ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည်‌ရောက်ရှိလာပါက ‌ခေါင်း‌ဆောင်များအကြားရှိ ပြဿနာများကို ညှိနှိုင်း‌ပြောဆို လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ၎င်းနှင့်‌တွေ့ဆုံခဲ့သည့် ရန်ကုန်မြို့ရှိ ကရင် အမျိုးသမီးတစ်ဦးက ‌ပြောသည်။

ကရင်ပြည်နယ်အ‌ခြေစိုက် တပ်မ(၇၇)မှ စစ်ဖက်ဆိုင်ရာ အရာရှိများကလည်း ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်အတွင်း ဖြစ်ပွား‌နေသည့် ကိစ္စများ နှင့် ပတ်သက်၍ စုံစမ်းမှုများ လုပ်‌ဆောင်‌နေသလို ရန်ကုန်အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ(Karen People Party-KPP)မှလည်း ၎င်းတို့၏ သ‌ဘောထားကို ယမန်‌နေ့(စက်တင်ဘာ ၄ရက်)က ‌ကေအဲန်ယူထံ အသိ‌ပေးစာ ပို့ခဲ့သည်။

KPP ‌ပေးစာတွင် “လက်ရှိအချိန်ဟာ ကျွန်ုပ်တို့ ကရင်အမျိုးသားများ စည်းလုံးညီညွှတ်‌ရေးအတွက် အ‌ရေးကြီးတဲ့အချိန်ဖြစ်တယ်။ ယခင် ဘိုးဘွားများ၏ စကားပုံတခုအရ “ပဟူးပဖို၊ ပဖိုပဖို့” စည်းလုံးမှ ညီညွှတ်မှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ စိတ်ဝမ်းကွဲပြီး “ချုံတချုံ သမင်တစ် ‌ကောင်”လိုမျိုး ‌နေမယ်ဆိုရင် ပျက်စီးတဲ့ဘက်ကို ‌ရောက်မှာ‌သေချာတယ်။ ဒါ‌ကြောင့် ငြိမ်းချမ်း‌ရေးရရှိဖို့ ဝိုင်းဝန်းကြိုးပမ်း‌နေစဉ်အတွင်း ကျွန်ုပ်တို့ ကရင်အမျိုးသားအားလုံး ချစ်ခြင်း‌မေတ္တာ၊ စည်းလုံးညီညွှတ်မှုနှင့် စိတ်တူကိုယ်တူဖြစ်‌ရေးအ‌ပေါ် အ‌ခြေခံပြီး ငြိမ်းချမ်း‌ရေး ‌ပေါ် ထွန်းလာ‌စေရန်အတွက် ဝိုင်းဝန်းပြီး နည်းလမ်းရှာ‌ဖွေကြဖို့ KPP နဲ့ ရန်ကုန်မြို့ရှိ ကရင်အမျိုးသားများက ‌မျှော်လင့်‌ကြောင်း” ပါရှိသည်။

လက်ရှိ ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များ၏ အ‌ခြေအ‌နေနှင့် ပတ်သက်၍ တပ်မဟာ၊ ခရိုင်၊ မြို့နယ်အဆင့်ရှိ ‌ခေါင်း‌ဆောင်အချို့က ယင်းသို့ ထုတ်ပယ်သည့် ဆုံးဖြတ်ချက်မှာ မူအရဖြစ်‌သော်လည်း ပြင်းထန်လွန်း‌ကြောင်းနှင့် မျက်နှာချင်းဆိုင် ညှိနှိုင်း‌ပြောဆိုမှုကို အချိန်အနည်းငယ် ယူကာ လုပ်‌ဆောင်ရင်း ‌ဖြေရှင်းသင့်‌ကြောင်း ‌ပြောဆိုမှုများ ရှိသည်။

ကွန်ဂရက်(ညီလာခံ)ကို ‌လေးနှစ်တစ်ကြိမ် ကျင်းပ‌လေ့ရှိသည့် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)သည် ယခုလ ဒုတိယပတ်တွင် ‌လေးနှစ်တာ အမြဲတမ်း ဗဟို‌ကော်မတီ အစည်းအ‌ဝေးကို ပြုလုပ်သွားမည်ဖြစ်ပြီး ထိုမှတဆင့် ၁၅ကြိမ်‌မြောက် ကွန်ဂရက်ကိုပါ တစ်ဆက် တည်း ကျင်းပပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

‌ကေအဲန်ယူသည် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက်မှ ၁၅ရက်‌နေ့အထိတစ်ကြိမ်။ ဧပြီလ ၄ရက်မှ ၁၁ရက်‌နေ့အထိတစ်ကြိမ်၊ စက်တင်ဘာ လ ၃ရက်နှင့် ၄ရက်‌နေ့များတွင်တစ်ကြိမ် သုံးကြိမ်တိုင်တိုင် မြန်မာအစိုးရ၏ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ကိုယ်စားလှယ်များနှင့် ပြည်နယ် အဆင့်၊ ပြည်‌ထောင်စုအဆင့် အပစ်အခတ်ရပ်စဲ‌ရေးကို ‌ဆွေး‌နွေးကာ လက်မှတ်‌ရေးထိုး သ‌ဘောတူညီချက်များထဲတွင် နှစ်ဖက် အပြန်အ လှန် ဆက်သွယ်နိုင်ရန်အတွက် ‌ကေအဲန်ယူအ‌နေဖြင့် ဆက်ဆံ‌ရေးရုံးများ ဖွင့်လှစ်သွားမည်ဟူ၍လည်း ပါရှိသည်။

အလားတူ စက်တင်ဘာလ ၂၇ရက်‌နေ့က ထုတ်ပြန်သည့် ‌ကေအဲန်ယူ ဗဟိုဌာနချုပ်၏ ‌ကြေညာချက်အဆုံးတွင် နိုင်ငံ‌ရေးပြဿနာများကို နိုင်ငံ‌ရေးနည်းဖြင့် ‌ဖြေရှင်းပြီး စစ်မှန်‌သော ငြိမ်းချမ်း‌ရေးရရှိရန် ခိုင်မာစွာ ဆုံးဖြတ်ထားသည့်အတွက် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး အစီအစဉ်များ ကို တဆင့်ပြီးတဆင့် လုပ်‌ဆောင်သွားရန် ချမှတ်ထားပြီးဖြစ်သည်ဟု ‌ဖော်ပြထားသည်။