Home သတင်း ကရင်တိုင်းရင်းသားတို့၏ စည်းလုံးမှုကို မဖြိုခွဲသင့်ဟု ဥ‌ရောပ‌ရောက် ကရင်ကွန်ယက်‌ပြောဆို

ကရင်တိုင်းရင်းသားတို့၏ စည်းလုံးမှုကို မဖြိုခွဲသင့်ဟု ဥ‌ရောပ‌ရောက် ကရင်ကွန်ယက်‌ပြောဆို

1890
‌အောက်တိုဘာလ ၅ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာအစိုးရနှင့် ‌ထောက်ပံ့ကူညီ‌ပေး‌နေ‌သော အဖွဲ့အစည်းများသည် ကရင်တိုင်းရင်းသားတို့၏ စည်းလုံးညီညွှတ်‌ရေးကို မဖြိုခွဲ သင့်‌ကြောင်း ဥ‌ရောပ‌ရောက်ကရင် ကွန်ယက်-EKN မှ ယမန်‌နေ့က ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုက ၎င်း၏ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ၃ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ ဗဟို တရား‌ရေးဌာန တာဝန်ခံ ပဒို‌ဒေးဗစ်‌ထော၊ ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန တာဝန်ခံ ပဒို‌ရောဂျာခင်တို့ကို အဖွဲ့အစည်းမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ‌ဖောက်ဖျက်မှုဖြင့်ဟူ၍ တာဝန်ရပ်စဲ‌ကြောင်း သတင်းထွက်‌ပေါ်ပြီး‌နောက် EKN မှ ယင်းသို့ ‌ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

EKN ၏ ‌ပြောခွင့်ရပုဂ္ဂိုလ် ‌နော်‌ဝေးနိုင်ငံ‌ရောက် ပဒို‌စော‌ဇော်‌နောင်က “မြန်မာအစိုးရဟာ KNU နဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ လုပ်‌ဆောင် တဲ့‌နေရာမှာ မရိုးသားဘူး။ ‌နောက်တချက်က နိုင်ငံခြားက‌ပေးတဲ့ အကူအညီဟာ ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ ကျ‌နော်တို့ အဖွဲ့အ စည်း(KNU)ကို ရှုတ်‌ထွေး‌အောင် ဖြစ်‌ပေါ်‌စေတယ်ဆိုတာ ‌ထောက်ပြချင်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့်ပတ်သက်၍ ယခုနှစ် ဇန်နဝါရီလက KNU နှင့် အစိုးရတို့၏ သ‌ဘောတူညီချက် ၁၁ချက်နှင့်အညီ အစိုးရ သည် KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်စီဖိုးရာစိန် ဦး‌ဆောင်သည့် ဗဟိုအဖွဲ့ကို စနစ်တကျ ‌တွေ့ဆုံ‌ဆွေး‌နွေးသကဲ့သို့ တစ်ဖက်၌လည်း ဗဟိုဌာနချုပ်သို့ သတင်းမ‌ပေးဘဲ ၎င်းတို့နှင့် သွား‌ရောက်‌တွေ့ဆုံသည့် KNU စစ်ဖက်‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးကို ‌တွေ့ဆုံခြင်းမှာ ခွဲထုတ်သည့်သ‌ဘော‌ဆောင်‌ကြောင်း သူက ဆက်‌ပြောသည်။

ဆက်လက်၍ မြန်မာအစိုးရအ‌နေဖြင့် ကရင်လူမျိုးများနှင့် နိုင်ငံတကာသို့ စစ်မှန်‌သော ငြိမ်းချမ်း‌ရေးနှင့် ‌ဆွေး‌နွေးပွဲများကို အလိုရှိ သည်ဟု ‌ဖေါ်ပြလိုပါက ယခင်ကျင့်သုံးခဲ့သည့် ‌သွေးခွဲအုပ်ချုပ်‌သော နည်းဗျူဟာ‌ဟောင်းကြီးကို ရပ်တန့်ကာ ဖားအံ၌ ဖွင့်လှစ်ခဲ့ သည့် တရားမဝင် ဆက်ဆံ‌ရေးရုံးဖွင့်‌နေခြင်းကို တားမြစ်သင့်သည်ဟု EKN ‌ကြေညာချက်တွင် ပါရှိသည်။

မြန်မာပြည်တွင်းသို့ ဝင်‌ရောက်ကူညီ‌ပေး‌နေသည့် အဖွဲ့အစည်းများမှာ KNU အား အသိ‌ပေးအ‌ကြောင်းမှုများနှင့် ပတ်သက်၍ ပွင့် လင်းမြင်သာမှု မရှိ‌ကြောင်းနှင့် လက်ရှိ အစိုးရ၏ လုပ်‌ဆောင်ချက်များသည် ဒီမိုက‌ရေစီဘက်သို့ ဦးလှည့်‌နေသည်ဟုဆို‌သော် လည်း ကရင်‌ဒေသတွင် သိသာထင်ရှားသည့် ‌ပြောင်းလဲမှုများ မ‌တွေ့ရ‌ကြောင်း ပဒို‌စော‌ဇော်‌နောင်က ဆိုသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် ကူညီ‌ပေး‌နေသည့် Myanmar Peace Support Initiative ၏ လုပ်‌ဆောင်ချက်သည် ကရင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တိုင်ပင်အကြံ‌ပေးမှုများ ရယူမှုမရှိခြင်းတို့‌ကြောင့် သံသယစိတ်များပို၍ ကြီးထွား‌စေပြီး ‌ထောက်ပံ့သင့်သည့်အရာများကို မပြုလုပ်ဘဲ ဖားအံဆက်ဆံ‌ရေးရုံးခန်း ဖွင့်လှစ်ခြင်းအတွက် ‌ထောက်ပံ့ကူညီ‌နေခြင်းသည် KNU ၏ စစ်မှန်‌သော ငြိမ်းချမ်း‌ရေး ‌ဖေါ်‌ဆောင်မှုလုပ်ငန်းစဉ်အတွက် အဟန့်အတားဖြစ်နိုင်သည်ဟုလည်း EKN ‌ကြေညာချက်၌ ‌ဖော် ပြထားသည်။

ထို့အပြင် ၂၀၀၄ခုနှစ် စစ်အစိုးရလက်ထက်ကလည်း KNU နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုတွင် အ‌ပေါ်‌အောက် ခွဲခြားဖဲ့ထုတ်စည်းရုံးမှုများ ပြုလုပ်ကာ ‌နောက်ဆုံးတွင် တပ်မဟာ(၇)မှူး‌ဟောင်း ဗိုလ်မှူးချုပ်‌စောထင်‌မောင် မိခင်အဖွဲ့အစည်းမှ ခွဲထုတ်သွားသည့် သာဓကရှိ ခဲ့ပြီး ယခုလည်း အလားတူ ပုံစံမျိုး‌တွေ့ရ‌ကြောင်း ပဒို‌စော‌ဇော်‌နောင်က ဖြည့်စွက်‌ပြောဆိုသည်။

EKN က ၎င်းတို့၏ ‌ကြေညာချက်နိဂုံးတွင် ကရင်လူမျိုးများ ရင်ဆိုင်ကြုံ‌တွေ့‌နေရသည့် မြန်မာအစိုးရ၏ ‌သွေးခွဲသပ်သျှို ‌ချေမွဖျက် ဆီးခြင်း၊ ယဉ်‌ကျေးမှုနှင့် လူမျိုးတုံး‌စေခြင်း စသည့်အဖြစ်များကို အမြဲသတိရှိကြရန် လိုအပ်ပြီး KNU ၏ စစ်မှန်‌သော ငြိမ်းချမ်း‌ရေး အတွက် ကြိုးပမ်းအားထုတ်မှုများကို ဆက်လက် ‌ထောက်ခံအား‌ပေးသွားမည်ဟု ထည့်သွင်းထားသည်။

ဥ‌ရောပ‌ရောက် ကရင်ကွန်ယက်-EKN ကို ဒိန်းမတ်၊ ဆွီဒင်၊ ‌နော်‌ဝေးနှင့် အဂင်္လန်နိုင်ငံ‌ရောက် ကရင်အသင်းအဖွဲ့များ စု‌ပေါင်း၍ ဖွဲ့စည်းထားသည့် ကွန်ယက်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။