Home သတင်း ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးဦး‌ဆောင်မည့် သတင်းစာရှင်းလင်းပွဲ မြဝတီတွင် ပြုလုပ်မည်

ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးဦး‌ဆောင်မည့် သတင်းစာရှင်းလင်းပွဲ မြဝတီတွင် ပြုလုပ်မည်

1796
‌အောက်တိုဘာလ ၁ဝရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ ဗဟိုဌာနချုပ်၏ ဆုံးဖြတ်ချက်ဖြင့် တာဝန်မှ ရပ်စဲခံထားရသည့် ထိပ်ပိုင်း ‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးက ‌အောက်တိုဘာလ ၁၃ရက်‌နေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ KNU ဆက်ဆံ‌ရေးရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

တာဝန်မှ ရပ်စဲခံထားရသည့် ‌ခေါင်း‌ဆောင်များနှင့် ‌ကေအဲန်ယူ ခရိုင်နှင့် တပ်မဟာ‌ခေါင်း‌ဆောင်အချို့က အဖွဲ့အတွင်း ညီညွှတ်‌ရေး ပြန်လည်ရရှိရန် ရည်ရွယ်၍ ထိုင်း-မြန်မာနယ်စပ်တွင် ယမန်‌နေ့က ‌တွေ့ဆုံ‌ဆွေး‌နွေးကြပြီး‌နောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ယင်းသို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

‌ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးက “အဓိက ဒီသတင်းစာရှင်းလင်းပွဲမှာ ဖူးမူတူး‌စေးဖိုး (‌ကေ အဲန်ယူ စစ်ဦးစီးချုပ်)က လက်ရှိ ‌ကေအဲန်ယူအတွင်း သ‌ဘောထားကွဲလွဲတယ်လို့ သတင်းထွက်တာနဲ့ ပတ်သက်ပြီး အ‌ခြေအ‌နေ ဆိုးဆိုးဝါးဝါးမဖြစ်‌အောင် ညီညွှတ်မှုကို ဆက်ထိန်းထားဖို့ ရှင်းပြသွားမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌ကေအဲန်ယူအတွင်း ‌ခေါင်း‌ဆောင်များအချင်းချင်းကြား အစည်းအ‌ဝေးများ ဆက်လက် ကျင်းပပြီး တဆင့်ပြီး တဆင့် ‌ဆွေး‌နွေးညှိနှိုင်းမှုများပြုလုပ်ကာ ညီညွှတ်မှုကို ‌ရှေးရှု၍ မကြာမီ ပြုလုပ်ကျင်းပ‌တော့မည့် ‌ကေအဲန်ယူ၏ ၁၅ ကြိမ် ညီလာခံကြီးသို့ အားလုံး တက်‌ရောက်သွားရန် ရှိသည်ဟု သူက ဆက်‌ပြောသည်။

ယခု ပြုလုပ်မည့် ၎င်းသတင်းစာရှင်းလင်းပွဲကို တာဝန်မှ ရပ်စဲခံရသူ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -‌ကေအဲန်အယ်လ်‌အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန တာဝန်ခံ ပဒို ‌စော‌ရောဂျာခင်တို့ တက်‌ရောက်မည်ဖြစ်‌သော်လည်း ဗဟိုတရား‌ရေးဌာနတာဝန်ခံ ပဒို‌စော‌ဒေးဗစ်‌ထော တက်‌ရောက် နိုင်ခြင်း ရှိမရှိကိုမူ မသိရ‌သေးပါ။

၎င်းသတင်းစာရှင်းလင်းပွဲတွင် ‌ပြော‌ရေးဆိုခွင့်ရှိသူများမှာ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးနှင့် ‌ကေအဲန်ယူ အရံ ဗဟို‌ကော်မ တီဝင် ပဒိုမန်းငြိမ်း‌မောင်တို့ ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် သတင်း‌ထောက်များ၊ မြန်မာပြည်တွင်းရှိ သတင်း‌ထောက်များ အပါအဝင် သတင်းစာရှင်းလင်းပွဲသို့ တက်‌ရောက်သတင်းယူသူအားလုံးကို လက်ခံကြိုဆိုသည်ဟု ပဒို‌စော‌အောင်‌မော်‌အေးက ‌ပြောသည်။
စက်တင်ဘာလ ၂၇ရက်‌နေ့က ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးဦးစီးကာ ‌ကေအဲန်ယူ ခရိုင်၊ တပ်မဟာ ‌ခေါင်း‌ဆောင်အချို့ ပါဝင်သည့် ၃၁ဦးပါအဖွဲ့သည် ကရင်ပြည်နယ်၊ ဖားအံမြို့သို့ KNLA ဆက်ဆံ‌ရေးဖွင့်ရန် ထွက်ခွာသွားသည့် ခရီးစဉ် နှင့် ပတ်သက်၍ KNU ဗဟိုဌာနချုပ်မှ တစုံတရာ မသိရှိ‌ကြောင်း ‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့‌နောက် KNU ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ၁၁ဦးအနက် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ ပဒို‌စော‌ရောဂျာခင်နှင့် ပဒို ‌စော‌ဒေးဗစ်‌ထော ၃ဦးတို့ကို စက်တင်ဘာလ ၂၇ရက်မှ ၂၉ရက်‌နေ့အထိ ပြုလုပ်ခဲ့‌သော ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု ‌ဆောင် အစည်းအ‌ဝေး၏ ဆုံးဖြတ်ချက်အရ တာဝန်မှ ရပ်စဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။