Home သတင်း တိုက်ပွဲ‌ကြောင့် နယ်စပ်ဖြတ်‌ကျော်မှု ဒီ‌ကေဘီ‌အေ ပိတ်ပင်

တိုက်ပွဲ‌ကြောင့် နယ်စပ်ဖြတ်‌ကျော်မှု ဒီ‌ကေဘီ‌အေ ပိတ်ပင်

1204
ဒီဇင်ဘာလ ၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

‌ကေအဲန်ယူ တပ်မဟာ (၇)နယ်‌မြေတွင် ယမန်‌နေ့က တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ ‌တော်(ဒီ‌ကေဘီ‌အေ)နှင့် ‌ကေအဲန်အယ်လ်‌အေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား‌သော‌ကြောင့် ယ‌နေ့မနက်ပိုင်းတွင် ဒီ‌ကေဘီ‌အေဘက်က နယ်စပ်ဖြတ်‌ကျော်မှုကို ပိတ်ပစ်လိုက်သည်ဟု သိရသည်။

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) တပ်ရင်း(၂၂)ဒုရင်းမှူး ဗိုလ်မှူး ‌စောဒီ့ကွယ်က “မ‌နေ့က ည‌နေ ၃နာရီအချိန်မှာ သူတို့ (ဒီ‌ကေဘီ‌အေ)‌တွေ မဲ့ကရဲနှင့် က‌လေ့ဖိုးကလိုး စပ် ကြားမှာ ကျ‌နော်တို့လူနဲ့ ၁ဝမိနစ်‌လောက် အပြန်အလှန် ပစ်ခတ်ကြတယ်။ သူတို့ဆီက ‌သေနတ် ၁လက်၊ မက္ကစင်း ၂ခုနဲ့ ဓာတ်ဆားရည် တပုလင်း ကျ‌နော်တို့ ရလိုက်တယ်။ အဲသလို ဖြစ်ခဲ့တဲ့‌နောက်မှာ ကမ်းနား မှာရှိတဲ့ သူတို့လူ‌တွေက တိုက်ပွဲဖြစ်တဲ့‌နေရာကို လိုက်လာတဲ့အချိန်မှာ မိုင်းဗုံးနဲ့ တ‌ယောက်ထိပြန်တယ်။ ပြီး‌တော့ ဒီမနက်က‌နေစပြီး နယ်စပ်မှာဆို ဒီ‌ကေဘီ‌အေက ရွာသား‌တွေကို ဖြတ်သွားခွင့် မ‌ပေး‌တော့ဘူး” ဟု ‌ပြောသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉) တပ်ရင်း (၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌စောလိုက်သိမ့်က နယ်စပ်ဖြတ် ‌ကျော်ခြင်းကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည့်အ‌ပေါ် ထိုင်းဘက်ခြမ်းရှိ နိုဘိုး‌ကျေးရွာမှ ရွာသူရွာ သားများမှာ မ‌ကျေမနပ်ဖြစ်ကြရသည်ဟု ရွာသူတဦးက ယခုလို ‌ပြောသည်။

သူမက “သူတို့ အချင်းချင်း ပစ်ခတ်ကြပြီး‌တော့ မဆီမဆိုင် ကျမတို့ ရွာသူရွာသား‌တွေ သွားတဲ့လမ်းကို ပိတ်ပစ်တယ်။ ကျမက‌တော့ နားမလည်နိုင်‌တော့ဘူး။ ရွာသား‌တွေနဲ့ ဘာဆိုင်လို့လဲ၊ အခု ကျမတို့ရဲ့ နှမ်း ခင်း‌တွေလည်း ဒီအတိုင်းပဲ ထားလိုက်ရတယ်။ သွားရှင်းဖို့လည်း ခွင့်မပြု၊ ဘာဆက်လုပ်‌တော့မှာလဲ။ ဘယ်အချိန်အထိ ပိတ်ထားမယ်ဆိုတာလည်း မ‌ပြောဘူး”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယင်းသို့ နယ်စပ်လမ်း ပိတ်ထားသည့်ကိစ္စနှင့်ပတ်သက်၍ ဒီ‌ကေဘီ‌အေ တပ်မဟာ ၉၉၉၊ တပ်ရင်း(၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စောလိုက်သိမ့်အား ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာ “ဒီကိစ္စ မပြီးပြတ် ‌သေးတဲ့အတွက် ကျ‌နော် ‌ပြောလို့မရ‌သေးဘူး။ ရှင်းပြီးမှ ‌ပြောမယ်”ဟု ပြန်လည်‌ဖြေကြားခဲ့သည်။

ကရင်ပြည်နယ် တပ်မဟာ (၇) ‌နေရာများအတွင်း စစ်‌ရေးလှုပ်ရှား‌နေသည့် ဒှီ‌ကေဘီစစ်သားများ
ကရင်ပြည်နယ် တပ်မဟာ (၇) ‌နေရာများအတွင်း စစ်‌ရေးလှုပ်ရှား‌နေသည့် ဒှီ‌ကေဘီစစ်သားများ

ယခု တိုက်ပွဲဖြစ်ပွားရာ ‌နေရာတွင် ပြီးခဲ့သည့် ‌အောက်တိုဘာလ ၈ရက်‌နေ့ကလည်း ဒီ‌ကေဘီ‌အေမှ ထိုင်းဘက်ခြမ်းရှိ ရွာသားများ သွားရာလမ်းတွင် ‌မြေမြှုပ်မိုင်းများ ‌ထောင်ထားခဲ့‌သော‌ကြောင့် ထိုင်းနယ် ခြား‌စောင့်တပ်ဖွဲ့နှင့် တင်းမာမှု ဖြစ်ပွားခဲ့ရာ နှစ်ဘက်စလုံးမှ နယ်စပ်ဖြတ်‌ကျော်ခွင့်ကို နှစ်ရက်ကြာ ပိတ် ပင်ခဲ့‌သေးသည်။

ထို‌နေရာတဝိုက်တွင် ထိုင်းရွာသားများက မြန်မာဘက်ခြမ်းသို့ကူး၍ လယ်ယာ၊ ‌တောင်ယာ၊ သီးနှံစိုက်ပျိုး ‌ရေးနှင့် ‌မွေးမြူ‌ရေးလုပ်ငန်းများကို ‌နေ့ချင်းပြန် သွား‌ရောက်လုပ်ကိုင်ကြသည်။