Home သတင်း ကရင်ပြည်၏ ပထမဦးဆုံး ထဘာ‌ကော် ခရီးသွားလာ‌ရေး ကုမ္ပဏီဖွင့်လှစ်

ကရင်ပြည်၏ ပထမဦးဆုံး ထဘာ‌ကော် ခရီးသွားလာ‌ရေး ကုမ္ပဏီဖွင့်လှစ်

1949
‌အောက်တိုဘာလ ၁၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ရတနာဒီပအမှတ်(၉)ရပ်ကွက်၊ ကားကွင်းကြီးအနီးတွင် ကရင်ပြည်နယ်၏ ပထမဦးဆုံး‌သော “ထဘာ‌ကော်”ခရီးသွားလာ‌ရေး ကုမ္ပဏီလီမိတက်ကို ယမန်‌နေ့က စတင်ဖွင့်လှစ်ခဲ့သည်။

ကရင်ပြည်နယ်အတွင်းရှိ ‌ရှေး‌ဟောင်းပစ္စည်းများ၊ ယဉ်‌ကျေးမှုအ‌မွေအနှစ်များ၊ ‌တော‌တောင်သဘာဝအလှများကို ပြည်တွင်း နှင့် နိုင်ငံတကာမှ လာ‌ရောက်ကြည့်ရှုပြီး နိုင်ငံခြားဝင်‌ငွေရရှိရန်နှင့် နိုင်ငံရပ်ခြားသို့ သွားချင်သည့် ကရင်လူမျိုးများ အလွယ် တကူသွားလာနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်လိုက်ရခြင်း ဖြစ်‌ကြောင်း ထဘ‌ကော် ကုမ္ပဏီလီမိတက်၏ အကြံ‌ပေး ပုဂ္ဂိုလ် ‌နော်ယုဇနဝါက ‌ပြောသည်။

‌နော်ယုဇနဝါက “ကျမတို့ ပြည်နယ်ထဲမှာလည်း နိုင်ငံခြားသား‌တွေ လာ‌ရောက်ကြည့်ရှုလို့ရတဲ့ သဘာဝအလှတရား‌တွေ အများကြီးရှိတယ်။ ‌နောင်လာမယ့် မျိုးဆက်သစ်‌တွေအ‌နေနဲ့လည်း ဒီလုပ်ငန်း‌တွေကို စိတ်ဝင်စားမှုရှိလာ‌အောင် ကျမတို့ က ရင်‌တွေအ‌နေနဲ့ ဟိုတယ်နဲ့ခရီးသွားလာ‌ရေးလုပ်ငန်းကို ပထမဆုံး‌ခြေလှမ်းစလိုက်တဲ့ သ‌ဘောပါ”ဟု ‌ပြောသည်။

ထဘာ‌ကော် ကုမ္ပဏီဖွင့်ပွဲအခမ်းအနားကို ယမန်‌နေ့ နံနက် ၈နာရီအချိန်တွင် ကရင်က‌လေးငယ်‌လေးများက ဖဲကြိုးဖြတ်ဖွင့် လှစ်‌ပေးခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များနှင့် ပတ်သက်၍ ရှင်းပြခဲ့ကြကာ အခမ်းအနားသို့ စီးပွား‌ရေးလုပ်ငန်းရှင်များ ကရင်မိတ်‌ဆွေအသိုင်းအဝိုင်းနှင့် ဘားအံမြို့ရှိ ဟိုတယ်နှင့် ခရီးသွားလာ‌ရေးလုပ်ငန်းများ အရာရှိများ တက်‌ရောက်ခဲ့ ‌ကြောင်း အခမ်းအနားတက်‌ရောက်ခဲ့သူ တစ်ဦးက ‌ပြောသည်။

ပိုးကရင်ဘာသာစကားအရ ကုမ္ပဏီ၏ “ထဘာ‌ကော်”ဟူသည့်အမည်သည် မြန်မာဘာသာအရ ကမ္ဘာကြီးကို ထိန်းသိမ်းပါ ဟူသည့် အဓိပ္ပါယ်ရပြီး အဂင်္လိပ်ဘာသာမှာ (Save the World)ဖြစ်သည်။

ယင်းကုမ္ပဏီလီမိတက်တွင် မန်း‌နေဂျင်းဒါရိုက်တာအဖြစ် ‌နော်ယုဇနဝင်း၊ အဖွဲ့ဝင်များဖြစ်သည့် နန်း‌အေး‌အေးသွယ်နှင့် ‌ဒေါက်တာ‌စောစိုးနိုင်အပြင် အမည်မ‌ဖော်လိုသည့် ရှယ်ယာဝင်နှစ်ဦး၊ စုစု‌ပေါင်း ကရင်ရှယ်ယာဝင် ၅ဦးတို့ စု‌ပေါင်း လုပ် ‌ဆောင်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ခရီးသွားလာ‌ရေးလုပ်ငန်း အစပိုင်းအ‌နေဖြင့် ပြည်တွင်းတွင် ကရင်ပြည်နယ်နှင့် တနသင်္ာရီတိုင်းတို့ဖြစ်ပြီး ပြည်ပ ခရီးစဉ်အဖြစ် အာရှနိုင်ငံများနှင့် ဥ‌ရောပနိုင်ငံများသို့ ပို့‌ဆောင်ရန် ရည်ရွယ်ထား‌ကြောင်းနှင့် ခရီးသွားလာ‌ရေးအတွက် ‌လော‌လောဆယ်တွင် ပုဂ္ဂလိက ကားများကိုသာ ငှားရမ်းသုံးစွဲသွားမည်‌ကြောင်း သိရသည်။

တဆက်တည်းမှာပင် ဧည့်လမ်းညွှန်အ‌နေဖြင့်လည်း ဘားအံ‌ဒေသခံလူငယ်များကို ဦးစား‌ပေးငှားရမ်းသွားပြီး ရန်ကုန်မှ ဧည့်သည်လမ်းညွှန်များကိုလည်း ငှားရမ်းသွားမည်ဖြစ်သကဲ့သို့ ၎င်းတို့၏ ခရီးသွားကုမ္ပဏီလီမိတက်နှင့် ပူး‌ပေါင်း လုပ်‌ဆောင်လိုပါကလည်း လာ‌ရောက်ဆက်သွယ်နိုင်‌ကြောင်းလည်း ‌နော်ယုဇနဝါက ‌ပြောသည်။

“‌ဒေသခံလမ်းပြ‌တွေနဲ့ပဲအလုပ်ဖြစ်‌အောင် ‌ကျောင်းပြီးတဲ့လူ‌တွေ အ‌ယောက် ၂၀‌လောက်ကို သင်တန်း‌ပေးထားတာ မ‌နေ့ ကပဲ သူတို့သင်တန်းဆင်းပြီးသွားတယ်။လုပ်ငန်းပိုင်းအ‌နေနဲ့က‌တော့ ခရီးစဉ်‌တွေက သုံးရက်ဆိုဘယ်‌လောက်၊ ၅ရက်ဆိုရင် ဘယ်‌လောက်‌ပေါ့‌နော်၊အဓိက‌တော့ ခရီးစဉ်‌တွေကို ‌ရောင်းသွားမှာပါ”ဟု ‌ပြောသည်။

ထဘာ‌ကော် ခရီးသွားလုပ်ငန်းသည် ပထမဦးခရီးစဉ်အဖြစ် လာမည့် နိုဝင်ဘာလထဲတွင် အိန္ဒိယနိုင်ငံသို့ ဗုဒ္ဓဂါယာ ဘုရား ဖူးခရီးစဉ်အဖြစ် စတင်ပို့‌ဆောင်‌ပေး‌တော့မည်ကို ကြားသိရ‌ကြောင်း ဘားအံ‌ဒေသခံတစ်ဦးက ‌ပြောပြသည်။

‌ရှေ့ဆက်လုပ်ငန်းစဉ်များအ‌နေဖြင့် ကရင်ပြည်နယ်ထဲတွင် ဟိုတယ်ကဲ့သို့ တည်းခိုနိုင်သည့် ရိုးရာအိမ်ငယ်‌လေးများ တည် ‌ဆောက်ပြီး ခရီးသည်များငှားရမ်း‌နေထိုင်နိုင်ရန် လုပ်‌ဆောင်သွားမည်ဟုလည်း ‌နော်ယုဇနဝါက ‌ပြောသည်။

ထဘာ‌ကော် ခရီးသွားလာ‌ရေးကုမ္ပဏီလီမီတက်ကို ဟိုတည်နှင့် ခရီးသွားလာ‌ရေးလုပ်ငန်းဌာနသို့ ယခုနှစ်ဆန်းပိုင်းက မှတ်ပုံတင်ခဲ့ပြီး တရားဝင်လုပ်ကိုင်နိုင်ခွင့် မှတ်ပုံတင်စာ ရရှိပြီးစီး‌ကြောင်းနှင့် ၎င်းကုမ္ပဏီ၏ ဖွဲ့စည်းပုံအရ အမြတ်‌ငွေ ငါး ရာခိုင်နှုန်းကို အမျိုးသား‌ရေးနှင့် အများပြည်သူလူထုလိုအပ်ချက်အတွက် အသုံးပြုသွားမည်ဟု သိရသည်။