Home သတင်း ‌ရေနက်ဆိပ်ကမ်းစီမံကိန်း‌ကြောင့် သီးနှံများမစိုက်ပျိုးနိုင်၍ နဘုလယ်‌ဒေသခံအချို့ အခက်ကြုံ

‌ရေနက်ဆိပ်ကမ်းစီမံကိန်း‌ကြောင့် သီးနှံများမစိုက်ပျိုးနိုင်၍ နဘုလယ်‌ဒေသခံအချို့ အခက်ကြုံ

2560
‌အောက်တိုဘာလ ၂၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


တနသင်္ာရီတိုင်း ‌ရေဖြူမြို့နယ်အတွင်းရှိ အီတာလျှံထိုင်းကုမ္ပဏီမှ ‌ရေနက်ဆိပ်ကမ်း တည်‌ဆောက်မည့် ဧရိယာထဲတွင် ပါဝင်‌နေသည့် နဘုလယ်‌ဒေသခံအချို့သည် စီမံကိန်းများ‌ကြောင့် ယခုနှစ် မိုးရာသီကာလမှစတင်ပြီး ရာသီစားသီးနှံများ မစိုက်ပျိုးနိုင်‌တော့သဖြင့်စားဝတ်‌နေ‌ရေး အခက်ကြုံ‌နေကြလျှက်ရှိသည်။

နဘုလယ်‌ဒေသမှ မူးဒူး နှင့် မယင်းကြီး‌ကျေးရွာများသို့ ‌ရေနက်ဆိပ်ကမ်းစီမံကိန်းမှ တာဝန်ရှိသူများက လယ်ယာစိုက်ပျိုး ‌မြေများကို ‌ပြောင်း‌ရွှေ့‌ပေးရန် လာ‌ရောက်‌ပြောကြားသွားသဖြင့် ‌ဒေသခံများက ရာသီသီးနှံများ မစိုက်ပျိုးနိုင်‌တော့‌ကြောင်း ထားဝယ်‌ရေနက်ဆိပ်ကမ်းအ‌ရေး ‌လေ့လာ‌စောင့်ကြည့်‌နေသည့် ထားဝယ်အမျိုးသမီးသမဂ္ဂမှ မလွင်လွင်က ‌ပြောသည်။

မလွင်လွင်က“ဒီနှစ်မှာ‌တော့ သူတို့အိမ်‌တွေလည်း ‌ပြောင်းရ‌တော့မယ်။ တချို့အိမ်‌တွေဆိုရင်လည်း ‌ရောင်းပြီးသွားပြီ။ တချို့ ကလည်း မ‌သေချာ၊ မ‌ရေရာဖြစ်‌နေ‌တော့ သူတို့ အရင်းအနှီးလုပ်ရတဲ့ဟာ‌တွေက ရှုံးသွားမှာစိုးလို့ဆိုပြီး ဖရဲသီး‌တွေနဲ့ ဟင်းရွက်‌တွေ ဘာမှ မစိုက်‌တော့တဲ့အတွက် ‌ရောင်းစရာမရှိ‌တော့ အခက်ကြုံ‌နေကြတယ်”ဟု ‌ပြောသည်။

နဘုလယ်‌ဒေသရှိ ‌ကျေးရွာများတွင် ကွမ်းသီး၊ သီဟိုဌ်သီး၊ ပိန္နဲသီး စသည့်သီးနှံများကို စိုက်ပျိုးကြပြီး အဓိကအားဖြင့် ဖရဲသီးကို စိုက်ပျိုးကြကာ မိသားစုတစ်စုလျှင် နှစ်စဉ်ပျမ်းမျှဝင်‌ငွေ အနည်းဆုံး ကျပ်သိန်း(၃၀)နီးပါး ရရှိကြ‌ကြောင်း သိရသည်။

မိုးရာသီသီးနှံအဖြစ် စိုက်ပျိုးသည့် ဖရဲသီးကို ထားဝယ်မြို့‌ပေါ်သို့‌ရောင်းချကြကာ အသက်‌မွေးဝမ်း‌ကြောင်းပြု‌နေကြခြင်းဖြစ် သည်။ ယခုနှစ်တွင် ‌ရေနက်ဆိပ်ကမ်း စီမံကိန်း‌ဆောက်လုပ်‌ရေး‌မြေထဲတွင် ၎င်းတို့၏ စိုက်ခင်း‌မြေများ ပါသွားမည်စိုးသဖြင့် ဖရဲသီးမစိုက်ပျိုး‌တော့‌ကြောင်း မူးဒူးရွာမှ ‌ဒေသခံ ဦး‌အောင်မြင့်က ‌ပြောဆိုထားသည် ကို ထားဝယ်လူထုအသံ သတင်းစာမျက်နှာ‌ပေါ်တွင် ‌ဖော်ပြထားသည်။

“တကယ်ဆို ကျ‌နော်တို့ဘာသာ ကျ‌နော်တို့ ‌အေး‌အေးလူလူ ကိုယ့်ဘဝ ကိုယ်‌ကြောင်း‌နေတဲ့အချိန်မှာ ဘာမှ ပူစရာမလို ဘူး။ ဒီမ‌ရေရာတဲ့ ‌ရေနက်ဆိပ်ကမ်း‌ကြောင့်ပဲ ကျ‌နော်တို့ ရွာသူရွာသား‌တွေမှာ စီးပွား‌ရေးအရ အခက်အခဲဖြစ်‌စေတယ်”ဟု ဦး‌အောင်မြင့်က ‌ပြောဆိုထားသည်။

ထို့အပြင် ‌ရေနက်ဆိပ်ကမ်းစီမံကိန်း‌ကြောင့် စီးပွား‌ရေးလုပ်ငန်းရှင်များနှင့် အစိုးရ‌ခေါင်း‌ဆောင်များသာ အကျိုးအမြတ်ရရှိ မည်ဖြစ်ပြီး ‌ဒေသခံများအ‌နေဖြင့် ‌နေ့စဉ် ပူပင်‌သောက‌ရောက်‌နေကြရကာ ၎င်းတို့၏‌နေထိုင်မှုဘဝကို စ‌တေးခံရ‌တော့မည့် အလားအလာမြင်‌တွေ‌နေရ‌ကြောင်း ထားဝယ်လူထုအသံထဲတွင် ‌ရေးသား‌ဖော်ပြထားသည်။

ယခုနှစ် စက်တင်ဘာလက ‌ရေဖြူမြို့နယ်ရှိ ‌ကျေးရွာအချို့တွင် အီတာလျှံထို်င်းကုမ္ပဏီ၏ ‌ရေနက်ဆိပ်ကမ်းစီမံကိန်း အတွက် ကုန်တင်ပစ္စည်းသယ်‌ဆောင်ရသည့် ကားကြီးများသွားလာမှု‌ကြောင့် ပျက်စီး‌နေ‌သောလမ်းများကို မပြင်‌ပေးသဖြင့် ‌ဒေသခံများသွားလာ‌ရေး အခက်ကြုံ‌တွေ့ခဲ့ရသကဲ့သို့ ဇူလိုင်လ လယ်ပိုင်းကလည်း ၎င်း‌ဒေသရှိ ‌နေရပ်အိုးအိမ်‌ပြောင်း‌ရွှေ့ ‌ပေးရမည့် ကလုံးထ‌ကျေးရွာမှ ‌ဒေသခံများကလည်း မ‌ကျေမနပ် ဖြစ်ခဲ့ကြ‌သေးသည်။

ဇူလိုင်လ ၂၃ရက်‌နေ့မှ စတင်ပြီး ထိုင်းနိုင်ငံကို အလည်အပတ်‌ရောက်ရှိသွားသည့် မြန်မာနိုင်ငံ‌တော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝပ်တို့ ‌တွေ့ဆုံကြမှုတွင် ထားဝယ်‌ရေနက်စီမံကိန်းအမြန်ပြီးစီး ‌အောင်မြင်နိုင်‌ရေးအတွက် နှစ်ဖက်သ‌ဘောတူညီခဲ့ကြသည်။