Home သတင်း ‌ကျေးရွာ ဥက္ကဌတဦး ပစ်သတ်ခံရ

‌ကျေးရွာ ဥက္ကဌတဦး ပစ်သတ်ခံရ

1416
ဒီဇင်ဘာလ ၈ရက်။ ‌ကေအိုင်စီ

မြဝတီခရိုင် မဲ့‌ထော်သ‌လေး‌ကျေးရွာ ဥက္ကဌကို ယမန်‌နေ့ညပိုင်းတွင် အမည်မသိ လူတစုက လာ‌ရောက်ပစ်သတ်သွားခဲ့သည် ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

အသက် ၃၉နှစ်အရွယ်ရှိ မဲ့‌ထော်သ‌လေး ဥက္ကဌ စိုင်းစိုးနိုင်သည် ၎င်း‌နေအိမ်တွင် ဘိလိယက်ခုံ ဖွင့်လှစ်ထားရာ ယမန်‌နေ့ည ၈နာရီဝန်းကျင်၌ အမည်မသိ ‌သေနတ်သမားတစုက လာ‌ရောက်ပစ်သတ်သွားခြင်းဖြစ်သည်။

ထိုပစ်ခတ်မှု‌ကြောင့် ‌ကျေးရွာဥက္ကဌမှာ ‌သေနတ်ဒဏ်ရာ ၅ချက်နှင့် ‌သေဆုံးသွားပြီး ယ‌နေ့မနက်တွင် သူ၏အ‌လောင်းကို မြဝတီ ‌ဆေးရုံ၌ ရင်ခွဲစစ်‌ဆေးခဲ့သည်ဟုလည်း ‌ဆေးရုံနှင့် နီးစပ်သူတဦးက ယခုလို ‌ပြောသည်။

“ကြားရသ‌လောက်က‌တော့ သူ့ကို ဘိလိယက်ခုံမှာ လူအ‌ယောက် ၂၀‌လောက်က လာပစ်သွားတယ်လို့ ‌ပြောကြတာပဲ။ အဲဒါ ဖြစ်တာက မ‌နေ့ည ၈နာရီ‌လောက်မှာဆို‌ပေမဲ့ ဒီမနက် ၂နာရီ‌လောက်ကျမှ မြဝတီ‌ဆေးရုံကို ‌ရောက်လာတယ်။ သူ့ကို ရင်ခွဲစစ် ‌ဆေးပြီး ‌ဆွေမျိုးသားချင်း‌တွေက ရွာကို ပြန်‌ခေါ်သွားကြတယ်‌လေ”ဟု ဆိုသည်။

အဆိုပါဥက္ကဌသည် ယခင်က စစ်ကိုင်းဖွံ့ဖြိုး‌ရေး‌ကျောင်းဆင်းတဦးဖြစ်ပြီး လက်ရှိအချိန်တွင် ‌ကျောင်းဆရာလုပ်ရင်း ‌ကျေးရွာ ဥက္ကဌအဖြစ် တာဝန်ယူရင်း ‌နေအိမ်တွင် ဘိလိယက်ခုံ ဖွင့်လှစ်ထား‌ကြောင်း သိရသည်။ သို့‌သော် မည်သည့်အတွက်‌ကြောင့် လာ‌ရောက်ပစ်သတ်ခဲ့သည်၊ ပစ်သွားသူများက မည်သူဆိုသည်ကိုမူ လက်ရှိအချိန်ထိ စုံစမ်း‌နေဆဲဖြစ်သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့‌တောင်ဘက် ၃မိုင် အကွာအ‌ဝေးတွင်ရှိသည့် မဲ့‌ထော်သ‌လေး‌ကျေးရွာတွင် ရှမ်းစုနှင့် ဗမာစုဟူ၍ နှစ် ပိုင်းရှိပြီး ‌ကျေးရွာဥက္ကဌ နှစ်ဦးရှိသည့်အနက် ယခု‌သေဆုံးသူမှာ ရှမ်းစုအပိုင်းမှ ဖြစ်သည်။