Home သတင်း ဩစ‌တြေးလျား‌ရောက်ရဟန်း‌တော် အရှင်ပညာဝံသ၏ဈာပနပြီးစီး

ဩစ‌တြေးလျား‌ရောက်ရဟန်း‌တော် အရှင်ပညာဝံသ၏ဈာပနပြီးစီး

2117
‌အောက်တိုဘာလ ၃၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စော‌ကျော်ခွီး (‌ကေအိုင်စီ)

ဩစ‌တြေးလျားနိုင်ငံ၊ မဲလ်ဘမ်းမြို့တွင် ‌အောက်တိုဘာလ ၂ဝရက်‌နေ့က ပျံလွန်‌တော်မူသွားခဲ့သည့် ကရင်ရဟန်း‌တော် အရှင် ပညာဝံသ၏ ဈာပနအခမ်းအနားကို ‌အောက်တိုဘာလ ၂၉ရက်(တနဂင်္‌နွေ) ‌နေ့လည် ၁၂နာရီမှ မွန်းလွဲ ၁နာရီခွဲအထိ မီးသဂြိင်္ုလ် ခြင်းဖြင့် ပြုလုပ်ပြီးစီးခဲ့သည်။

Melbourne Karen Buddhist Association-MKBA မှ ဦးစီး၍ ဩစ‌တြေးလျားနိုင်ငံ Victoria ပြည်နယ် Melbourne မြို့ Altona Memorial Park ၌ ကျင်းပပြုလုပ်ခဲ့သည့် အရှင်ပညာဝံသ၏ မီးသဂြင်္ိုလ်ဈာပနအခမ်းအနားသို့ မဲလ်ဘမ်းမြို့ရှိ ဗုဒ္ဓဘာသာဝင် များ၊ ရဟန်းသံဃာ ၁၅ပါးအပြင် ခရစ်ယာန်ဘာသာ‌ရေးဆရာ‌တော်များနှင့် နိုင်ငံခြားသား ဒကာ၊ ဒကာမများ စုစု‌ပေါင်း လူဦး‌ရေ ၁၅၀‌ကျော် လာ‌ရောက်ပူ‌ဇော် ကန်‌တော့ခဲ့ကြသည်။

၎င်းဈာပနအခမ်းအနားတွင် ဖုူံထုင်ယဲပြာထါ့(အတုလကာရီ ကရင်ဗုဒ္ဓဘာသာ ဘုန်း‌တော်ကြီး‌ကျောင်း)၏ ‌ကျောင်းထိုင်ဆရာ ‌တော် ဦးစန္ဒြ(မာန်နဲဦးသုန်)က “အရှင်ပညာဝံသရဲ့ ရပ်ရွာက မှာကြားလိုက်တဲ့အတိုင်း ဈာပနအခမ်းအနားကို အားလုံးပြည့်ပြည့် စုံစုံ စိတ်တိုင်းကျ လုပ်‌ဆောင်‌ပေးနိုင်ခဲ့တယ်။ အရှင်ပညာဝံသက သာသနာ့တာဝန်‌တွေကို ‌ကျေပွန်စွာ ထမ်း‌ဆောင်သွားခဲ့ပြီး ကျန်ခဲ့တဲ့ ဦးဇင်းနဲ့အတူ ဒကာ၊ဒကာမများက‌တော့ ဘဝ‌နေမဝင် မီးမငြိမ်းခင်စပ်ကြား သာသနာ‌တော် တည်တံ့ခိုင်မြဲ‌အောင် ကြိုး စားလုပ်‌ဆောင်ဖို့ပဲ ကျန်‌တော့တယ်။”ဟု ‌ပြောကြားခဲ့သည်။

အခမ်းအနား အစီအစဉ်အရ ငါးပါးသီလ နာယူခြင်း၊ အသုဘ ဘာဝနာရှုခြင်း၊ ‌ရေစက်ချ အမျှအတမ်း ‌ပေး‌ဝေခြင်းတို့ကို ပြုလုပ်ခဲ့ ကြသည်။

“အရှင်ပညာဝံသ ‌စောစီးစွာ ပျံလွန်‌တော်မူသွားခြင်းက မဲလ်ဘမ်း ဗုဒ္ဓဘာသာဝင်များအတွက် အင်မတန်မှ ဆုံးရှုံးနစ်နာမှုတစ်ရပ် ဖြစ်တယ်။ သူ‌မျှော်မှန်းခဲ့တဲ့ သာသနာ‌တော်ပြန့်ပွား‌ရေးအတွက် ကျ‌နော်တို့ လုပ်‌ဆောင်သွားမယ်။”ဟု မကြာ‌သေးခင်က မ‌လေး ရှားမှ ဩစ‌တြေးလျားသို့ လာ‌ရောက်အ‌ခြေချသူ MKBA ‌ကော်မတီဝင် ‌စောထွန်းလင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

နာယကဆရာ‌တော် ဦးပညာသာမိ(မြန်မာနိုင်ငံ)၊ ဆရာ‌တော်ဦးစန္ဒြနှင့် ပျံလွန်‌တော်မူသွားပြီဖြစ်‌သော အရှင်ပညာဝံသတို့သည် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွား‌ရေးကို ‌ရှေးရှုကာ ၂၀၀၈ခုနှစ်၊ နိုဝင်ဘာ ၂၉ရက်‌နေ့က Melbourne Karen Buddhist Associa tion – (MKBA)ကို စတင် ဖွဲ့စည်းခဲ့သည်။

အရှင်ပညာဝံသသည် ၂၀၀၈ခု၊ ဇန်နဝါရီလတွင် ဩစ‌တြေးလျားနိုင်ငံသို့‌ရောက်ရှိပြီး ပိုးကရင်ဘာသာ (ဖှူံထုင်ယဲ ပြာထါ့)‌ခေါ် မြန်မာဘာသာဖြင့် (အတုလကာရီ ကရင်ဗုဒ္ဓဘာသာ ဘုန်း‌တော်ကြီး‌ကျောင်း) ဖြစ်‌မြောက်‌ရေးအတွက် သက်‌စေ့‌မြေကွက် ‌မြေ ကွက် ၄၅ကွက်ကို ‌ထောက်ပံ့လှူဒါန်းခဲ့သည်။

ငယ်မည် ‌စောမြင့်ကြည်ဖြစ်သူ အရှင်ပညာဝံသကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ‌နောင်ဘိုကြီး‌ကျေးရွာ၌ မြန်မာသက္ကရာဇ် ၁၃၃ဝခုနှစ်၊ တန်ခူးလပြည့်‌ကျော် ၆ရက် ကြာသပ‌တေး‌နေ့တွင် ခမည်း‌တော် ဦး‌အောင်လှစိန်၊ မယ်‌တော် ‌ဒေါ်‌ရွှေမြိုင်တို့မှ ဖွားမြင် ခဲ့ပြီး ‌မွေးချင်းနှစ်‌ယောက်အနက် အကြီးဆုံး သားဦးရတနာ ဖြစ်သည်။

အရှင်ပညာဝံသသည် ၎င်း၏ဇာတိ ‌နောင်ဘို‌ကျေးရွာတွင် ‌ဝေဠုဝံ‌ကျောင်း သာသနာ့အ‌ဆောက်အဦးများနှင့် အထက်တန်းစာ သင်‌ကျောင်းပညာ‌ရေး foundation ကို ‌ထောက်ပံ့ကူညီလှူဒါန်းခြင်း၊ ‌မော်လမြိုင်မြို့ ပြည်‌ကျောင်းပရိယတ္တိ စာသင်တိုက်အတွက် ပညာ‌ရေး ‌ဖောင်‌ဒေးရှင်းကို ကူညီလှူဒါန်းခြင်း၊ ထိုင်းနိုင်ငံမြို့ ဇွဲကပင် ပညာဒါနအသင်း(KDA)တွင် နာယကတစ်ပါးအဖြစ် ထမ်း ‌ဆောင်၍ နှစ်စဉ် ‌ထောက်ပံ့လှူဒါန်းခဲ့သူ ရဟန်း‌တော်တစ်ပါး ဖြစ်သည်။