Home သတင်း KNPP နှင့် အစိုးရတို့ ငြိမ်းချမ်း‌ရေးလုပ်ငန်းအ‌ပေါ် KCSN ရှင်းလင်းပွဲပြုလုပ်

KNPP နှင့် အစိုးရတို့ ငြိမ်းချမ်း‌ရေးလုပ်ငန်းအ‌ပေါ် KCSN ရှင်းလင်းပွဲပြုလုပ်

1926
‌အောက်တိုဘာလ ၃၁ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ-KNPP နှင့်မြန်မာ အစိုးရအကြား ရရှိထား‌သော အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက် များအ‌ပေါ် အား‌ပျော့‌စေသည့် အ‌ကြောင်းအရာများကို ‌ထောက်ပြ‌ပြောဆိုသည့် သတင်းစာ ရှင်းလင်းပွဲတစ်ခုကို ကရင်နီလူမှုအ သင်းအဖွဲ့များကွန်ယက်-KCSN မှ ယ‌နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Sinthana Resort တွင် ပြုလုပ်ခဲ့သည်။

KNPP နှင့် အစိုးရတို့အကြား သ‌ဘောတူညီချက်များကို အား‌ပျော့ပျက်ပြယ်‌စေ‌သော အ‌ကြောင်းအရာများနှင့် ဆက်စပ်ပြီး ‌ထောက်ပြ‌ပြောဆိုနိုင်ရန် ပြုလုပ်ရခြင်းဖြစ်သည်ဟု KCSN တာဝန်ခံ ခူမီးရယ်ဒူက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်‌တွေမှာ ‌ဒေသခံ‌တွေရဲ့လယ်‌မြေ‌တွေသိမ်းပြီး စစ်‌လေ့ကျင့်‌ရေးသင်တန်း‌ကျောင်း ‌ဆောက်‌နေတယ်။ ‌နောက်ပြီး စီမံကိန်း‌တွေနဲ့ပတ်သက်ပြီး‌တော့ ပွင့်လင်းမြင်သာမှုမရှိ‌သေးဘူး။ ဒါ‌တွေဟာ ငြိမ်းချမ်း‌ရေးဖြစ်စဉ် ‌တွေကို ထိခိုက်‌စေနိုင်ပါတယ်”ဟု ခူမီးရယ်ဒူက ‌ပြောသည်။

ထို့အပြင် ကရင်နီပြည်နယ်အတွင်းရှိ ရွာသစ်‌ရေကာတာ စီမံကိန်း‌ဆောက်လုပ်‌ရေးလုပ်ငန်းခွင်သို့ သွား‌ရောက်‌လေ့လာရန် KNPP ဆက်ဆံ‌ရေးရုံးမှ နယ်စပ်‌ရေးရာဝန်ကြီးထံ အ‌ကြောင်းကြားထားပြီးဖြစ်‌သော်လည်း အမှန်တကယ် သွား‌ရောက် ‌လေ့လာခွင့်မရခဲ့ ‌ကြောင်း KCSN မှ သိရသည်။

အစိုးရနှင့် KNPP တို့၏ သ‌ဘောတူညီချက်များတွင် ကရင်နီပြည်နယ်အတွင်း အ‌ကောင်အထည်‌ဖော်မည့် ရွာသစ်စီမံကိန်း အပါ အဝင် အကြီးစား စီမံကိန်းများကို ပြည်သူများနှင့် လူမှုအသင်းအဖွဲ့များအား ‌လေ့လာခွင့်ပြုရန် ပွင့်လင်းမြင်သာမှုရှိရန်အတွက် အသိ‌ပေးသွားရန် သ‌ဘောတူသည့်အချက်များ ပါဝင်သည်။

ဆက်လက်၍ ခူမီးရယ်ဒူက “‌ရေရှည်တည်တံ့တဲ့ စစ်မှန်တဲ့ငြိမ်းချမ်း‌ရေး ရရှိဖို့အတွက် ထိန်းထိန်းသိမ်သိမ်းနဲ့ လုပ်‌ဆောင်သွားဖို့ ပွင့်ပွင့်လင်းလင်း ချပြလုပ်‌ဆောင်ဖို့ လိုအပ်ပါတယ်”ဟု ‌ပြောသည်။

၎င်းတို့နှစ်ဦးနှစ်ဖက်အကြား သ‌ဘောတူညီမှုရရှိထား‌သော ငြိမ်းချမ်း‌ရေးဖြစ်စဉ်များကို ထိခိုက်‌စေမည့် လုပ်ရပ်မှန်သမျှကို ကရင် နီလူမှုအသင်းအဖွဲ့များမှ တတ်နိုင်သမျှ ‌ထောက်ပြ‌ပြောဆို၊ ‌ဝေဖန်သွားမည်ဟုလည်း KCSN က ‌ပြောဆိုထားသည်။

ယခု‌အောက်တိုဘာလအတွင်း အစိုးရတပ်များမှ လယ်‌မြေများသိမ်းယူခဲ့‌သော ဖရူဆိုမြို့နယ်အတွင်းရှိ ‌ကျေးရွာများတွင် အခမဲ့ ‌ဆေးဝါးကုသမှုများဖြင့် တစ်ဖက်လက်နှင့် ‌ချွေးသိပ်မှုမျိုး မပြုလုပ်သင့်‌ကြောင်းနှင့် ပြည်သူလူထု၏ ကျန်းမာ‌ရေးကိစ္စများကို သက် ဆိုင်ရာ ဝန်ကြီးဌာနများနှင့်သာ ပြုလုပ်သင့်‌ကြောင်း ကရင်နီလူမှုအဖွဲ့အစည်းများက ‌ဝေဖန်‌ပြောဆို‌နေကြသည်။

ယ‌နေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို SCSN တာဝန်ခံ ခူမီးရယ်ဒူ အပါအဝင် ကို‌တော်ရယ်ပိုး၊ ‌ရော်မာန်‌အောင်ထူးတို့မှ ဦး‌ဆောင်ရှင်းလင်းခဲ့ပြီး သတင်း‌ထောက်များနှင့် အခြား‌သောထိုင်းနိုင်ငံအ‌ခြေစိုက် လူမှုအဖွဲ့အစည်းအချို့မှ ကိုယ်စားလှယ်စုစု ‌ပေါင်း (၂၀)‌ကျော် တက်‌ရောက်ခဲ့ကြသည်။

KCSN ကို ကရင်နီအမျိုးသားလူငယ်အစည်းအရုံး (KNYO)၊ ကရင်နီအမျိုးသမီး အစည်းအရုံး (KNWO)၊ ကရင်နီအမြဲစိမ်းလန်းစို ‌ပြေ‌ရေးအဖွဲ့ (KEG)၊ ကရင်နီလူမှုကယ်ဆယ်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပင်မဌာန (KSWDC)၊ ကရင်နီမှတ်တမ်း‌ရေးအဖွဲ့ (KDC)၊ ကရင်နီ ‌မြေပုံအဖွဲ့ (KMP)၊ ကရင်နီ‌ကျောင်းသားသမဂ္ဂ (KSU)၊ ပြည်တွင်းဌာန ကျန်းမာ‌ရေးအဖွဲ့နှင့် ပညာ‌ရေးအဖွဲ့တို့ အပါအဝင် ကရင်နီ လူမှုအဖွဲ့ ၉ဖွဲ့ဖြင့် ၂၀၁၁ခုနှစ်၊ ဇွန်လ ၁၆ရက်‌နေ့တွင် ဖွဲ့စည်းခဲ့သည်။