Home သတင်း စစ်‌ကြောင့် ပ‌လောင်‌ဒေသခံ ၂,၀၀၀‌ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ရ‌ကြောင်း PWO အစီရင်ခံစာထုတ်ပြန်

စစ်‌ကြောင့် ပ‌လောင်‌ဒေသခံ ၂,၀၀၀‌ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ရ‌ကြောင်း PWO အစီရင်ခံစာထုတ်ပြန်

1770
နိုဝင်ဘာလ ၅ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

သျှမ်းပြည်‌မြောက်ပိုင်းရှိ မြို့နယ်နှစ်ခုအတွင်း ၂၀၁၁ခုနှစ်၊ မတ်လမှ ယခုချိန်ထိ ဖြစ်ပွားသည့်တိုက်ပွဲ‌ကြောင့် ပ‌လောင်‌ဒေသခံ ၂,၀၀၀‌ကျော်သည် အိုးအိမ်စွန့်ခွာ၍ လွတ်‌မြောက်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်ရသည့် အ‌ခြေအ‌နေများကို ပ‌လောင်(တအာင်း) အမျိုးသမီးအစည်းအရုံး-PWO မှ ယ‌နေ့ အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

“စစ်ပွဲ၏ ဝန်ထုပ်ဝန်ပိုး”ဟု အမည်‌ပေးထား‌သော ယင်းအစီရင်ခံစာ၌ ဒုက္ခသည်များ ၂,၀၀၀‌ကျော်အနက် ၁,၀၀ဝခန့်သည် မန်တုံ မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ တွန်းဟုမ်း‌ကျေးရွာ၊ မန်တုံမြို့နှင့် နမ့်ခမ်းမြို့တွင် ခိုလှုံ‌နေထိုင်ရခြင်းဖြစ်ပြီး ၎င်းတို့သည် ပန်း ခါး၊ မိုင်းခါ့၊ ပန်းလှုံ(န်း)၊ လွယ်‌မောက်၊ မန်ကျီ၊ မန်လွယ်(၁)၊ မန်လွယ်(၂)၊ ကျူဆိုင်း၊ အူးလန်ပါ အပါအဝင် ‌ကျေးရွာ‌ပေါင်း ၁၅ခုမှ ‌ဒေသခံများဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

ဒုက္ခသည်များထဲတွင် အထူးသဖြင့် အမျိုးသမီးနှင့် က‌လေးများသည် ပို၍ အခက်ကြုံ‌တွေရပြီး လတ်တ‌လော တွန်ဟုန်းဒုက္ခ သည်စခန်းတွင် စားနပ်ရိက္ခာ၊ အမိုးအကာပစ္စည်းများနှင့် ‌ဆေးကုသမှု စသည့် ကူညီ‌ထောက်ပံ့မှုများ အပူတပြင်း လိုအပ်‌နေရ သည်ဟု PWO ၏ အစီရင်ခံစာက ‌ပြောဆိုသည်။

ပ‌လောင်ဒုက္ခသည်များ အ‌ခြေအ‌နေ ကွင်းဆင်းစစ်တမ်း‌ကောက်ခံခဲ့သူ PWO မှ ‌လွေးပိုးညိုး(လိုည်းပိုးညိူဝ်း)က “တိုက်ပွဲ‌တွေ ဖြစ်တာ အမျိုးသမီးနဲ့ က‌လေး‌တွေ ပိုပြီး အခက်‌တွေ့ရတယ်။ ဘာဖြစ်လဲဆိုရင် အမျိုးသား‌တွေဟာ ရွာမှာ မ‌နေရဲကြဘဲ တိုက်ပွဲမ ဖြစ်တဲ့ တရုတ်နယ်စပ်လို‌နေရာနဲ့ အခြား‌ဒေသ‌တွေမှာ အလုပ်သွားလုပ်ကြ‌တော့ သူတို့ကိုလာပြီး ကူညီတဲ့အဖွဲ့ မရှိဘူး”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

စာမျက်နှာ ၂၆မျက်နှာပါ မြန်မာစာ၊ အဂင်္လိပ်စာ နှစ်ဘာသာဖြင့် ထုတ်‌ဝေသည့် ယခု အစီရင်ခံစာမှာ မြန်မာနိုင်ငံအပြင် နိုင်ငံတ ကာအသိုင်းအဝိုင်းမှ လက်ရှိ မြန်မာပြည်၌ ဖြစ်ပွား‌နေသည့် တိုက်ပွဲ‌ကြောင့် ဒုက္ခခံစား‌နေရသည့် ‌ဒေသခံပြည်သူများကို သိ‌စေ ရန်နှင့် စာနာပြီး အကူအညီ‌ပေးကြရန် မီး‌မောင်းထွန်းပြခြင်းဖြစ်သည်ဟု PWO က ဆိုသည်။

လက်ရှိ ဖြစ်ပွားသည့်တိုက်ပွဲ‌ကြောင့် မြန်မာအစိုးရဘက်မှ ပ‌လောင်အမျိုးသမီးနှစ်ဦးအား အဓမ္မပြုကျင့်ခဲ့ပြီး ပ‌လောင်‌ဒေသခံများ အ‌ပေါ် လူသတ်မှု ၅ခုကို ကျူးလွန်ခဲ့သည်ဟု ‌ကောက်ခံရရှိထား‌ကြောင်း PWO မှ ‌လွေးပိုးညိုးက “လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု ‌တွေ အများဆုံးခံရတာ အမျိုးသမီး‌တွေပဲ။ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးနှစ်ဦးအထဲမှာဆိုရင် ၁၃နှစ်အရွယ်တစ်ဦးပါတယ်”ဟု ဖြည့်စွက်‌ပြောဆိုသည်။

၎င်း‌ဒေသတွင် မြန်မာအစိုးရ တပ်ရင်း ၁၆ရင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော် (KIA)၊ တအာင်းအမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(TNLA) အပါအဝင် သျှမ်းပြည်တပ်မ‌တော်-‌မြောက်ပိုင်း(SSA-N)တို့အ ကြား တိုက်ပွဲဖြစ်ပွားခဲ့မှု‌ကြောင့် ‌ဒေသခံပ‌လောင်လူမျိုးများ လွတ်‌မြောက်ရာသို့ ထွက်‌ပြေးကြရခြင်းဖြစ်သည်။

ထို့အပြင် တိုက်ပွဲများဖြစ်ပွားသည့် ပ‌လောင်‌ဒေသများထဲမှ လက်ရှိ မန်တုံမြို့နယ်ရှိ ‌တော‌တောင်ထူထပ်‌သော ‌မြောက်ပိုင်းနယ် ‌မြေမှ ဒုက္ခသည်ဦး‌ရေ ၅၀၀‌ကျော်မှာ စားနပ်ရိက္ခာ၊ ‌ဆေးဝါးနှင့် ‌သောက်သုံး‌ရေများ ချို့တဲ့မှု‌ကြောင့် ကျန်းမာ‌ရေးဆိုးဝါးမှုများ ဖြစ် ပွား‌နေသည်ဟု PWO အစီရင်ခံစာက ‌ပြောသည်။

မြန်မာအစိုးရအ‌နေဖြင့် ပြည်တွင်းစစ်ဒဏ် ခံစား‌နေရသည့် လူထုများကို ကမ္ဘာ့ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ပြည်တွင်း(NGO)များ မှ သွား‌ရောက်ကူညီရန် ခွင့်ပြုလိုသကဲ့သို့ နိုင်ငံတကာသိုင်းအဝိုင်းများမှလည်း ပြည်တွင်းဒုက္ခသည်များထံသို့ နိုင်ငံတကာအကူ အညီ‌ပေး‌နေသည့် အဖွဲ့များက သွား‌ရောက်ခွင့်ရ‌အောင် အစိုးရကို ဖိအား‌ပေးရန်လည်း PWO က တိုက်တွန်းထားသည်။

PWO သည် ကျား၊ မတန်းတူ‌ရေး၊ တရားမျှတ‌ရေးနှင့် ‌အေးချမ်းသည့် လူ့‌ဘောင်အဖွဲ့အစည်းဖြစ်‌ပေါ်လာ‌ရေးကို ‌ရှေးရှု၍ ဖွံ့ဖြိုး‌ရေး ကဏ္ဍများတွင် အမျိုးသမီးများ ဘဝအဆင့်အတန်းမြင့်မားလာ‌စေရန် ရည်ရွယ်၍ ၂၀၀ဝခုနှစ်၊ ‌အောက်တိုဘာလ ၁၄ရက်‌နေ့က ဖွဲ့စည်းတည်‌ထောင်ခဲ့ခြင်းဖြစ်သည်။