Home သတင်း ၅၇ကြိမ်‌မြောက် ကရင်ပြည်နယ်‌နေ့ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

၅၇ကြိမ်‌မြောက် ကရင်ပြည်နယ်‌နေ့ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

2461
နိုဝင်ဘာလ ၇ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နိုဝင်ဘာလ ၇ရက်‌နေ့(ယ‌နေ့)တွင် ကျ‌ရောက်သည့် (၅၇)ကြိမ်‌မြောက် ကရင်ပြည်နယ် ‌နေ့ဖွင့်ပွဲ အခမ်းအနားကို ယ‌နေ့မနက် ၇နာရီမှ ၈နာရီခွဲအထိအမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ် (သီရိ)ကွင်း၌ ကျင်းပပြီးစီးခဲ့သည်။

၎င်းဖွင့်ပွဲတွင် ကရင်ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဝန်ကြီးအစိုးရအဖွဲ့များ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ‌ခေါင်း‌ဆောင်များ၊ ငြိမ်းချမ်း‌ရေးအဖွဲ့‌ခေါင်း‌ဆောင်များနှင့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA)‌ခေါင်း‌ဆောင်များ အပါအဝင် လူပရိဿတ်‌ပေါင်း ၆၀၀‌ကျော် တက်‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ပြည်နယ် လူမှု‌ရေးနှင့် စီးပွား‌ရေးဝန်ကြီး ဦးစိုင်းချစ်လှိုင်က “ဒီနှစ်မှာ ‌ခေါင်း‌ဆောင်‌တော်‌တော်များများ တက်‌ရောက်လာကြပါ တယ်။ အခုလိုမျိုး ငြိမ်းချမ်း‌ရေးကာလမှာ အဝင်အထွက်‌တွေ ရလာကြပြီးဆို‌တော့ KNU မိသားစု‌တွေ အကုန်လုံး ထင်သာမြင် သာ လာ‌နေကြတာကို ‌တွေ့ရတယ်”ဟု သူက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကရင်ပြည်နယ်ပွဲကို ယ‌နေ့ညမှ စတင်၍ နိုဝင်ဘာလ ၁၁ရက်‌နေ့အထိ ငါးရက်ကြာ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး ‌ဖျော် ‌ဖြေ‌ရေးအစီအစဉ်များအရ ကရင်ဇာတ်၊ မြန်မာဇာတ်၊ ခြင်းလုံး၊ လက်‌ဝှေ့ပွဲ့များနှင့် ကရင်ရိုးရာဒုံးအကပြိုင်ပွဲများဖြင့် ယှဉ်ပြိုင်ပြု လုပ်သွားမည် ဖြစ်သည်။

ထို့အပြင် အစိုးရ၏ ဌာနဆိုင်ရာများက ပြခန်းများ ဖွင့်လှစ်ထားခြင်းနှင့် ‌ဈေးပွဲ‌တော်များကိုလည်း ယခင်နှစ်များကဲ့သို့ ယခုနှစ်တွင် ပြုလုပ်ခဲ့ကြသည်။

ယခုနှစ် ပြည်နယ်ပွဲတွင် ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီနှင့် ကျန်မြို့နယ်အသီးသီးမှ ဝင်‌ရောက်ယှဉ်ပြိုင်ကြသည့် ဒုံးအ ဖွဲ့ ၁၃ဖွဲ့ရှိပြီး ယင်းဒုံးအဖွဲ့တစ်ဖွဲ့ချင်းစီအတွက် ပြည်နယ် အစိုးရက ၅ရက်အတွင်း စားစရိတ်အတွက် ကျပ် ၅သိန်း ‌ထောက်ပံ့‌ပေး သည်ဟု ဦးစိုင်းချစ်လှိုင်က ဆက်လက် ‌ပြောဆိုသည်။