Home သတင်း ချင်းမိုင်တွင် UNFC နှင့် ၈၈ ‌ကျောင်းသားအဖွဲ့ အလွတ်သ‌ဘော‌တွေ့ဆုံ

ချင်းမိုင်တွင် UNFC နှင့် ၈၈ ‌ကျောင်းသားအဖွဲ့ အလွတ်သ‌ဘော‌တွေ့ဆုံ

1612
နိုဝင်ဘာလ ၈ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ညီညွှတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ-UNFC နှင့် ကိုမြ‌အေး ဦး‌ဆောင်‌သော ၈၈ မျိုးဆက်‌ကျောင်းသားများ အဖွဲ့တို့သည် နိုဝင်ဘာလ ၇ရက်‌နေ့ ည‌နေပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ စား‌သောက်ဆိုင်တစ်ဆိုင်၌ အလွတ်သ‌ဘော ‌တွေ့ဆုံခဲ့ကြသည်။

အဆိုပါ ‌တွေ့ဆုံမှု၌ လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးလုပ်ငန်းစဉ်များတွင် ၎င်းတို့ နှစ်ဦးနှစ်ဘက် မည်သို့ပူး ‌ပေါင်း ပါဝင်လုပ်‌ဆောင်နိုင်ရန် အလွတ်သ‌ဘောအ‌နေဖြင့် ယင်းသို့ ‌ပြောဆိုဖြစ်ခဲ့ကြခြင်းဖြစ်သည်။

UNFC ၏ တွဲဖက်အတွင်း‌ရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက “လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်‌တွေမှာ ပြည်တွင်းရှိအဖွဲ့အစည်းများနဲ့ ပြည်ပအ‌ခြေစိုက် အဖွဲ့အစည်းများ အပြန်အလှန် ပူး‌ပေါင်းပါဝင်ဖို့နဲ့ ကျရာ တာဝန်အခန်းကဏ္ဍ‌တွေ လုပ်‌ဆောင်နိုင်ဖို့ကို အလွတ် သ‌ဘောပဲ ‌ဆွေး‌နွေးခဲ့ပါတယ်။ ဘာမှ ဆုံးဖြတ်ချက်ခဲ့တာ မရှိဘူး”ဟု ‌ပြောသည်။

ဆက်လက်၍ ကိုမြ‌အေး ဦး‌ဆောင်‌သော ၈၈ မျိုးဆက်‌ကျောင်းသား အဖွဲ့မှလည်း ၎င်းတို့အ‌နေဖြင့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များ၌ ကြားခံအဖြစ် လိုအပ်သည့်အပိုင်းများတွင် ပါဝင်‌ဆောင်ရွက်ရန်ရှိသည်ဟု ‌ပြောကြား‌ကြောင်း ခွန်ဥက္ကာမှ ဖြည့်စွက်‌ပြောဆိုသည်။

ထိုသို့ ‌တွေ့ဆုံရာတွင် UNFC ဘက်မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဗိုလ်မှူးဆင်ဝါး၊ ခွန်မြင့်ထွန်း၊ နိုင်ဟံသာတို့ဖြစ်ပြီး ၈၈‌ကျောင်းသားများ အဖွဲ့မှ ကိုမြ‌အေး၊ ကိုထွန်းမြင့်‌အောင်၊ ကိုစိုးထွန်း၊ မမီးမီး၊ မသဇင်ဝိုင်း၊ မစန်းစန်း‌မော်နှင့် မ‌မေကြည်လွင်တို့ ပါဝင်‌ကြောင်း သိရ သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ရက်‌နေ့မှစ၍ ထိုင်းနိုင်ငံသို့ စတင် ‌ရောက်ရှိခဲ့သည့် ၈၈ မျိုးဆက်‌ကျောင်းသားများအဖွဲ့သည် နိုဝင်ဘာ လ ၅ရက်‌နေ့တွင် ချင်းမိုင်၌ မြန်မာနိုင်ငံ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF နှင့် ‌တွေ့ဆုံခဲ့‌သေးသည်။