Home သတင်း မိသားစုဝင်‌ငွေအတွက် စခန်းပြင်အလုပ်ထွက်လုပ်သူ မယ်လဒုက္ခသည် ၂ဦး အသတ်ခံရ

မိသားစုဝင်‌ငွေအတွက် စခန်းပြင်အလုပ်ထွက်လုပ်သူ မယ်လဒုက္ခသည် ၂ဦး အသတ်ခံရ

1780
နိုဝင်ဘာလ ၉ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မယ်လဒုက္ခသည်စခန်း၌ နိုဝင်ဘာလ ၇ရက်‌နေ့က မိသားစုဝင်‌ငွေ ရရှိ‌ရေးအတွက် စခန်းအပြင် ထွက်၍ အလုပ်ထွတ်လုပ်သူ ဒုက္ခသည်နှစ်ဦးသည် မယ်လစခန်း‌တောင်ဘက်ခြမ်း နှစ်မိုင် အကွာအ‌ဝေးရှိ ညာ့မူကလိုးရွာနှင့် ထီး ‌မောထာ့ရွာအကြားတွင် အသတ်ခံရ‌ကြောင်း စုံစမ်းသိရှိရသည်။

ပစ်သတ်ခံရသူနှစ်ဦးမှာ မယ်လစခန်း ဇုံ(စီဝမ်း-ဘီ)အတွင်း‌နေထိုင်သူ ‌စောက‌ညော ၃၃နှစ်နှင့် ‌စောသန်းထွန်း‌လေး ၂၉နှစ်တို့ဖြစ် ပြီး ၎င်းတို့ှနှစ်ဦးအား မည်သူမည်ဝါက ပစ်သတ်သည်ကို ယခုထိ မသိရှိရ‌သေး‌ကြောင်း မယ်လစခန်း လုံခြုံ‌ရေးတာဝန်ခံ ‌စော အားမူက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောအားမူက “နိုဝင်ဘာ ၇ရက်‌နေ့မနက်ပိုင်းက ‌ပြောင်းဖူးချိုးဖို့သွားတဲ့ သူတို့နှစ်‌ယောက်ဟာ ညပြန်မ‌ရောက်လာ‌တော့ ‌နောက် ‌နေ့မနက်မှာ မိန်းမ(ဇနီး)ဖြစ်သူ‌တွေက သွား‌ရောက်စုံစမ်းတဲ့အခါ ‌ပြောင်းဖူးခင်းမှာ အလုပ်လုပ်တဲ့ အသိတစ်‌ယောက်ကို‌မေး ‌တော့ မ‌နေ့ညက ‌သေနတ်သံ ကြားရတယ်လို့ ပြန်‌ဖြေတယ်”ဟု ‌ပြောဆိုသည်။

ထို့‌နောက် အသတ်ခံသူ၏ ဇနီးသည်နှစ်ဦးသည် မယ်လစခန်းသို့ ပြန်လာ၍ စခန်းလုံခြုံ‌ရေးမှူးကို သွား‌ရောက်အ‌ကြောင်းကြား ကာ စခန်းလုံခြုံ‌ရေးအဖွဲ့အချို့နှင့်အတူ ခင်ပွန်းသည်အား သွား‌ရောက်ရှာ‌ဖွေခဲ့ရာ အ‌လောင်းကို ယင်းသို့ ‌တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ‌စောအားမူက ဖြည့်စွက်‌ပြောသည်။

အသတ်ခံရသူနှစ်ဦးသည် ‌တောပုန်း‌သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ပြီး ၎င်း‌ဒေသတွင် ‌တောပုန်း‌သေနတ်ကို ထိုင်းအရပ်သား များ‌သော်လည်း‌ကောင်း၊ ပါမိုက် (‌ခေါ်) ထိုင်းသစ်‌တောကာကွယ်‌ရေးအဖွဲ့‌သော်လည်း‌ကောင်း ကိုင်‌ဆောင်လျှက်ရှိသည်ဟု သိရ သည်။

ဆက်လက်၍ ‌စောအားမူက “ဒါက ထိုင်းသစ်‌တောအဖွဲ့လား၊ ထိုင်းရွာသားလား မသိရ‌သေးဘူး။ အဲဒီ‌နေရာက မကြာခဏဆိုသ လို အဲလိုအဖြစ်မျိုး ဖြစ်‌လေ့ရှိတယ်။ ထိုင်းသစ်‌တောအဖွဲ့က‌တောင်မှ အပစ်ခံရတယ်။ ဒါ‌ပေမယ့် ဒီလို မယ်လဒုက္ခသည်‌တွေ ‌သေ တဲ့အထိက‌တော့ ဒါ ပထမဆုံးပဲ”ဟု ဆိုသည်။

အသတ်ခံရသူနှစ်ဦးကို ယ‌နေ့ည‌နေတွင် မိသားစုနှင့် စခန်းတွင်း‌နေထိုင်သူ မိတ်‌ဆွေအချို့က မယ်လစခန်းသချႋုင်းတွင် သွား ‌ရောက်သၤဂြိုလ်လိုက်ပြီးဖြစ်သည်။ ‌သေနတ်ဖြင့် ပစ်သတ်ခံရသူ ‌စောသန်းထွန်း‌လေးသည် ဇနီးနှင့် သားသမီး ၂ဦးကျန်ရစ်ပြီး ‌စောက‌ညောမှာ ဇနီးနှင့် သားသမီး ၃ဦး ကျန်ရစ်သည်ဟု သိရသည်။