Home သတင်း မဲ‌ဆောက်မြို့ရှိ ‌တောရ‌ကျောင်းသစ်တွင် ထိုင်း-မြန်မာ စု‌ပေါင်း ဘုံကထိန်ပွဲ ကျင်းပခဲ့

မဲ‌ဆောက်မြို့ရှိ ‌တောရ‌ကျောင်းသစ်တွင် ထိုင်း-မြန်မာ စု‌ပေါင်း ဘုံကထိန်ပွဲ ကျင်းပခဲ့

2821
နိုဝင်ဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ တာ့ခရိုင် မဲ‌ဆောက်မြို့ရှိ ‌တောရ‌ကျောင်းသစ် ဘုန်းကြီး‌ကျောင်းတွင် နှစ်စဉ်နှစ်တိုင်း ပြုလုပ်‌နေကျ ထိုင်းနှင့် မြန်မာ စု‌ပေါင်းဘုံကထိန်ပွဲကို သိမ်‌တော်ထီးသစ်တင်ပွဲနှင့် တွဲ၍ ယမန်‌နေ့က စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့သည်။

ယခင်နှစ်များက ဘုံကထိန်ပွဲကို ထိုင်းလူမျိုးများနှင့်အတူ မဲ‌ဆောက်ရှိ မြန်မာများမှ စု‌ပေါင်း၍ ဆင်နွှဲခဲ့‌သော်လည်း ယခုနှစ်တွင်မှု ‌ကျောင်းတိုက်ရှိ ‌ကျောင်းထိုင်ဘုန်းကြီး၏ အစီအစဉ်ဖြင့် ထိုင်းနှင့် မြန်မာနိုင်ငံသားများကို ‌ကျောင်း‌ဆောင် သီးသန့်စီခွဲကာ သဃင်္န်းကပ်လှူ၊ ‌ရေစက်ချ တရားနာခြင်းများ ပြုလုပ်ခဲ့ကြသည်။

“ဒီနှစ်‌တော့ ဘန်‌ကောက်၊ ချင်းမိုင်က‌နေလာတဲ့ ဒကာ၊ ဒကာမ‌တွေပါလာတယ်။ ‌နောက် တခြားထိုင်းဘုန်းကြီး‌တွေလည်း ပါတဲ့ အတွက် ‌ကျောင်းထိုင်ဆရာ‌တော်က အဆင်‌ပြေ‌အောင် မြန်မာဆိုလည်း မြန်မာ၊ ထိုင်းဆိုလည်း ထိုင်းဆိုပြီး သက်ဆိုင်ရာဘာသာ နဲ့ တရားနာ‌ရေစက်ချခဲ့တယ်”ဟု ယင်း‌ကျောင်းတိုက်တွင် သီတင်းသုံး‌နေသည့် ကရင်ဘုန်း‌တော်ကြီး ဦးဧန္ဒာစာရက ‌ကေအိုင်စီ သို့ မိန့်ကြားသည်။

လာမည့်နှစ်များတွင် ဘုံကထိန်ပွဲကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပခဲ့သည့် အစဉ်အလာအတိုင်းဘဲ ဆက်လုပ်ဖြစ်သွားမည်ဟု ‌မျှော်လင့်‌ကြောင်းလည်း ဦးဧန္ဒာစာရက ဆက်လက် မိန့်ကြားသည်။

အဆိုပါဘုံကထိန်ပွဲတွင် ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ဘုန်း‌တော်‌ကျောင်း ၅‌ကျောင်းမှ တစ်‌ကျောင်းလျှင် သံဃာတစ်ပါးနှုန်း ဖြင့် ပင့်ဖိတ်ကြွ‌ရောက်‌စေသကဲ့သို့ မဲ‌ဆောက်အ‌ခြေစိုက် မြန်မာဘုန်း‌တော်ကြီး‌ကျောင်းများဖြစ်သည့် ‌တောရ‌ကျောင်း‌ဟောင်း၊ မယ်‌တော်‌ကျောင်းတိုက်၊ ‌ကျောင်းကြီး စသည့်‌ကျောင်းတိုက်များမှ သံဃာ‌တော်များနှင့် လူထုပရိဿတ် ၅၀၀‌ကျော် လာ‌ရောက် ခဲ့ကြသည်။

ယင်းဘုံကထိန် ကျင်းပပြုလုပ်နိုင်‌ရေးအတွက် ‌တောရ‌ကျောင်းသစ်‌ကျောင်းထိုင် ဆရာ‌တော်သစ် ဝချိလညာ‌နောမှ ဦး‌ဆောင်စီ စဉ်‌ပေးခဲ့ခြင်းဖြစ်ပြီး ‌နေ့ဆွမ်း၊ ‌နေ့လည်စာ အ‌ကျွေးအ‌မွေးနှင့် လိုအပ်သည့် ကုန်ကျစရိတ်အားလုံးကို ‌တောရ‌ကျောင်းသစ်၏ အလှူရှင် ထိုင်းဒါယိကာမကြီး အလုကြည်တို့ မိသားစုမှ တာဝန်ယူ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ကထိန်ပွဲလာ‌ရောက်သူ မဲ‌ဆောက်မြို့‌နေ ကရင်အမျိုးသမီး နန်းရင်သန်းက “တနှစ်မှတခါ ဒီလိုအလှူမျိုးက ကျမတို့ မဖြစ်မ‌နေ လုပ်ကြရမှာပဲ။ တကယ်တမ်းကျ‌တော့ ကိုယ့်ရပ်ကိုယ့်ရွာမှာဆို ‌ပျော်‌ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နဲ့ လုပ်ရရင် ပို‌ကောင်းတာ ‌ပေါ့။ အခုက သူများနိုင်ငံမှာ ထိုင်းနှင့် မြန်မာဒကာ‌တွေနဲ့ မပျက်မကွက် လုပ်သွားကြရတာလည်း ဝမ်းသာရတာပါပဲ”ဟု ဆိုသည်။

ကထိန်ပွဲအလှူ၏ အစီအစဉ်အရ ယခုနှစ်တွင် ‌ကျောင်းတိုက်အတွင်းရှိ သိမ်‌ကျောင်း‌တော်၏ ထီး‌တော်အသစ်တင်ပွဲကိုပါ တွဲဖက် ၍ ကျင်းပပြုလုပ်ခဲ့ပြီး ၎င်းထီးတင်ပွဲကို မနက် ၉နာရီခွဲခန့်တွင် ပြုလုပ်ခဲ့ကြပြီး မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများက အတီးအ မှုတ်၊ အကအခုန်များဖြင့် ‌ကျောင်းဝင်းထဲတွင် ပ‌ဒေသာပင်များ လှည့်လည်ခဲ့ကြကာ လှူဒါန်းသမျှ ကုသိုလ်များကို ‌ရေစက်ချ အမျှ ‌ပေး‌ဝေခဲ့ခြင်းဖြင့် ဘုံကထိန်ပွဲကို အဆုံးသတ်ခဲ့သည်။

မဲ‌ဆောက်မြို့ရှိ ‌တောရ‌ကျောင်းသစ်သည် လွန်ခဲ့သည့်နှစ်‌ပေါင်း ၁၀ဝနီးပါးက ‌ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဘုံကထိန်ပွဲများ၊ ဆွမ်း‌တော်ကြီးပွဲ‌တော်နှင့် ဆွမ်းကြီး‌လောင်းပွဲများကို ယခုနှစ်အထိ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ခြင်း ဖြစ်သည်။