Home သတင်း စစ်‌လေ့ကျင့်‌ရေး‌ကျောင်း တည်‌ဆောက်‌ရေးရပ်စဲရန် ကရင်နီ‌ဒေသခံတို့၏ ‌တောင်းဆိုချက် KCSN ‌ထောက်ခံ

စစ်‌လေ့ကျင့်‌ရေး‌ကျောင်း တည်‌ဆောက်‌ရေးရပ်စဲရန် ကရင်နီ‌ဒေသခံတို့၏ ‌တောင်းဆိုချက် KCSN ‌ထောက်ခံ

1932
နိုဝင်ဘာလ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်တွင် တည်‌ဆောက်‌နေသည့် မြန်မာအစိုးရ၏ အမှတ်-၁၄ စစ်‌လေ့ကျင့်‌ရေး သင်တန်း ‌ကျောင်းသစ်ကို အစိုးရမှ ရပ်စဲထားရန် ‌ဒေသခံများ၏ ‌တောင်းဆိုထားမှုကို ‌ထောက် ခံ‌ကြောင်း ကရင်နီ အ‌ခြေပြု လူမှုအဖွဲ့အ စည်းကွန်ယက်- KCSN မှ နိုဝင်ဘာလ ၁၄ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ကရင်နီပြည်နယ် လူမှုအသင်းအဖွဲ့များမှ ဦး‌ဆောင်၍ ကရင်နီပြည်နယ်ရှိ မြို့နယ် ၅ ခုအပါအဝင် သျှမ်းပြည်‌တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ လူထုကိုယ်စားလှယ် ၄ဝ ‌ကျော် တက်‌ရောက်ခဲ့သည့် နှီး‌နှောဖလှယ်ပွဲတစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ်တ‌နေရာ တွင် နိုဝင်ဘာလ ၆ရက်မှ ၁ဝရက်‌နေ့အထိ ကျင်းပခဲ့ရာ စစ်သင်တန်း‌ကျောင်း ‌ဆောက်လုပ်ခြင်း‌ကြောင့် လယ်‌မြေအသိမ်းခံရမှု နှင့် နစ်နာမှုများကို ‌ဆွေး‌နွေးခဲ့ပြီး‌နောက် ထွက်‌ပေါ်လာသည့် ‌ကြေညာချက်ကို KCSN က ‌ထောက်ခံခဲ့ခြင်းဖြစ်သည်။

KCSN ၏ ‌ပြောခွင့်ရဖြစ်သူ ကိုသက်တင်မှ “‌ဒေသခံ‌တွေဟာ လယ်‌မြေအသိမ်းခံရ‌တော့ လုပ်ကိုင်စား‌သောက်ရ ကြပ်တည်းလာ တယ်။ ‌နောက် သူတို့နယ်‌မြေထဲမှာ စစ်သင်တန်း‌ကျောင်းရှိတဲ့အတွက် သွားလာရတာ မလွတ်‌တော့ ရပ်စဲဖို့ ‌တောင်းဆိုတာပဲ။ ဒါကို ပြည်သူဘက်ရပ်ပြီး KCSN ကလည်း ‌ထောက်ခံတာပါ”ဟု ‌ပြောသည်။

ဆက်လက်၍ ကရင်နီပြည်နယ်အတွင်းတွင် ‌ရေကာတာနှင့် သတ္တု စသည့် စီမံကိန်းကြီးများ‌ကြောင့် သဘာပတ်ဝန်းကျင်၊ အင်း အိုင် ပျက်စီးသွားမည်ဖြစ်သည်ဟု ကိုသက်တင်က ဆိုသည်။

အစိုးရအ‌နေဖြင့် ကရင်နီပြည်နယ်အတွင်း လက်ရှိ လုပ်‌ဆောင်‌နေသည့် အကြီးစား စီမံကိန်းများကို ရပ်စဲရန်၊ သိမ်းဆီးထားသည့် ‌မြေယာများကို ‌ဒေသခံပိုင်ရှင်များထံ ပြန်‌ပေးရန်နှင့် လာမည့်အနာဂတ်၌ လုပ်‌ဆောင်လိုသည့် မည်သည့်စီမံကိန်းကိုမဆို ကြိုတင် အသိ‌ပေးထားကာ ပြည်သူများ၏ လွတ်လပ်‌သောဆန္ဒဖြင့် ထုတ်‌ဖော်သည့် သ‌ဘောတူညီချက်လမ်းညွန် (Free, Prior Inform Consent – FPIC) ကျင့်ထုံးကို အသုံးပြုသွားရန် KCSN ထုတ်ပြန်ချက်တွင် ‌တောင်းဆိုလိုက်ကြသည်။

“အစိုးရတပ်သိမ်းဆီးထားတဲ့ ‌မြေ‌တွေဟာ ကျ‌နော်တို့ ဘိုးဘွားပိုင်‌မြေနဲ့ စိုက်ပျိုး‌မြေ‌တွေပါ။ ကျ‌နော်တို့ မှီခို‌နေရတဲ့ ဒီ‌မြေ‌တွေ မရှိ ‌တော့ဘူးဆိုရင် ဘယ်လို လုပ်ကိုင်စား‌သောက်ကြမလဲ“ဟု ‌မြေယာအသိမ်းဆီးခံခဲ့ရသူ ‌ဒေသခံ ရွာသားတဦးဖြစ်သူ တူရယ်၏ ‌ပြောကြားချက်ကို ကိုးကား၍ KCSN ထုတ်ပြန်ချက်၌ ‌ဖော်ပြထားသည်။

ကရင်နီလူမှုအသင်းအဖွဲ့များအ‌နေဖြင့် စစ်‌လေ့ကျင့်‌ရေးသင်တန်း‌ကျောင်း တည်‌ဆောက်‌ရေးရပ်စဲရန် ပြည်သူလူထု၏ တင်ပြ ‌တောင်းဆိုချက်နှင့်ပတ်သက်၍ တစုံတရာ ထူးခြားလာမည်ဟု ‌မျှော်လင့်‌ကြောင်း ထူးခြားမှုမရှိပါက ‌ဒေသခံများနှင့်အတူ ပူး‌ပေါင်း ကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်‌ဖော်ခြင်း၊ ဆု‌တောင်းပွဲများ ပြုလုပ်ခြင်း စသည့်လှုပ်ရှားမှုများကို ဆက်လက် လုပ် ‌ဆောင်သွားမည်ဟု ကိုသက်တင်က ‌ပြောသည်။

ယခင်လ ‌အောက်တိုဘာ ၃၁ ရက်‌နေ့၌လည်း ကရင်နီပြည်နယ်၌ လုပ်‌ဆောင်‌နေသည့် စီမံကိန်းလုပ်ငန်းများသည် ပွင့်လင်းမြင် သာမှု မရှိ‌သော‌ကြောင့် လက်ရှိ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ-KNPP နှင့် အစိုးရတို့၏ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များကို အား‌ပျော့ပျက်ပြယ်‌စေနိုင်အ‌ကြောင်း KCSN မှ သတင်းစာရှင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။