Home သတင်း ယာယီပတ်စ်ပို့ ပြုလုပ်မှု ကြန့်ကြာ‌နေသဖြင့် အလုပ်သမား များ သွားလာ‌ရေး အခက်ကြုံ

ယာယီပတ်စ်ပို့ ပြုလုပ်မှု ကြန့်ကြာ‌နေသဖြင့် အလုပ်သမား များ သွားလာ‌ရေး အခက်ကြုံ

2005
နိုဝင်ဘာလ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်သမားအဖြစ် အလုပ် လုပ်ကိုင်နိုင်ရန် ယာယီနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ပြု လုပ်ရာတွင် သတ်မှတ်ချိန်အတိုင်း အတာထက် ပိုမိုကြန့်ကြာ‌နေ သဖြင့် အလုပ်သမားများ အတွက် သွားလာ‌ရေး အခက် အခဲ ကြုံ‌တွေ့‌နေရသည်။

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ ပတ်စ်ပို့လုပ်‌ပေး‌နေသည့် ဌာနသို့ ပတ်စ်ပို့ရရှိ‌ရေးအတွက် ‌လျှောက်လွှာ တင်ရာတွင် တစ်လအတွင်း အပြီးလုပ်‌ပေးမည်ဆို‌သော်လည်း ‌လေး၊ ငါးလ ကြာသည့် တိုင်‌အောင် မလုပ်‌ပေးဘဲ ကြန့်ကြာ‌နေမှုရှိ‌နေသည်ဟု မဲ‌ဆောက်မြို့ရှိ အသက် ၄၀‌ကျော်အရွယ် မြန်မာအလုပ်သမားတစ်ဦးက ‌ပြောသည်။

သူက “၂၀၁၂ခုနှစ်အထဲမှာ ယာယီပတ်စ်ပို့ စလုပ်‌ပေး‌နေပါပြီဆိုကတည်းက ‌လျှောက်ထားတာ အခုထိမရ‌သေးပါဘူး။ ကျ‌နော်က (ထိုင်း)တစ်နှစ်ခံဘတ်(work permit) လည်း ရှိတယ်။ ဒါ‌ပေမယ့် ကျ‌နော် ‌ပေးထားတဲ့နာမည်နဲ့ မှတ်ပုံတင်ထဲက နာမည်နဲ့ မတူလို့ဆိုပြီး အခုထိ လုပ်‌ပေးတာ မပြီး‌သေးဘူး”ဟု ‌ပြောသည်။

မဲ‌ဆောက်ရှိ ‌ရွှေ့‌ပြောင်းကရင်အလုပ်သမားတစ်ဦးကလည်း “ကျ‌နော်လုပ်ထားတာ ငါးလရှိပြီ။ အခုထိ မရ‌သေးဘူး။ ထိုင်းဘတ် ‌ငွေ တစ်‌သောင်းငါး‌ထောင်လည်း ‌ပေးထား ပြီးပြီ။ တချို့လူ‌တွေဆိုရင် ရ‌တောင်ရ‌နေပြီ။ ဖြစ်နိုင်ရင် ဘယ်‌တော့ရမယ်ဆိုတာ အတိအကျ ဖြစ်‌စေချင်တယ်”ဟု ‌ပြောသည်။

ထို့အပြင် အလုပ်သမားအချို့က ပတ်စ်ပို့ပြုလုပ်ထားပြီးဖြစ်‌သော်လည်း ထိုင်းနိုင်ငံအတွင်း သွားလာရာတွင် ထိုင်းရဲ(ပုလိပ်)မှ စစ် ‌ဆေး‌မေးမြန်းခြင်း၊ ‌ငွေ‌ကြေး‌ကောက်ခံခြင်းများကို ခံ‌နေကြရဆဲဖြစ်သည်ဟု ‌ပြောဆို‌နေကြသည်။

ထိုင်းနိုင်ငံသို့ သွား‌ရောက်အလုပ်လုပ်ကိုင်‌နေကြ‌သော မြန်မာအလုပ်သမားများသည် Work Permit မရှိသူများအတွက် ယခုနှစ် ဒီဇင်ဘာလ ၁၄ရက်‌နောက်ဆုံးထားပြီး ထိုင်းနိုင်ငံ၏ တရားဝင်အလုပ် သမားအဖြစ် ယာယီပတ်စ်ပို့နှင့် အလုပ်လုပ်ခွင့် ‌လျှောက် ထားရမည်ဖြစ်ပြီး ဖမ်းဆီးအ‌ရေးယူ‌တော့မည်ဖြစ်‌ကြောင်း မဲ‌ဆောက်မြို့ရှိ အလုပ် သမားရုံးက ‌ကြေညာထားပြီး ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မဲ‌ဆောက်အ‌ခြေစိုက် အလုပ်သမားအ‌ရေးကို ကူညီ‌ဆောင်ရွက်‌ပေး‌နေသည့် ‌ရောင်ခြည်ဦးအလုပ် သမားကူညီ‌စောင့်‌ရှောက်‌ရေးအဖွဲ့မှ ဥပ‌ဒေ‌ရေးရာ တာဝန်ခံ ကို‌ထွေးနိုင်က “ကျ‌နော်တို့အ‌နေနဲ့ လုပ်‌ပေး‌နေတဲ့ agent (ကိုယ်စား လှယ်)‌တွေကို ‌မေးကြည့်‌တော့ သူတို့‌တွေအ‌နေနဲ့ကလည်း ဘယ်‌နေ့ပြီး မယ်ဆိုတာကို တိတိ ကျကျ ‌ပြောလို့မရဘူးလို့‌ပြောတယ်။ တချို့‌နေရာ‌တွေမှာကျ‌တော့ သူတို့ကိုယ်တိုင် လိုက်လုပ်‌ပေးလို့မရဘဲ ဌာနဆိုင်ရာတခုချင်းစီကို တင်ပြရတယ်”ဟု ‌ပြောသည်။

ပတ်စ်ပို့‌လျှောက်ရာတွင် တနှစ်စာသက်တမ်း အလုပ်လုပ်ခွင့်(work permit)ရှိသူများအ‌နေဖြင့် ယာယီနိုင်ငံကူးလက်မှတ် ၆နှစ် သက်တမ်းနှင့် ၂နှစ်သက်တမ်း အလုပ်လုပ် ခွင့်အတွက် စုစု‌ပေါင်း ထိုင်းဘတ်‌ငွေ ၁၀၅၀၀-၁၅၀၀ဝအထိ ‌ပေး‌ဆောင်ကြရ‌ကြောင်း အလုပ်သမားများက ‌ပြောဆို‌နေကြသည်။

သို့‌သော် ပွဲစားများမှတဆင့် ပြုလုပ်ရာတွင် ထိုင်းဘတ်‌ငွေ ၅၀၀ဝမှ ၈၀၀ဝအထိ ‌ပေး‌ဆောင်ကြရပြီး ယင်းလက်မှတ် ပြုလုပ်ပြီးစီး သွားပါက အလုပ်လုပ်ခွင့် သက်တမ်းတိုးရာတွင် တနှစ်လျှင် ကျန်းမာ‌ရေးစားရိတ် ၁၉၀ဝဘတ်နှင့် အလုပ်သမားရုံးသို့ ၁၀၀ဝ ဘတ်၊ သူ‌ဌေးငှားရမ်းခ ၁၅၀ဝဘတ် ‌ပေး‌ဆောင်ကြရသည်။

ထိုင်းနိုင်ငံရှိ အလုပ်သမားများသည် ယခုနှစ် ဒီဇင်ဘာလ ၁၄ရက်‌နောက်ပိုင်း အလုပ်သမားလက်မှတ် ပြုလုပ်ထားခြင်းမရှိဘဲ စစ်‌ဆေး‌တွေ့ရှိသူများကို ထိုင်းဥပ‌ဒေ ပုဒ်မ BE2522 (ဘီအီး၂၅၂၂)အရ ဒဏ်‌ငွေအဖြစ် ထိုင်းဘတ်‌ငွေ ၅,၀၀၀(ငါး‌ထောင်)နှင့် ‌ထောင်ဒဏ် ၅နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်ဟု သိရသည်။