Home သတင်း အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် အ‌ပြောနှင့်အလုပ် မကိုက်ညီဟု AAPP ‌ပြောဆို

အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် အ‌ပြောနှင့်အလုပ် မကိုက်ညီဟု AAPP ‌ပြောဆို

1557
နိုဝင်ဘာလ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

မြန်မာအစိုးရ၏ အ‌ခြေခံ ဥပ‌ဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)နှင့်အညီ လွတ်ငြိမ်းချမ်း သာခွင့်အဖြစ် ယမန်‌နေ့က လွှတ်‌ပေးလိုက်သည့် အကျဉ်းသား ၄၅၂ဦးထဲ တွင် နိုင်ငံ‌ရေးအကျဉ်းသား မပါဝင်သည့်တွက် အစိုးရသည် အ‌ပြောနှင့်အလုပ် မကိုက်ညီ‌ကြောင်း ထိုင်း နိုင်ငံ အ‌ခြေစိုက် နိုင်ငံ‌ရေး အကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း (မြန်မာ နိုင်ငံ)-AAPP က ယ‌နေ့ ‌ပြောဆိုလိုက်သည်။

စက်တင်ဘာလက အ‌မေရိကန်ပြည်‌ထောင်၌ ပြုလုပ်သည့် ကမ္ဘာ့ကုလသမဂ္ဂအ‌ထွေ‌ထွေညီလာခံသို့ တက်‌ရောက်ခဲ့သည့် သမ္မတ ဦးသိန်းစိန်ကို ဘီဘီစီသတင်းဌာန မြန်မာပိုင်းမှ ‌မေးမြန်းခဲ့ရာ သမ္မတက မြန်မာနိုင်ငံရှိ နိုင်ငံ‌ရေး အကျဉ်းသားများကို စိစစ်ကာ လွှတ်‌ပေးလျှက်ရှိ‌ကြောင်း ပြန်လည်‌ဖြေကြားခဲ့သည်။

AAPP အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ကိုတိတ်နိုင်က “သမ္မတရဲ့ အ‌မေရိကန်ခရီးစဉ်မှာ နိုင်ငံ‌ရေးအကျဉ်းသား‌တွေကို စိစစ်ပြီး လွှတ် ‌ပေး‌နေပါတယ်။ ရာဇဝတ်အကျဉ်းသား‌တွေကို လွှတ်‌ပေးဖို့ အစီအစဉ် မဖြစ်နိုင်‌သေးဘူးလို့ ‌ဖြေကြားထားတယ်။ အခုလွှတ်တာ နိုင်ငံ‌ရေးအကျဉ်းသား မပါ‌တော့ လက်ရှိ နိုင်ငံ‌ရေး ပြုပြင်‌ပြောင်းလဲမှုဟာ သံသယ ဖြစ်စရာပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ မြန်မာနိုင်ငံ အကျဉ်း‌ထောင်အသီးသီးမှ ရှိ‌နေ‌သော အကျဉ်းသားများကို အစိုးရအ‌နေဖြင့် ‌သေ‌သေချာချာ စိစစ်ကာ နိုင်ငံ‌ရေးအကျဉ်းသား/သူ ဖြစ်သူများကို အမြန်ဆုံး လွှတ်‌ပေး‌စေလို‌ကြောင်း ကိုတိတ်နိုင်က အစိုးရအား တိုက်တွန်း‌ပြောဆိုလိုက် သည်။

အစိုးရမှ လွှတ်‌ပေးလိုက်သည့် အကျဉ်းသားများထဲတွင် ထိုက်သင့်‌သော ပြစ်ဒဏ်ကျခံပြီးသူများ၊ အသက်အရွယ်ကြီးရင့်သူများ နှင့် ကျန်းမာ‌ရေးချို့တဲ့သူများ၊ ပြစ်ဒဏ်ကျခံ‌နေရ‌သော နိုင်ငံခြားသားများဖြစ်ပြီး ၎င်းတို့ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပ‌ဒေ ပုဒ်မ-၄၀၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းဖြစ်သည်ဟု ယမန်‌နေ့ နိုဝင်ဘာလ ၁၅ရက်‌နေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ တွင် ‌ဖော်ပြပါရှိသည်။

အစိုးရ၏ လက်ရှိ‌ဖော်‌ဆောင်‌နေ‌သော ဒီမိုက‌ရေစီ ပြုပြင်‌ပြောင်းလဲ‌ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံ‌ရေးအကျဉ်းသားများ လွှတ်‌ပေး ‌ရေးသည် အဓိကကျ‌သော အချက်တစ်ချက်အဖြစ်ပါဝင်ပြီး နဝတ၊ နအဖ စစ်အစိုးရ‌ခေတ်ကတည်းက မတရား ဖမ်းဆီးချုပ်‌နှောင် ခံထားရသူ နိုင်ငံ‌ရေးအကျဉ်းသားများစွာ ရှိ‌နေ‌သေးသည်ဟုလည်း AAPP က ဆိုသည်။

ကိုတိတ်နိုင်က “ကျန်ရှိ‌နေတဲ့ နိုင်ငံ‌ရေးအကျဉ်းသား‌တွေကို လွှတ်‌ပေးချင်ရင် အကုန်လွှတ်‌ပေးလို့ရတယ်။ အခု အစိုးရအ‌နေနဲ့ ဒါ ကို မျက်ကွယ်ပြု‌နေတဲ့အခါကျ‌တော့ ဒီမိုက‌ရေစီဖွံ့ဖြိုးတိုးတက်‌ရေးကို တမင်‌နှောင့်‌နှေး‌အောင် လုပ်‌ဆောင်‌နေသလားလို့‌တောင် ယူဆလို့ရတယ်”ဟု ‌ပြောသည်။

လက်ရှိ မြန်မာနိုင်ငံရှိအကျဉ်း‌ထောင်များထဲတွင် ကျန်ရှိ‌သောနိုင်ငံ‌ရေး အကျဉ်းသားများမှာ အနည်းဆုံး ၂၇၇ဦးရှိ‌ကြောင်းနှင့် မတရားအသင်းနှင့်ဆက်သွယ်မှုဖြင့် ဖမ်းဆီးခဲ့ပြီး ရာဇဝတ်မှုပုဒ်မ အမျိုးမျိုးတပ်ကာ ဆက်လက် ဖမ်းဆီးခံထားရသူများ၏ ဦး‌ရေ မှာ ၅ဝနှင့် ၆ဝအကြားတွင် ရှိ‌နေ‌သေး‌ကြောင်း AAPP ၏ စာရင်းမှတ်တမ်းအရ သိရသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီး‌နောက်ပိုင်း သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများအား လွှတ်‌ပေးခဲ့ရာ ယခုအကြိမ်ဆိုလျှင် ၅ကြိမ်‌မြောက်ရှိပြီဖြစ်သည်။