Home သတင်း ဘုရားသုံးဆူတွင် ပြည်သူ့ စစ်‌ခေါင်း‌ဆောင်အိမ် ‌ဖောက်ထွင်းခံရ

ဘုရားသုံးဆူတွင် ပြည်သူ့ စစ်‌ခေါင်း‌ဆောင်အိမ် ‌ဖောက်ထွင်းခံရ

1529
နိုဝင်ဘာလ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ‌ဖောက်ထွင်းခိုး ယူမှုများ ဆက်တိုက်ဖြစ်ပွား‌နေသည်နှင့်အမျှ ယ‌နေ့မနက် ၃နာရီခန့်တွင် ဘုရားသုံးဆူမြို့ ရပ်ကွက် (၁)ရှိ ပြည်သူ့ စစ်‌ခေါင်း‌ဆောင် ဦးမင်းသိန်း ၏ ‌နေအိမ် ‌ဖောက်ထွင်းခံရ သည်ဟု သိရသည်။

အိမ်‌ဖောက်ထွင်းခံရသူ ဦးမင်းသိန်းက “သူခိုးက အိမ်‌နောက်‌ဖေးက အိမ်တံခါးမကြီးကို တိုးဖွင့်ပြီးဝင်တာ။ တခါး က ဂျက်ထိုးထား‌ပေမယ့် မခိုင်လို့ဖြစ်မယ်။ ‌နောက် အိမ်ထဲမှာ မီးဖွင့်ထားတဲ့ကြားက ဝင်လာတာ။ ဝင်လာ‌တော့ အိမ်‌ရှေ့အခန်းမှာ အိပ်‌နေတဲ့ ကျ‌နော့်ဇနီးလည်မှာ ဆွဲထားတဲ့ နှစ်ကျပ် သား ‌ရွှေကြိုးဆွဲ ကို ဖြတ်ယူထွက်‌ပြေး တာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘုရားသုံးဆူမြို့အတွင်းရှိ ဖြစ်ပွား‌နေသည့် ‌ဖောက်ထွင်းခိုးယူမှုများသည် ပစ္စည်း‌ဖောက်ထွင်းခိုးခံရသူကိုယ်တိုင် များက မြို့ခံရဲစခန်းသို့ တိုင်ကြားခဲ့မှုများရှိခဲ့‌သော်လည်း အ‌ကြောင်းထူးမလာသဖြင့် ‌နောက်ပိုင်းတွင် တိုင်ကြား ‌လေ့ မရှိ‌တော့‌ကြောင်း ဦးမင်းသိန်းက ဆက်‌ပြောသည်။

ထို့အပြင် နိုဝင်ဘာလ ၁၆ရက်‌နေ့၊ မနက် ၄နာရီခွဲအချိန်၌ ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၄) ‌ဒေါနလမ်းရှိ ‌ခေါက် ဆွဲ‌ကြော်‌ရောင်းသည့် မလှဝင်းနွယ်၏ ဆိုင်တွင် ‌ဖောက်ထွင်းသူတစ်ဦးက ဝင်‌ရောက်ခဲ့ပြီး ယင်းရှင်ပိုင်ရှင် ထံမှ နှစ်ကျပ်သား ‌ရွှေဆွဲကြိုးဖြတ်ယူသွားသကဲ့သို့ ထိုင်းဘတ်‌ငွေ ၆,၈၀ဝ ယူသွား‌ကြောင်း ဘုရားသုံးဆူမြို့ အာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

“အဲဒီ‌ခေါက်ဆွဲဆိုင်က မလှဝင်းနွယ်တို့သားအမိ သုံး‌ယောက်ပဲ ရှိတယ်။ အကုန်လုံး မိန်းမသားပဲဆို‌တော့ ‌ကြောက် လို့ အခုဆိုရင် ဘုရားသုံးမှာရှိတဲ့ တည်းခိုခန်းတခုမှာ တစ်လကို ဘတ် ၁,၆၀ဝနဲ့ ငှားပြီး သွားအိပ်‌နေ ကြရတယ်”ဟု ‌ပြောဆိုသည်။

ဘုရားသုံးဆူမြို့တွင် ဖြစ်ပွား‌နေသည့် အိမ်‌ဖောက်ထွင်းခိုးယူမှုများသည် တစ်ပတ်၊ နှစ်ပတ်နှင့် ရက်ပိုင်းသာ ခြား၍ ဆက်တိုက် ဖြစ်ပွား‌နေပြီး ယင်းသို့ ဖြစ်‌ပွေား‌နေခြင်း‌ကြောင့် မြို့ခံများမှာ စိုးရိမ်ရသည့်အ‌ခြေအ‌နေတွင် ရှိ‌နေ‌ကြောင်း သိရသည်။

ထိုသို့ ‌ဖောက်ထွင်းခိုးယူမှုမှာ ‌အောက်တိုဘာလ ၂၆ရက်မှ နိုဝင်ဘာလ ယခုချိန်အထိ ဖြစ်ပွားခဲ့ သည့် ‌ဖောက်ထွင်းခိုး ယူမှု ၁ဝမှု‌ကျော် ရှိပြီဖြစ်သည်ဟု ဘုရားသုံးဆူရှိ အစိုးရအာဏာပိုင် များ၏ ‌ကောက်ခံရရှိထား သည့် စာရင်းအရ သိရသည်။

ဘုရားသုံးဆူမြို့တွင် ‌ဖောက်ထွင်းခိုးယူမှုအပါအဝင် လူသတ်မှု၊ ပစ်ခတ်မှု၊ ဗုံး‌ပေါက်ကွဲမှု၊ ပြန်‌ပေးဆွဲမှုနှင့် ဓါးပြတိုက်မှုများ မကြာခဏ ဖြစ်ပွား‌လေ့ရှိသည်။