Home သတင်း မြန်မာနိုင်ငံရှိ လူမှုအ‌ခြေပြုအဖွဲ့ အစည်းများကို သမ္မတအိုဘားမား ချီးကျူးစကားဆို

မြန်မာနိုင်ငံရှိ လူမှုအ‌ခြေပြုအဖွဲ့ အစည်းများကို သမ္မတအိုဘားမား ချီးကျူးစကားဆို

1791
နိုဝင်ဘာလ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

တိုင်းပြည်ပြုပြင်‌ပြောင်းလဲမှုတွင် ယ‌နေ့အ‌ခြေအ‌နေအထိ တိုးတက်‌ပြောင်းလဲမှု ဖြစ်လာရခြင်းမှာ မြန်မာနိုင်ငံရှိ လူထုအ‌ခြေပြုအဖွဲ့အစည်းများ၏ ကြိုပမ်းအားထုတ်မှု လည်းပါဝင်‌ကြောင်း အ‌မေရိကန်ပြည်‌ထောင် စု သမ္မတ ဘရက်အိုဘားမားက ယမန်‌နေ့၌ ချီးကျူးစကား ‌ပြောဆို လိုက်သည်။

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ်‌ရောက် ရှိခဲ့‌သော သမ္မတ အိုဘားမားက ရန်ကုန်တက္ကသိုလ်၌ လူလုအ‌ခြေပြုအဖွဲ့အ စည်း‌ခေါင်း‌ဆောင် ၁၄ဦးနှင့် ယမန်‌နေ့ ‌နေ့လည် ၂နာရီအချိန်တွင် ၁၅ မိနစ်ကြာ ‌တွေ့ဆုံခဲ့ စဉ် ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

သမ္မတနှင့် ‌တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့-KWAG ၏ ဒါရိုက်တာ ‌နော်စူစဲ နာလှလှစိုးက “ကျမတို့ ပြည်တွင်းမှာ ဖိနှိပ်မှုများစွာနဲ့ အလုပ်လုပ်‌နေကြရတာပါ။ ဒါကို သူက အသိ အမှတ်ပြုပြီး ‌တော့ ‌ပြောလာတဲ့အတွက် ကြက်သီးထမတက် အံ့ဩဝမ်းသာဖြစ်မိတယ်။ ကျမတို့ နိုင်ငံက သမ္မတလည်း ကျမ တို့ရဲ့ လုပ်‌ဆောင်မှု‌တွေကို အသိအမှတ်ပြု‌စေချင်တယ်”ဟု ‌ပြောသည်။

အ‌မေရိကန်သမ္မတအ‌နေဖြင့် အချိန်အနည်းငယ်ရ‌နေသည့်ကြားမှ လူထုအ‌ခြေပြုအဖွဲ့အစည်းများကို ‌တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ လုပ်ရပ်အ‌ပေါ် ချီးကျူး‌ထောက်ခံသွားသည့်အ‌ပေါ် ‌ကျေနပ်အားရမိ‌ကြောင်းလည်း ‌နော်စူစဲနာလှလှစိုး က ဆက်‌ပြောသည်။

၎င်း‌တွေ့ဆုံမှုတွင် ‌နော်စူစဲနာလှလှစိုး အပါအဝင် သီတဂူဆရာ‌တော် ‌ဒေါက်တာအရှင်ဉာဏိဿရ၊ သျှမ်း‌ခေါင်း ‌ဆောင် ဦးခွန်ထွန်းဦး၊ ကချင်ငြိမ်ချမ်း‌ရေးကွန်ယက်မှ မစံပယ်ဖြူ၊ ၈၈ မျိုးဆက်‌ခေါင်း‌ဆောင် ဦးကိုကိုကြီးနှင့် ဦး မင်းကိုနိုင်၊ အလုပ်သမားအ‌ရေး လုပ်‌ဆောင်‌နေသည့် ဦး‌မောင်‌မောင်နှင့် လူထုအကျိုးပြုလုပ်‌ဆောင်‌နေသည့် ကို မျိုးရန်‌နောင်သိန်း စသည့် လူထူအ‌ခြေပြု အဖွဲ့အစည်းမှ ‌ခေါင်း‌ဆောင် ၁၄ ဦးတို့ဖြစ်သည်။

‌နော်စူစဲနာလှလှစိုးက “ကျမက‌တော့ ငြိမ်းချမ်း‌ရေးနဲ့ပတ်သက်ပြီး အမျိုးသမီး‌တွေ ပါဝင်ခွင့်ရ‌ရေးနဲ့ မငြိမ်းချမ်းမှု ‌တွေ‌ကြောင့် တကယ်ပဲခံစားရတဲ့ သူ‌တွေက အမျိုးသမီးနဲ့က‌လေး‌တွေပဲဖြစ်တယ်ဆိုတဲ့အ‌ကြောင်းနဲ့ ငြိမ်းချမ်း ‌ရေးမှာလည်း စီးပွား‌ရေးပါဝင်မှု စနစ်တကျဖြစ်သင့်တယ်ဆိုတာကို သမ္မတ အိုဘားမားကို ‌ပြောဖြစ်ခဲ့တယ်”ဟု ဆိုသည်။

ထို့အပြင် ဦးခွန်ထွန်းဦးကလည်း လက်ရှိ မြန်မာနိုင်ငံတွင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်‌ထောင်စု အ‌ကောင် အထည်‌ဖော်လိုပါက မြန်မာအစိုးရအ‌နေဖြင့် တိုင်းရင်းသား‌ဒေသများတွင် ဖြစ်ပွား‌နေသည့် တိုက်ပွဲများ ရပ်စဲထားရမည်ဖြစ်‌ကြောင်း သမ္မတ အိုဘားမားအား ‌ပြောဆိုခဲ့သည်။

ယမန်‌နေ့က မြန်မာပြည်သို့ အလည်‌ရောက်ရှိခဲ့‌သော သမ္မတ အိုဘားမားသည် မြန်မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်နှင့် လွှတ်‌တော် ဥက္ကဌ စသည့် ပုဂ္ဂိုလ်တို့နှင့်လည်း ‌တွေ့ဆုံခဲ့ပြီး ရန်ကုန် တက္ကသိုလ်ခန်းမတွင် မြန်မာပြည်သူလူထုများအား မိန်းခွန်း‌ပြောခဲ့‌သေးသည်။