Home သတင်း ‌တောင်ငူခရိုင်တွင် ‌လေယာဉ်ဖြင့် အစိုးရတပ် စစ်‌ရေး‌လေ့ကျင့် ၍ ‌ဒေသခံများ စိုးရိမ်ထိတ်လန့်‌နေ

‌တောင်ငူခရိုင်တွင် ‌လေယာဉ်ဖြင့် အစိုးရတပ် စစ်‌ရေး‌လေ့ကျင့် ၍ ‌ဒေသခံများ စိုးရိမ်ထိတ်လန့်‌နေ

2108
နိုဝင်ဘာလ ၂ဝ ရက်၊ ၂၀၁၂ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ် နယ်‌မြေ ‌တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ယခုရက်ပိုင်း အတွင်း မြန်မာအစိုးရစစ်တပ် ဘက်မှ ‌လေယာဉ်ဖြင့် စစ်‌ရေး‌လေ့ကျင့်မှု များ ပြုလုပ်‌နေသဖြင့် ထို‌ဒေသရှိ ‌ဒေသခံရွာသူ ရွာသားများမှာ စိုးရိမ်ထိတ်လန့်မှုဖြစ်‌နေကြသည်ဟု သိရသည်။

မြန်မာအစိုးရတပ်သည် ယခု နိုဝင်ဘာလ ၉ ရက်မှ ၁၂ ရက်‌နေ့အထိ တစ်ကြိမ်၊ ၁၅ ရက်‌နေ့တွင် တစ်ကြိမ် အစိုးရ‌လေတပ်မှ ‌ဝေဟင်‌ပေါ်မှ‌နေ၍ ‌လေယဉ်ဖြင့် ဗုံးကျဲခြင်း၊ စက်‌သေနတ်များဖြင့် ပစ်ခတ်ပြီး စစ်‌ရေး‌လေ့ ကျင့်မှုများပြုလုပ်ခဲ့‌ကြောင်း အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ လုပ်ကိုင်စား‌သောက်‌နေရတဲ့ စပါး၊ ပဲ စတဲ့ သီးနှံရိတ်သိမ်းလို့ မပြီး‌သေးတဲ့ အချိန်မှာ ဒီလို ‌လေယာဉ်နဲ့ စစ်‌လေ့ကျင့်တာ‌တွေလုပ်‌တော့ ‌ကြောက်ရတယ်။ အလုပ်မဆင်းရဲတဲ့အတွက် အလုပ်အကိုင်ပျက်၊ ဝင်‌ငွေလည်း ထိခိုက်တယ်။ ‌နောက် ဗုံးသံ၊ ‌သေနတ်သံ‌တွေ‌ကြောင့် ‌ကြောက်လန့်‌နေရတယ်”ဟု ‌ပြောဆိုသည်။

၎င်းစစ်‌ရေး‌လေ့ကျင့်ခဲ့သည်‌နေရာသည် ထန်းတပင်မြို့နယ် အ‌ရှေ့ဘက် ၄ မိုင်ဝန်းကျင်တွင် တည်ရှိပြီး အနီးအနားတွင် ကျွန်းကုန်း၊ ‌ရွှေ‌ဈေး၊ ပဲပုတ်၊ ‌ချောင်းဝ၊ ကရင်နီကုန်းစသည့် ‌ကျေးရွာများရှိကာ ‌ဒေသခံရွာသူ ရွာသားများ လုပ်ကိုင်စား‌သောက်‌နေရ‌သော ‌နေရာလည်းဖြစ်သည်။

သို့‌သော် အဆိုပါ‌ဒေသအတွင်းရှိ ‌လေယဉ်ဖြင့် စစ်‌ရေး‌လေ့ကျင့်မှုများ ပြုလုပ်ခဲ့‌သော အစိုးရတပ်မှာ မည်သည့် တပ်မှ ဖြစ်‌ကြောင်းကို ယခုထိ အတည်ပြုနိုင်ခြင်းမရှိ‌သေး‌ပေ။
‌တောင်ငူခရိုင်ရှိ နယ်‌မြေခံ KNU တာဝန်ရှိသူတစ်ဦးက ထန်းတပင်မြို့နယ်တွင် လှုပ်ရှား‌နေသည့် မြန်မာအစိုးရ တပ်များတွင် ‌လေ‌ကြောင်းတပ်မရှိ‌ကြောင်း၊ ယခု စစ်‌ရေး‌လေ့ကျင့်မှုသည် ‌တောင်ပိုင်းစစ်ဌာနချုပ် နယ်‌မြေဖြစ် ‌သော‌ကြောင့် ‌တောင်ငူမြို့အ‌ခြေစိုက် ‌တောင်ငူ‌လေတပ်စခန်းဌာနချုပ်မှ ဖြစ်နိုင်‌ကြောင်း သုံးသပ်‌ပြောဆိုသည်။

“စစ်‌ရေး‌လေ့ကျင့်မှုဟာ ‌တောင်ငူ‌လေတပ်က ဖြစ်နိုင်တယ်။ အနီးအနားဆိုရင် အဲဒါပဲ ရှိတာကိုး။ အခုလို ‌လေ့ ကျင့်မှုလာလုပ်တာ ‌ဒေသခံလူထု‌တွေကို တိုက်ရိုက် လူ့အခွင့် အ‌ရေးချိုး‌ဖောက်‌နေရတာ‌တွေ၊ ‌နောက် လူနဲ့ ကျွဲ၊ နွား တိရစ္ဆာန်တို့ ထိခိုက်တာ‌တော့ မရှိပါဘူး။ ဒါ‌ပေမယ့် အလုပ်အကိုင် ‌ကောင်း‌ကောင်း မလုပ်ရ‌တော့ သွယ်ဝိုက်တဲ့နည်း ချိုး‌ဖောက်ခံရတာပဲ‌ပေါ့”ဟု အဆိုပါ KNU တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

ဆက်လက်၍ အပစ်အခတ်ရပ်စဲထားသည့်ကာလအတွင်း ‌လေယာဉ်ဖြင့် စစ်‌ရေး‌လေ့ကျင့်မှု ပြုလုပ်‌နေခြင်းသည် မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်‌ဆောင်‌နေခြင်းဖြစ်သည်ကို ရွာသူရွာသားများက ၎င်းတို့အား ‌မေးမြန်းမှုရှိ ‌ကြောင်း သူက ဖြည့်စွက်‌ပြောဆိုသည်။

‌လေယာဉ်ဖြင့် စစ်‌ရေး‌လေ့ကျင့်သည့် ‌နေရာအနီးတစ်ဝိုက်တွင် အစိုးရတပ်မှ တပ်စွဲထားခြင်းမရှိဘဲ ‌တောင်ငူမြို့ အ‌ရှေ့ဘက် ၄ မိုင်အကွာတွင်တပ်စွဲထား‌သော ခလရ (၃၉)တပ်ရင်းနှင့် ‌တောင်ငူ‌တောင်ဘက်ခြမ်း ၁ဝ မိုင် အကွာ ဇရပ်ကြီးတွင် တပ်စွဲထား‌သော ခလရ (၇၃)တပ်ရင်းတို့သာရှိ‌ကြောင်း သိရသည်။

KNU ‌တောင်ငူခရိုင်အတွင်းရှိ မြန်မာအစိုးရတပ်များသည် ယခင်နှစ်များတွင် စစ်‌ရေး‌လေ့ကျင့်မှု ပြုလုပ်‌နေခြင်း များရှိ‌သော်လည်း ယခုလို ‌ဝေဟင်မှ‌နေ၍ ‌လေယာဉ်ဖြင့် စစ်‌ရေး‌လေ့ကျင့်‌နေမှုမှာ ပထမဆုံးအကြိမ်ဖြစ်‌ကြောင်း ‌တောင်ငူခရိုင် KNU တာဝန်ရှိသူများက ဆိုသည်။