Home သတင်း အဖွဲ့အစည်းကွဲမည် မဟုတ် ဟု ‌ကေအဲန်ယူ ‌ပြော

အဖွဲ့အစည်းကွဲမည် မဟုတ် ဟု ‌ကေအဲန်ယူ ‌ပြော

1775
နိုဝင်ဘာလ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

စက်တင်ဘာလက ဖွင်းလှစ်ခဲ့သည့် ဖားအံဆက် ဆံ‌ရေးရုံးဖွင့်ခြင်းနှင့် ပတ်သက်၍ အဖွဲ့အစည်းတွင် အကွဲအပြဲရှိ နိုင်သည်ဟု သတင်းများ ထွက်‌ပေါ်‌နေခြင်းမှာ မဟုတ်မမှန်‌ကြောင်း ကရင်အမျိုးသားအစည်း အရုံး-‌ကေအဲန်ယူ က ယ‌နေ့ထုတ်‌ဖော်‌ပြောကြား လိုက်သည်။

‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “တ‌လောက ကျ‌နော်တို့ရဲ့ အဖွဲ့အစည်းထဲမှာ သ‌ဘောထားကွဲလွဲ‌နေတဲ့အ‌ပေါ် ကွဲကြမယ်ဆိုတဲ့သတင်း ထွက်လာခဲ့တယ်။ ဒါ‌ပေမယ့် ကျ‌နော်တို့ သ‌ဘော ထားကွဲမှု‌ကြောင့် အဖွဲ့အစည်းကွဲမှု‌တော့ မဖြစ်‌စေရဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ယင်းသ‌ဘောထားကွဲလွဲ‌နေမှုများကို (၁၄)ကြိမ်‌မြောက် ကွန်ဂရတ်အပြီး ‌အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂ဝရက်‌နေ့အထိ ‌ကေအဲန်ယူ ဖားအံခရိုင်တွင် ကျင်းပ‌သော စတုတ္တအကြိမ်‌မြောက် ဗဟိုအမြဲ တမ်း‌ကော်မတီအစည်းအ‌ဝေးတွင် အချင်းချင်း ‌ကျေ‌ကျေလည်လည် ‌ဆွေး‌နွေးခဲ့ကြပြီးဖြစ်‌ကြောင်း ယ‌နေ့ရက်စွဲ ဖြင့် ‌ကေအဲန်ယူ ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်လိုက်သည်။

‌ကြေညာချက်နှင့်ပတ်သက်၍ ဗိုလ်မှူး‌စောလှ‌ငွေက “သ‌ဘောထားကွဲလွဲမှု‌တွေ ပြန်ညှိလို့ရတာပဲဆိုပြီး ကျ‌နော်တို့ အ‌ရေး‌ပေါ်အစည်းအ‌ဝေးလုပ်ပြီး ညှိကြတယ်။ အဲဒီအ‌ရေး‌ပေါ်မှာ ကျ‌နော်တို့ ရည်မှန်းချက် ထားထားတဲ့အတိုင်း ဗဟိုပုံမှန်အစည်းအ‌ဝေးကို လုပ်သွားနိုင်တဲ့အ‌ကြောင်းကို ကရင်ပြည်သူ‌တွေကို သိ‌စေချင်လို့ပါ”ဟု ‌ပြောသည်။

စတုတ္တအကြိမ်‌မြောက် ဗဟိုအမြဲတမ်း‌ကော်မတီအစည်းအ‌ဝေးတွင် ပထမ သဘာပတိအဖြစ် ဒုဥက္ကဌ ပဒို‌ဒေးဗစ် သာက‌ပေါ၊ ဒုသဘာပတိအဖြစ် ဗိုလ်ချုပ်မှူးကြီး မူးတူး‌စေးဖိုးတို့ ဦး‌ဆောင်ခဲ့ပြီး ဗဟိုအမြဲ တမ်း‌ကော်မတီဝင်နှင့် ဗဟိုအရံ‌ကော်မတီဝင် (၄၀) ဦးတက်‌ရောက်ခဲ့ဟု ‌ကေအဲန်ယူ ‌ကြေညာချက်တွင် ပါရှိသည်။

ထို့အပြင် အစည်းအ‌ဝေးတွင် ပြီးခဲ့သည့် ၄နှစ်တာ ကာလအတွင်း အဖွဲ့အစည်း၏ အ‌ခြေအ‌နေ၊ နိုင်ငံ‌ရေးအ‌ခြေ အ‌နေများ၊ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့် နည်းဥပ‌ဒေများ၊ အ‌ခြေခံလမ်းစဉ်လုပ်ငန်းစဉ်များကို ပြန်လည်သုံး သပ်ပြီး ပြင်ဆင်ဖြည့်စွက် ‌ဆွေး‌နွေးအတည်ပြုခဲ့ကြ‌ကြောင်း ‌ကေအဲန်ယူက ‌ပြောသည်။

စစ်မှန်‌သော ငြိမ်းချမ်း‌ရေး‌ပေါ်‌ပေါက်‌ရေးအတွက် နိုင်ငံ‌ရေးပြဿနာများကို ‌ဖြေရှင်းရန်၊ စစ်မှန်သည့် ပြည်‌ထောင် စု‌ပေါ်ထွန်း‌ရေးအတွက် တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုက‌ရေစီအင်အားစုများဆန္ဒနှင့်အညီ ပူး‌ပေါင်း‌ဆောင် ရွက်သွားရန်၊ ကရင်အမျိုးသားများ၏ အကျိုး‌ကျေးဇူး ခံစားခွင့်ရရှိ‌ရေးနှင့် တန်းတူညီတူ အခွင့်အ‌ရေး ရရှိရန် ပြည်တွင်း ပြည်ပကရင်များနှင့်အတူ ပူး‌ပေါင်းသွားမည်ဟုလည်း ‌ကေအဲန်ယူ၏ ‌ကြေညာချက်က ဆိုသည်။

‌ကေအဲန်ယူသည် ‌နောက်သက်တမ်း ‌ခေါင်း‌ဆောင်များကို ‌ရွေးချယ်ရန်အတွက် လာမည့် နိုဝင်ဘာလ ၂၆ရက်မှ ဒီဇင်ဘာလ ၇ရက်‌နေ့ အထိ ၁၅ ကြိမ်‌မြောက် ညီလာခံကျင်းပရန်ရှိသည်ဟု ဗိုလ်မှူး‌စောလှ‌ငွေက ‌ပြောသည်။

လာမည့် ညီလာခံတွင် ပြည်တွင်း၊ ပြည်ပရှိ ကရင်လူမှုအ‌ခြေပြုအဖွဲ့အစည်းများအား ဖိတ်ကြားထားသည့် အတွက် ‌ဆွေး‌နွေးစရာ၊ ‌ဖြေရှင်းစရာများကို တက်‌ရောက်လာသည့် ကိုယ်စားလှယ်များက ‌မေးခွန်းများ‌မေးမြန်း ပြီး သက်ဆိုင်ရာ ‌ကေအဲန်ယူတာဝန်ရှိသူများဘက်မှလည်း ‌ဖြေကြားရမည့် အစီအစဉ်ရမည့် အစီအစဉ်ရှိသဖြင့် ညီလာခံမှာ သတ်ထားရက်ထက် ကြာနိုင်‌ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး အပါအဝင် ‌ကေအဲန်ယူခရိုင်၊ တပ်မဟာ ‌ခေါင်း‌ဆောင်အချို့ ၃၁ဦးပါဝင်သည့် အဖွဲ့သည် ဖားအံမြို့သို့ စက်တင်ဘာ ၂၇ရက်‌နေ့က KNLA တပ်မဟာများ ဆက်ဆံ‌ရေးဖွင့်ရန် ထွက်ခွာခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ KNU ဗဟိုဌာ နချုပ်မှ ၎င်းတို့၏ အစီအစဉ် မဟုတ်‌ကြောင်း ‌ကြေညာချက်ပြန်ခဲ့သည်။

ထို‌နေ့တွင်ပင် ‌ကြေညာချက် ထုတ်ပြန်ခဲ့သလို KNU ဗဟိုအလုပ်အမှု‌ဆောင် အဖွဲ့ဝင် ၁၁ဦးအနက် ဗိုလ်ချုပ်ကြီး မူတူး‌စေးဖိုး၊ ပဒို‌စော‌ရောဂျာခင်နှင့် ပဒို‌စော‌ဒေးဗစ်‌ထောတို့ကို တာဝန်မှ ထုတ်ပယ်လိုက်‌ကြောင်း ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင် အစည်းအ‌ဝေးက ဆုံးဖြတ်ခဲ့သည်။

ထို့‌နောက် ထုတ်ပယ်လိုက်သည့် စစ်ဦးစီးချုပ်နှင့် ‌ကေအဲန်ယူထိပ်ပိုင်း ‌ခေါင်း‌ဆောင်တစ်ဦးကို ‌ကေအဲန်ယူဗဟို က ‌အောက်တိုဘာလ ၂၅ရက်‌နေ့တွင် ကရင်တမျိုးသားလုံး၏ ဂုဏ်သိက္ခာနှင့် စည်းလုံးညီညွတ်မှုအတွက် မူလတာဝန်များအတိုင်း ပြန်လည်‌ပေးအပ်ခဲ့သည်။