Home သတင်း လိင်ကွဲပြားမှုအ‌ပေါ် အ‌ခြေခံသည့် ၁၆ရက်တာ လှုပ်ရှားမှုအထိမ်း အမှတ် KWO ကျင်းပ

လိင်ကွဲပြားမှုအ‌ပေါ် အ‌ခြေခံသည့် ၁၆ရက်တာ လှုပ်ရှားမှုအထိမ်း အမှတ် KWO ကျင်းပ

1870
နိုဝင်ဘာလ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

လာမည့် နိုဝင်ဘာလ ၂၅ရက်‌နေ့မှ ဒီဇင်ဘာလ ၁ဝရက်‌နေ့အထိ ကျ‌ရောက်‌သော လိင်ကွဲပြားမှုအ‌ပေါ် အ‌ခြေခံသည့် အကြမ်းဖက်မှုများအား ဆန့်ကျင်‌သော ၁၆ရက်တာလှုပ်ရှားမှု၏ အထိမ်းအမှတ်ကို ဂုဏ်ပြု၍ ကရင်အမျိုးသမီးအစည်းအရုံး-KWO မှ ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့တွင် ယ‌နေ့ အခမ်းအနားတစ်ရပ် ကျင်းပခဲ့သည်။

၁၆ရက်တာလှုပ်ရှားမှုဟူသည် နိုင်ငံတကာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေး‌နေ့(နိုဝင်ဘာ ၂၅)၊ ကမ္ဘာ့‌အေအိုင်ဒီအက်စ်တိုက်ဖျက်‌ရေး‌နေ့(ဒီဇင်ဘာ ၁ရက်)၊ အမျိုးသမီး အခွင့်အ‌ရေးအတွက် တိုက်ပွဲဝင်ခဲ့ ‌သော အင်ဂျင်နီယာ‌ကျောင်းသူ ၁၄ဦးအား ပစ်ခတ်သတ်ဖြတ် ခဲ့သည့် မွန်ထရီရယ်မြို့ လူသတ်ပွဲ‌နေ့ပတ်လည် ‌နေ့(ဒီဇင်ဘာ ၆ရက်)နှင့် လူ့အခွင့်အ‌ရေး‌နေ့(ဒီဇင်ဘာ ၁ဝရက်)စသည့် ‌နေ့တို့ကို ရည်ညွှန်းခြင်းဖြစ်သည်။

KWO သည် နိုဝင်ဘာလ ၂၅ရက်မတိုင်မီ နှီး‌နှောဖလှယ် အလုပ်ရုံ‌ဆွေး‌နွေးပွဲ ကျင်းပရန်ရှိသဖြင့် ၁၆ရက်တာ လှုပ်ရှားမှုကို ယခုလို အထိမ်းအမှတ်အခမ်းအနား ကြိုတင်ကျင်းပရခြင်းဖြစ်သည်ဟု KWO ၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် နန်းဒါအဲ့ကလယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“၁၆ရက်တာ လှုပ်ရှားမှုဆိုတာ ကျမတို့ ကမ္ဘာ့‌ပေါ်မှာရှိတဲ့ အမျိုးသမီး‌တွေအတွက် အ‌ရေးကြီးတယ်။ ကျမတို့ သတ်မှတ်ထားတဲ့‌နေ့မှာ မလုပ်နိုင်‌ပေမယ့် အခုလို ကြိုလုပ်လိုက်နိုင်တာ ဂုဏ်ယူတယ်။ ‌နောက် ဒါကို လုပ်ဖို့ ကျမတို့ KWO ဗဟိုအမြဲတမ်း‌ကော်မတီအဖွဲ့ဝင် အားလုံးရဲ့ သ‌ဘောနဲ့ လုပ်တာဖြစ်တယ်”ဟု ‌ပြောဆိုသည်။

၎င်း ၁၆ရက်တာလှုပ်ရှားမှုအတွင်း ‌ပေါ်‌ပေါက်ခဲ့သည့် ‌နေ့များသည် အ‌ရေးကြီးသည့် ‌နေ့များဖြစ်ပြီး လူတိုင်းသတိ ပြုမိရန် လိုအပ်‌သော‌ကြောင်းနှင့် အထူးသဖြင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာများတွင် ဆက်လက်ဖြစ်‌ပေါ် ‌နေ‌သော အမျိုးသမီးများအ‌ပေါ် ညှင်းပမ်းနှိပ်စက် ခွဲခြားဆက်ဆံမှုများကို တဖြည်းဖြည်းပ‌ပျောက်သွား‌အောင် အမျိုးသားများအ‌နေဖြင့် အမျိုးသမီးနှင့်အတူ ပူး‌ပေါင်းတိုက်ဖျက်ကြရန် တိုက်တွန်းလို‌ကြောင်း နန်းဒါးအဲ့ကလယ် က ဆက်‌ပြောသည်။

ယ‌နေ့ KWO မှ ကြီးမှူးကျင်းပသည့် ၁၆ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားတွင် ကရင်အမျိုးသား အစည်းအရုံး-KNU မှ ပညာ‌ရေးမှူး ပဒို‌စောလား‌စေး၊ KWO တာဝန်ရှိ ‌ခေါင်း‌ဆောင်အချို့နှင့် အဖွဲ့ဝင်များအပါ အဝင် ဧည့်သည်ပရိဿတ် စုစု‌ပေါင်း ၄ဝ ခန့် တက်‌ရောက်ခဲ့သည်။

ထို့အပြင် အခမ်းအနားတွင် KWO က အမျိုးသမီးများ၏ အကြမ်းဖက်ခံရမှုအ‌ပေါ် သိ‌ကောင်းစရာ လက်ကမ်းစာ ‌စောင်များ ဖြန့်‌ဝေခြင်း၊ တက်‌ရောက် လာသူပရိဿတ်များအား နိုင်ငံတကာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက် မှု ပ‌ပျောက်‌ရေး‌နေ့နှင့် ပတ်သက်သည့် ပ‌ဟေဠိ ဉာဏ်စမ်း‌မေးခွန်း‌မေး၍ ‌ဖြေကြား‌စေပြီး လက်ဖက်ရည်‌ကြွေ ခွက်၊ ‌ကော်ဇလုံ၊ မာမား‌ခေါက်ဆွဲထုတ်၊ ဆပ်ပြာနှင့် ‌ခေါင်း‌လျှော်ရည် စသည့် လက်‌ဆောင်ပစ္စည်းများ ‌ပေး‌ဝေခြင်းတို့ ပြုလုပ်ခဲ့သည်။

၁၉၉၁ ခုနှစ်မှ စတင်၍ နိုဝင်ဘာလ ၂၅ရက်‌နေ့မှ ဒီဇင်ဘာလ ၁ဝရက်‌နေ့ အထိ ကမ္ဘာ့လူ့အခွင့်အ‌ရေး‌နေ့အထိ လိင်ကွဲပြားအ‌ပေါ် အ‌ခြေခံသည့် အကြမ်းဖက်မှုများအား ဆန့်ကျင်‌သော ၁၆ရက်တာလှုပ်ရှားမှုကို အမျိုးသမီး များ၏ အခွင့်အ‌ရေးအတွက် ကမ္ဘာ့လုံးဆိုင်ရာလှုပ်ရှားမှုအဖြစ် ပြုလုပ်လာခဲ့ကြသည်မှာ ယခုအချိန်ထိဖြစ်သည်။