Home သတင်း ၂၀၁၂ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင် ဆုရှင်ကို အမည်စာရင်း အဆိုတင်သွင်းနိုင်ပြီ

၂၀၁၂ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင် ဆုရှင်ကို အမည်စာရင်း အဆိုတင်သွင်းနိုင်ပြီ

1583
နိုဝင်ဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

၂၀၁၂ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင် ဆုရှင်ကို အမည်စာရင်း စတင် အဆိုတင်သွင်းနိုင် ပြီ ဖြစ်‌ကြောင်း ဖန်း‌ဖောင်‌ဒေးရှင်းမှ ယမန်‌နေ့ က ‌ကြေညာလိုက်ပြီဖြစ်သည်။

အဆိုပါဆုမှာ ကရင်လူမှုအဖွဲ့အစည်းအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ၍ အသက် ၃၅နှစ် ထက် မ‌ကျော်လွန် ‌သေးသူ လူငယ်များကို အဆိုတင် သွင်းနိုင်ပြီး ၎င်းတို့၏ အသက်၊ ‌နေထိုင်ရာ‌ဒေသ၊ သက်ဆိုင်ရာလုပ်ငန်းများ အပြင် မည်သည့် အ‌ကြောင်း‌ကြောင့် လူငယ်‌ခေါင်း‌ဆောင်ဆု ရရှိထိုက်သူဖြစ်‌ကြောင်း စသည်တို့ကို အဆိုတင်သွင်းသည့်အခါ တပြိုင်နက် တည်း‌ဖော်ပြ‌ပေးရမည် ဖြစ်သည်။

ထို့အပြင် ဆုရရှိထိုက်သူမှာ ကရင်လူမှုအဖွဲ့အစည်းအတွက် လူ့အခွင့်အ‌ရေးမြှင့်တင်‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ ‌ရေး၊ လူမှု‌ရေးနှင့် ယဉ်‌ကျေးမှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ လုပ်ကိုင်‌ဆောင်ရွက်‌နေသည့် ပြည်တွင်း ပြည်ပရှိ မည်သည့် ကရင်လူငယ်တဦးဦးကိုမဆို ဖြစ်နိုင်ပြီး ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်‌နေ့ ‌နောက်ဆုံးထား၍ စာရင်း ‌ပေးသွင်းနိုင်‌ကြောင်း ဖန်း‌ဖောင်‌ဒေးရှင်း၏ ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ဖန်း‌ဖေါင်‌ဒေးရှင်းမှ ‌စော‌စေး‌စေးဖန်းက “ပြီးခဲ့တဲ့နှစ်များကလိုပဲ ကရင်ပြည်သူလူထု‌တွေအတွက် အင်မတန်ကို တက်ကြွစွာ လုပ်‌နေတဲ့ လူငယ်‌တွေ၊ ပြည်သူ‌တွေရဲ့အကျိုး တကယ့်အသိအမှတ်ပြုရ‌လောက်‌အောင် လုပ်‌ဆောင်‌ပေးခဲ့တဲ့ လူငယ်‌တွေကို ‌ရွေးပြီး‌တော့ ထပ်မံဆု‌ပေးသွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆုရရှိသူ လူငယ်အား ယခင်နှစ်များကဲ့သို့ပင် ဖန်း‌ဖောင်‌ဒေးရှင်းမှ ဂုဏ်ပြုလက်မှတ်နှင့် အ‌မေရိကန် ‌ဒေါ်လာ ၂,၀၀ဝ ‌ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်ဟု ‌စော‌စေး‌စေးဖန်းက ဆက်‌ပြောသည်။

တဆက်တည်းမှာပင် ၂၀၁၂ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ၂၀၁၃ခုနှစ်၊ ‌မေလတွင် ထုတ် ပြန်‌ကြေညာသွားမည်ဖြစ်ပြီး ဆုရရှိသူအား ၂၀၁၃ခုနှစ်တွင် ပြုလုပ်မည့် ၁ဝကြိမ်‌မြောက် ကရင်အမျိုးသား စည်း လုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲတွင် ‌ပေးအပ်ရန် ရှိသည်ဟု သိရသည်။

ဖန်း‌ဖောင်‌ဒေးရှင်းကို ၂၀၀၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့တွင် လုပ်ကြံခံခဲ့ရသည့် ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်း၏ သားသမီးများဖြစ်ကြသည့် ‌စော‌စေး‌စေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်း၊ စလုံ့ဖန်းတို့မှ မိခင် နမ့်ကျင်‌ရွှေနှင့် ဖခင် မန်းရှာလားဖန်းတို့အတွက် ရည်စူးကာ ထို‌နေ့၌ပင် စတင် တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။

ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု အဆိုတင်သွင်းရန်အတွက် Email: bwaba.pan@phanfoundation.org, သို့မဟုတ် phone: +4477 39872481 ဖြင့် ဆက်သွယ်နိုင်ပြီး အကြာင်းအရာ အ‌သေးစိတ်သိရှိလိုပါက www.phanfoundation.org/ ဝက်ဆိုက်ဘ်သို့ ဝင်‌ရောက်ဖတ်ရှုနိုင်သည်။

ဖန်း‌ဖေါင်‌ဒေးရှင်းက ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ၂၀၀၉ခုနှစ်မှစ၍ စတင်‌ပေးအပ်လာခဲ့ရာ ‌ညောင်‌လေး ပင်ခရိုင်မှ ‌နော်‌ဖောကဘလာထူး၊ ဖာပွန်ခရိုင်မှ ‌စောညွှန့်ဝင်းနှင့် ဘိတ်-ထားဝယ်ခရိုင်မှ ‌နော်ဒီဇင်ဘာ‌ဖောနှင့် ဒူးပလာယာခရိုင်မှ ‌စောထူးထူးအယ်တို့ကိုအား ဆုရှင်များအဖြစ် ‌ရွေးချယ်ချီးမြှင့်ခဲ့ပြီဖြစ်သည်။