Home သတင်း သံလွင်မြစ်အတွင်း စက်‌လှေ‌မှောက် ၍ မယ်လအူး စခန်း ဒုက္ခသည် (၂)ဦး ‌သေဆုံး

သံလွင်မြစ်အတွင်း စက်‌လှေ‌မှောက် ၍ မယ်လအူး စခန်း ဒုက္ခသည် (၂)ဦး ‌သေဆုံး

2443
နိုဝင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်၊ မဲ‌ဟောင်‌ဆောင်ခရိုင် မဲစရီးယားမြို့နယ်၊ ‌သောလယ်ထာ့‌ကျေးရွာနှင့်မနီးမ‌ဝေး သံလွင်မြစ် အတွင်း မဲ‌ခေါင်ကင်းတွင် ယခုလ ၁၉ရက်‌နေ့က စက်‌လှေ‌မှောက်၍ မယ်လအူး ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၂ ဦး ‌သေဆုံးသွား ခဲ့သည်ဟု သိရသည်။

စက်‌လှေ‌မှောက်၍ ‌သေဆုံးသွားသူ ၂ဦးမှာ မယ်လ အူးဒုက္ခသည်စခန်းရှိ ကရင်အမျိုး သမီးအစည်း အရုံး-KWO အဖွဲ့ဝင်ဖြစ် သူ ‌နော်‌နေဆဲဝါး ၂၄နှစ်နှင့် ဆယ် တန်းလွန်(Post Ten) ‌ကျောင်းသားတစ်ဦးဖြစ်သည်ဟု KWO မှ တာဝန်ရှိသူ တစ်ဦးက ‌ကေအိုင်စီ သို့ ‌ပြောသည်။

သူမက “‌လှေ‌မှောက်လို့ ‌သေသွားတဲ့ထဲမှာ မိန်းခ‌လေးကို သိတယ်။ ‌ယောက်ျား‌လေးကို‌တော့ မသိဘူး။ ‌လှေ ‌မှောက်တဲ့‌နေရာက မယ်လအူးက‌နေ ‌သောလယ်ထာ့ကို ‌ရောက်ဖို့ မိနစ် ၄ဝ ဝန်းကျင်‌လောက်ပဲ ရှိ‌တော့မယ်။ အဲဒီ‌နေရာက ‌ရေကြမ်းလို့ ‌မှောက်တာ။ ‌နောက် ပစ္စည်းတင်တာ များ၊ လူစီးတာလည်း များတယ်‌လေ”ဟု ဆိုသည်။

‌လှေ‌မှောက်၍ ‌သေဆုံးသွားသူနှစ်ဦးထဲမှာ ‌ယောက်ျား‌လေး၏ အ‌လောင်းကို နိုဝင်ဘာလ ၂၂ရက်‌နေ့တွင် ရှာ‌တွေ့ ခဲ့‌သော်လည်း မိန်းက‌လေးအ‌လောင်းကိုမူ ယခုထိ ရှာမ‌တွေ့ ကြ‌သေး‌ကြောင်း သူမက ဆက်‌ပြောသည်။

‌မှောက်သွားသည့် ယင်းစက်‌လှေ၏ ‌လှေပိုင်ရှင်မှာ မယ်လအူးဒုက္ခသည်ခန်းမှ ဖိုးကာ ဆိုသူဖြစ်ပြီး ထို့‌နေ့၌ ၎င်း၏ ‌လှေထဲတွင် ‌လေးလံသည့် ဆန်အိတ်များ တင်ခဲ့သလို စုစု‌ပေါင်း လူ ၁၉ ဦး တင်‌ဆောင်ခဲ့သည်ဟု သိရသည်။

သံလွင်မြစ်‌ခေါင်းအတွင်းရှိ ‌ရေစီးသန်ပြီး ဝဲကယက်ကြမ်းသည့် မဲ‌ခေါင်ကင်းတွင် နှစ်စဉ်လိုလို စက်‌လှေ‌မှောက် မှုများဖြစ်ပွားလျှက်ရှိကာ အလားတူ ‌သေ‌ပျောက်မှုများရှိသည်ဟု ‌သောလယ်ထာ့ရွာမှ စက်‌လှေ‌မောင်းသမား များက ‌ပြောဆို‌နေကြသည်။