Home သတင်း ပထမဦးဆုံး ကရင်သူရိယစာ‌စောင် ဖလုံ-စ‌ဝေါ်ပါတီ ထုတ်‌ဝေမည်

ပထမဦးဆုံး ကရင်သူရိယစာ‌စောင် ဖလုံ-စ‌ဝေါ်ပါတီ ထုတ်‌ဝေမည်

2089
နိုဝင်ဘာလ ၁၇ရက်။ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင့်သမိုင်း‌ကြောင်းများကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ‌ဖော်ပြနိုင်ရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဖားအံမြို့ အ‌ခြေစိုက် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP)က ကရင်ပြည်နယ်၏ ပထမဦးဆုံး‌သော ကရင်သူရိယစာ ‌စောင် ထုတ်‌ဝေ‌တော့မည် ဖြစ်သည်။

ကရင်သူရိယစာ‌စောင်ကို ဖလုံ-စ‌ဝေါ်ပါတီ၏ နှစ်ပတ် လည်အထိမ်းအမှတ် အဖြစ်လည်း ထည့်သွင်းသွား မည်ဖြစ်ကာ ၂၀၁၃ခုနှစ် ဇန်နဝါရီလ ၁၂ရက်‌နေ့တွင် ကျ‌ရောက် မည့် ကရင်နှစ်သစ်ကူးအမီ ထုတ်‌ဝေသွား မည်ဟုလည်း ဖလုံ-စ‌ဝေါ်ပါတီ ဒုဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

မန်း‌အောင်ပြည်စိုးက “လာမယ့် ဇန်နဝါရီမှာ အမီထုတ်မယ်။ စာ‌စောင်ထဲမှာ‌တော့ ကျ‌နော်တို့ရဲ့ ကရင်နဲ့ ပတ်သက်တဲ့အ‌ကြောင်း၊ ‌နောက်ပြီး ဖလုံ-စ‌ဝေါ်ပါတီရဲ့ လှုပ်ရှားမှုအ‌ကြောင်း‌တွေကို ထည့်မယ်”ဟု ‌ပြောသည်။

အဓိကအားဖြင့် ကရင့်နိုင်ငံ‌ရေး၊ သမိုင်း၊ စာ‌ပေယဉ်‌ကျေးမှု၊ ရိုးရာဓ‌လေ့ထုံးတမ်းအစဉ်အလာများ၊ ကဏ္ဍစုံ အ‌နေဖြင့် သိပ္ပံပညာ‌ရေး၊ ကျန်းမာ‌ရေးအ‌ကြောင်းအရာများအပါအဝင် ဖလုံ-စ‌ဝေါ် ပါတီ၏ စည်းရုံး‌ရေးပိုင်း အနည်းငယ်ပါဝင်မည်ဖြစ်‌ကြောင်း မန်း‌အောင်ပြည်စိုးက ဆက်‌ပြောသည်။

ကရင်သူရိယစာ‌စောင်တွင် အယ်ဒီတာချုပ်အဖြစ် ‌စောချား‌မောင်ခိုးတာ၊ စာ‌ရေးဆရာ တက္ကသိုလ်မင်း‌မောင် (မန်း‌အောင်ပြည်စိုး)၊ စာ‌ရေးဆရာ သုဓနု‌စောသိန်း (ကရင်ပြည်နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စား လှယ် ‌စောသိန်း‌အောင်)၊ ‌နော်ယုဇနဝါ၊ ‌စောနန္ဒ‌ကျော စသည့် အယ်ဒီတာအဖွဲ့ဝင် ၅ဦး၊ သတင်း‌ထောက် ၂ဦးနှင့် ကျန်အဖွဲ့ဝင် ၄ဦး ပါဝင်သည်။

လက်ရှိအချိန်တွင် စာ‌စောင်တွင် ‌ဖော်ပြသွားမည့် စာမူများကို အယ်ဒီတာအဖွဲ့ဝင်များက စီစစ်ညှိနှိုင်း‌နေကြ ပြီဖြစ်‌သော်လည်း စာ‌စောင်၏ကုန်ကျစရိတ်နှင့် စာမျက်နှာမည်မျှရှိသည်ကို မသိရှိရ‌သေး သဖြင့် ပြန်လည် ‌ရောင်းချမည့် ‌ဈေးနှုန်းအား မ‌ပြောနိုင်‌သေး‌ကြောင်း မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

“စာ‌စောင်ထုတ်ပြီးသွားရင်‌တော့ ပြည်တွင်းမှာပဲ မဟုတ်ဘဲ တက်နိုင်ရင် ပြည်ပအထိပါ ဖြန့်‌ဝေသွားမှာပါ။ ခုထုတ်‌ဝေမယ့် စာ‌စောင်ထဲမှာ ပြည်ပကရင်‌တွေအ‌ကြောင်းလည်း ထည့်မယ်”ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် ယခုပထမဦးဆုံးအကြိမ် ထုတ်‌ဝေမည့် ကရင်သူရိယစာ‌စောင်ကို မြန်မာဘာသာဖြင့်သာ စတင်ထုတ် ‌ဝေမှာဖြစ်ပြီး ဆက်လက်ထုတ်‌ဝေသွားမည့် အစီအစဉ်များကို ‌ငွေ‌ကြေးအင်အား၊ လူအင်အားနှင့် အချိန် ‌ပေါ်မူတည်ပြီး ဆက်လက်ထုတ်‌ဝေသွားမည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ဩဂုတ်လ ၂ဝရက်‌နေ့က ညီ‌နောင်တိုင်းရင်းသားပါတီများ(NBF)က တိုင်းရင်းသားစာ‌ပေ နှင့်သမိုင်း‌ကြောင်းများ ပိုမို‌လေ့လာနိုင်‌ရေးအတွက် သတင်းစာ၊ ဂျာနယ်နှင့် စာ‌စောင်တို့ကို ‌ဒေသအလိုက် ထုတ် ‌ဝေသွားရန် ‌ကြေညာချက်တစ်‌စောင်ထုတ်‌ဝေခဲ့ရာတွင် ဖလုံ-စ‌ဝေါ်ပါတီလည်း ပါဝင်သည်။

လက်ရှိ အ‌နေအထားအရ ဖလုံ-စ‌ဝေါ်ပါတီသည် ပါတီအင်အားအတွက် လစဉ် စည်းရုံး‌ရေးဆင်းခြင်း၊ ကရင် လူထုမှ လာ‌ရောက်တိုင်ကြားသည့် လယ်ယာ‌မြေ အသိမ်းခံရမှုများကို သက်ဆိုင်ရာသို့ တိုင်ကြားနိုင်ရန် လမ်းညွှန်‌ပေးခြင်းနှင့် ကရင်သူရိယစာ‌စောင်ထုတ်‌ဝေရန် လုပ်‌ဆောင်လျှက်ရှိသည်။