Home သတင်း အရှင်ဂမ္ဘီရ (ခ) ကိုညီညီလွင် ထပ်မံဖမ်းဆီးခံရမှုအ‌ပေါ် AAPP ကန့်ကွက်

အရှင်ဂမ္ဘီရ (ခ) ကိုညီညီလွင် ထပ်မံဖမ်းဆီးခံရမှုအ‌ပေါ် AAPP ကန့်ကွက်

2599

ဒီဇင်ဘာလ ၄ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး(‌ကေအိုင်စီ)

၂၀၁၂ခုနှစ် ဇန်နဝါရီလ အတွင်း လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်‌မြောက်လာ‌သော အရှင်ဂမ္ဘီရ (ခ) ညီညီလွင်အား အာဏာပိုင်များမှ တဖန်ပြန်လည်ဖမ်းဆီးလိုက်သည့်အ‌ပေါ် နိုင်ငံ‌ရေး အကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း (မြန်မာနိုင်ငံ) – AAPP (Burma) အ‌နေဖြင့် လုံးဝကန့်ကွက်‌ကြောင်း ယမန်‌နေ့တွင် သတင်းထုတ်ပြန်ချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

AAPP အတွင်း‌ရေးမှူး ကိုတိတ်နိုင်က “ဒီဖြစ်စဉ်များက နှစ်ဆန်းပိုင်းကတည်းက ဖြစ်ခဲ့တဲ့ ဖြစ်စဉ်‌တွေဖြစ်တယ်။ အခုမှ ပြန်လည်ပြီးတရားစွဲဆိုတယ်ဆို‌တော့ လုံးဝမဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ ဒါက‌နောက်‌ကြောင်းပြန်လှည့်တဲ့ လုပ်ရပ်ဖြစ်တယ်။ အဲဒါ‌ကြောင့် ဒီလုပ်ရပ်ဟာ လုံးဝကန့်ကွက်တယ်”ဟု သူက ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၁ရက်‌နေ့တွင် အရှင်ဂမီ္ဘရ (ခ) ညီညီလွင်အား ၎င်း၏ညီဖြစ်သူ ‌နေထိုင်သည့် သကင်္န်း ကျွန်းမြို့နယ် ‌နေအိမ်တွင် သကင်္န်းကျွန်းရဲများက သွား‌ရောက်ဖမ်းဆီး‌ခေါ်‌ဆောင်သွားပြီး ဒီဇင်ဘာလ ၂ရက်‌နေ့ တွင် အင်းစိန်‌ထောင်သို့ ပို့‌ဆောင်လိုက်သည်ဟု သိရသည်။

အရှင်ဂမ္ဘီရ (ခ) ညီညီလွင်ကို ပုဒ်မ (၄၄၈)အဖြစ် တားမြစ်‌နေရာတွင် တရားမဝင် ဝင်‌ရောက်‌နေထို်င်မှု၊ ပုဒ်မ (၄၂၇) အဖြစ် ကျပ်‌ငွေ ၅ဝ နှင့်အထက် ပိုင်ဆိုင်မှုများအား ပျက်စီး‌စေမှု၊ ပုဒ်မ (၄၅၄) အဖြစ် တားမြစ်ထား‌သော အ‌ဆောက်အဦအား ဖျက်ဆီးဝင်‌ရောက်မှုတို့ဖြင့် သကင်္န်းကျွန်း၊ ဗဟန်း၊ သံလျှင် မြို့နယ် ၃ခုမှ တရားစွဲဆို ထားခြင်း ဖြစ်သည်ဟု AAPP ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထိုအပြင် လက်ပန်‌တောင်း‌တောင်စီမံကိန်းနှင့် ပတ်သက်၍ ဆန္ဒပြသပိတ်‌မှောက်သူများအား အာဏာပိုင်များက အင်အားသုံးဖြိုခွင်းခဲ့ခြင်း၊ ဖမ်းဆီးခြင်းများ လုပ်‌ဆောင်ခဲ့ခြင်းအ‌ပေါ် AAPP အ‌နေဖြင့် လုံးဝကန့်ကွက်‌ကြောင်း ကိုတိတ်နိုင်က ဆက်‌ပြောသည်။

အရှင်ဂမီ္ဘရ (ခ) ညီညီလွင်သည် ၂၀၀၇ခုနှစ် ‌ရွှေဝါ‌ရောင်‌တော်လှန်‌ရေးတွင် ဦး‌ဆောင်ပါဝင်မှု‌ကြောင့် ၂၀၀၇ခုနှစ် နိုဝင်ဘာလ ၄ရက်‌နေ့တွင် အဖမ်းခံခဲ့ရပြီ ‌ထောင်ဒဏ် ၆၈နှစ် ချမှတ်ခံထားရရာမှ ၂၀၁၂ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်‌မြောက်လာခဲ့သည်။

အရှင်ဂမီ္ဘရ (ခ) ညီညီလွင်ကို မှတ်ပုံတင် ပြန်လည်ထုတ်‌ပေးရန်၊ ပြင်ပခရီးထွက်ခွာခွင့်စာအုပ် ထုတ်‌ပေးရန်နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာ‌ရေး ထိခိုက်မှု ရှိ‌သော‌ကြောင့် လွှတ်လပ်စွာ ‌ဆေးကုသခွင့် ရရှိရန်အတွက် လက်ရှိ ချုပ်‌နှောင်ထားခြင်းမှ ပြန်လွှတ်‌ပေးရန် AAPP က မြန်မာအစိုးရကို ‌တောင်းဆိုလိုက်ပါသည်။