Home လူငယ့်အသံ လူငယ့်အမြင် လူငယ်များ၏ စကားလက်‌ဆောင်

လူငယ်များ၏ စကားလက်‌ဆောင်

2716

‌စော‌ဒေးဖြူ ၂၅နှစ်
ပညာအရည်အချင်း ဆယ်တန်း‌အောင်
ဝါသနာ နိုင်ငံ‌ရေး

ကျ‌နော်က ကယားပြည်နယ်၊ ဖား‌ဆောင်းမြို့နယ်က ကသို့ခီးရွာသား ဖြစ်ပါတယ်။ လူမျိုးက‌တော့ ကရင်လူမျိုး၊ ပကူးမျိုးနွယ်စု ဖြစ်ပါတယ်။ ကျ‌နော့်မိဘ‌တွေက ‌တောင်ယာအလုပ်နဲ့ အသက်‌မွေးဝမ်း‌ကျောင်းလုပ်ပြီး အ‌မေက လွန်ခဲ့တဲ့ ဆယ်နှစ်‌ကျော်က ဆုံးပါးသွားသလို အခုဆို အ‌ဖေပဲ ကျန်ပါတယ်။ ‌မွေးချင်း‌မောင်နှမ ၉ဦးမှာ ကျ‌နော်က အကြီးဆုံးဖြစ်ပြီး အခုဆို ကျ‌နော်တို့ ‌မောင် နှမက ၄ဦးပဲ ရှိ‌တော့တယ်။ ကျ‌နော်တို့ငယ်ငယ်က ဗမာစစ်တပ် ရွာထဲဝင်လာတိုင်း ရွာသူရွာသား‌တွေ ထွက်‌ပြေး‌နေရ‌တော့ ကျ‌နော့် ညီ၊ ညီမ ၅ဦးဟာ ‌တောထဲမှာ ဖျားနာရင်း ‌သေဆုံးသွားပါတယ်။

ဗမာစစ်တပ်ဟာ ၁၉၉၆ခုနှစ်ကတည်းက ကျ‌နော်တို့ရွာကို နှစ်တိုင်း ဝင်လာပြီး မီးရှို့၊ အိမ်သုံးပစ္စည်း‌တွေ ဖျက်ဆီး၊ အိမ်‌မွေး တိရိစ္ဆာန်‌တွေကို သတ်ဖြတ်‌လေ့ရှိတယ်။ စိတ်မထင်ရင် ရွာသား‌တွေကိုပါ ပစ်ခတ်တာရှိ‌ပေမဲ့ ထွက်‌ပြေး‌ရှောင်တိမ်းတာမို့ ထိခိုက် မှုမရှိခဲ့ပါဘူး။ ဒီအ‌ခြေအ‌နေ‌တွေဟာ ၂၀၀ဝခုနှစ်အထိ ဖြစ်ပွားခဲ့ပါတယ်။ အဲလိုစစ်တပ်ဝင်လာလို့ ‌တောထဲမှာ ခိုလှုံ‌နေချိန် အခက် ခဲဆုံး ကြုံရတာက စားစရာမရှိဘူး။ ‌နောက်ပြီး ဖျားနာ‌တော့ ‌ဆေးဝါးလည်းမရှိဘဲ အထူးသဖြင့် က‌လေးငယ်‌တွေဟာ ‌သေဆုံးရ တယ်‌လေ။ တချို့ရွာသူ‌တွေဆိုလည်း ‌တောထဲမှာ ဖြစ်သလိုပဲ က‌လေး‌မွေးဖွားရတာ‌တွေ ရှိတယ်။ ကျ‌နော်တို့ရွာက ကယားပြည် နယ်နဲ့ ကရင်ပြည်နယ်စပ် ဖြစ်‌နေ‌တော့ ထွက်‌ပြေး‌နေချိန်မှာ တခါတ‌လေ ကရင်နီ(ကယား)ရဲ‌ဘော်‌တွေနဲ့ ဆုံလိုက်၊ ကရင်ရဲ‌ဘော် ‌တွေနဲ့ဆုံလိုက်မို့ သူတို့လည်း တတ်နိုင်သ‌လောက် ကူညီ‌ပေးပါတယ်။

ရွာမှာစာသင်‌ကျောင်းရှိခဲ့‌ပေမဲ့ ‌နေထိုင်‌ရေး မတည်ငြိမ်‌တော့ ခန စာသင်လိုက်၊ ထွက်‌ပြေးလိုက်နဲ့ ‌ကျောင်းလည်း မှန်မှန်မဖွင့်ဘူး။ ဒါ‌ကြောင့် ‌ကျောင်းစာကို ဟိုနည်းနည်း ဒီနည်းနည်းပဲ သင်ရပြီး မိဘ‌တောင်ယာအလုပ်ကိုပဲ ဝိုင်းကူလုပ်‌ပေးခဲ့ရတယ်။ ၂၀၀၅ခု နှစ်မှာ ရွာကလူအချို့နဲ့အတူ ကျ‌နော်တို့ ‌မောင်နှမ‌တွေ မယ်ရာမိုဒုက္ခသည်စခန်းကို ‌ရောက်လာခဲ့တယ်။ ကျ‌နော်က ဒုက္ခသည် စခန်းထဲ‌ရောက်တဲ့အချိန် အသက်က ၁၉နှစ်ရှိပြီမို့ ‌ခြောက်တန်းပညာကို စသင်ခဲ့တယ်။ ကျ‌နော့် ‌မောင်နှမ‌တွေက ‌ရေရှည်မ‌နေ ‌ပျော်ကြဘဲ ရွာမှာကျန်ခဲ့တဲ့ အ‌ဖေ့ဆီကို ပြန်သွားကြတယ်။ ၂၀၁၁ခုနှစ်မှာ ကျ‌နော် ဆယ်တန်း‌အောင်ပြီး‌နောက် အမျိုးသား‌ရေး မှာ တတ်နိုင်တဲ့ဘက်က လုပ်သွားမယ်ဆိုတဲ့စိတ်၊ ကျ‌နော်ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတဲ့အ‌ပေါ် ၂၀၁၁ခုနှစ်၊ ဧပြီလ ၁၆ရက်မှာ ကရင့် ‌တော်လှန်‌ရေးအဖွဲ့ထဲ ဝင်ခဲ့တယ်။ ကျ‌နော်‌ရောက်တာ တပ်ဖက်ဌာနမို့ KNLA တပ်အရာရှိ‌တွေက ဝါသနာကို‌မေးတာ ကျ‌နော် စည်းရုံး‌ရေး ဝါသနာပါတယ်ဆိုတာနဲ့ အခုနှစ် ဖွင့်လှစ်တဲ့ ‌ကေအဲန်ယူရဲ့ မျိုးဆက်သစ်သင်တန်း‌ကျောင်းမှာ တက်ခွင့်ရခဲ့ပါတယ်။ ကရင်လူငယ်‌တွေကို ကျ‌နော်‌ပြောချင်တာက ပညာသင်ရတဲ့အရွယ်မှာ ပညာကို ကြိုးစားသင်ရင်း ကိုယ့်အမျိုးသား‌ရေးအတွက် ပါ ထည့်သွင်းစဉ်းစား‌စေချင်ပါတယ်။ ဒါမှ ပညာအရည်အချင်းနဲ့ ‌တွေး‌ခေါ်မှုမြင့်မားပြီး အမျိုးသား‌ရေးကို တိုးတက်‌အောင် လုပ် ‌ဆောင်နိုင်မှာဖြစ်တယ်လို့ ‌ပြောချင်ပါတယ်။