Home သတင်း ‌မြေမြုပ်မိုင်း‌ဟောင်းများ‌ကြောင့် နဘူးမြို့နယ်တွင် လုံခြုံမှု ဆက်လက်ကင်းမဲ့‌နေ

‌မြေမြုပ်မိုင်း‌ဟောင်းများ‌ကြောင့် နဘူးမြို့နယ်တွင် လုံခြုံမှု ဆက်လက်ကင်းမဲ့‌နေ

2552
ဒီဇင်ဘာလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံခရိုင် နဘူးမြို့နယ်အတွင်း တွင် ‌မြေမြုပ်မိုင်း‌ဟောင်းများ‌ကြောင့် လူနှင့် တိရိစ္ဆာန် များ ထိခိုက်ဒဏ်ရာရမှုများရှိကာ ‌ဒေသ တွင်းလုံခြုံမှု ဆက်လက် ကင်းမဲ့‌နေ သည်ဟု ကရင်လူ့အခွင့်အ‌ရေး အဖွဲ့- KHRG မှ ယ‌နေ့ အစီရင်ခံစာတစ်‌စောင် ထုတ်ပြန်လိုက်သည်။

အစီရင်ခံစာထဲတွင် ၂၀၁၂ခုနှစ်၊ ဩဂုတ်လ ၂၈ရက်မှ နိုဝင်ဘာလ ပထမပတ်အထိ KHRG မှ ကွင်းဆင်းမှတ် တမ်းတင်ထားပြီး ယင်း‌ဒေသရှိ နွားတစ်‌ကောင်အပါအဝင် အသက် ၂၁နှစ် နှင့် အသက် ၄ဝနှစ်အရွယ် အမျိုး သား ၂ဦး၊ မြန်မာစစ်တပ် ‌ခြေလျင်တပ်ရင်း (ခလရ-၂၇၅)မှ စစ်သည်တစ်ဦးတို့ကို ‌မြေမြုပ်မိုင်းထိ၍ ‌ခြေ‌ထောက် ပြတ်ခဲ့ ရ‌ကြောင်း ‌ဖော်ပြထားသည်။

နဘူးမြို့နယ်အတွင်းရှိ ထိခိုက်ဒဏ်ရာရရှိသည့် လူနှင့် တိရိစ္ဆာန်များသည် တီးက‌လေး၊ နို့ကင်း၊ ထီးကျား ရာ ‌ကျေးရွာ တို့အနီးတဝိုက်တို့တွင် ‌မြေမြုပ်မိုင်းနင်းမိ ခဲ့ခြင်းဖြစ်သည်ဟု KHRG အစီရင်ခံစာက ဆိုသည်။

KHGR ၏ ကွင်းဆင်းတာဝန်ခံ ‌စောအဲလ်ဘက်က “အစီရင်ခံစာထဲမှာ ပါတဲ့အ‌ကြောင်းအရာ‌တွေဟာ ကျ‌နော်တို့ လက်လှမ်းမီးသ‌လောက်ပဲ။ မိုင်းထိတဲ့ ‌ဒေသခံ‌တွေ လုံခြုံ‌ရေးအရ နာမည် မ‌ဖော်ပြဘူး။ အဲဒီထိတဲ့ နွားက‌တော့ သတ်လိုက်ရတာ‌ပေါ့။ အခု အပစ်ရပ်တဲ့ ကာလဖြစ်‌ပေမယ့် ‌မြေမြုပ်မိုင်း‌တွေ မထုတ်‌သေးလို့ ‌ဒေသခံ‌တွေရဲ့ ဘဝလုံခြုံမှု‌တွေ ဆက်လက်ကင်းမဲ့‌နေ‌သေးတယ်ဆိုတာ ရှင်း‌နေပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ‌စောလဲလ်ဘက်က ကရင်အမျိုးစားအစည်းအရုံး-‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ တပ်မဟာ (၇)ခု အနက် ဒူးပလာယာ၊ တပ်မဟာ(၆) နှင့် ဖားအံခရိုင်၊ တပ်မဟာ(၇)အတွင်းတွင် ‌ကေအဲန်ယူအပါအဝင် ဒီ‌ကေဘီ ‌ကေ၊ နယ်ခြား‌စောင့်တပ်နှင့် မြန်မာအစိုးရတပ် စသည့် လက်နက်ကိုင်တပ်ဖွဲ့များ အများစု လှုပ်ရှား ရာ‌နေရာဖြစ် သဖြင့် ‌မြေမြုပ်များလည်း များပြားလျက်ရှိသည်ဟု ‌ပြောဆိုသည်။

ထို့အပြင် ‌မြေမြုပ်မိုင်း‌ဟောင်းများပြား‌နေသည့် ယင်း‌ဒေသတွင် လက်နက်ကိုင်တပ်ဖွဲ့အများအပြား လှုပ်ရှား သည့် ‌နေရာဖြစ်‌သော‌ကြောင့် မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရှိသူများမှာ မည်သည့်တပ်ဖွဲ့၏ ‌မြေမြုပ်မိုင်း များဖြစ်‌ကြောင်း ကို ထုတ်‌ဖော်‌ပြောဆိုရန် ခက်ခဲလျှက်ရှိသည်ဟု KHRG က ‌ပြောသည်။

လက်ရှိ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ တပ်မဟာ (၇)ခုအတွင်းရှိ ကရင်လူထု ‌နေထိုင်ရာ‌ဒေသများတွင် လူ့အ ခွင့်အ‌ရေးချိုး‌ဖောက်ခံရမှုကိစ္စနှင့် ပတ်သက်၍ ဆက်လက်‌ဖော်ထုတ်ကာ အစီရင်ခံစာများ ထုတ်သွားမည်ဟု KHRG က ဆိုသည်။

ဖားအံခရိုင်အတွင်းတွင် ယခုနှစ် ဇွန်လအတွင်း၌လည်း ‌မြေမြုပ်မိုင်း‌ကြောင့် ‌ဒေသခံတစ်ဦး‌သေဆုံးပြီး နှစ်ဦးဒဏ် ရာရရှိခဲ့သည်ဟု KHRG ၏ မှတ်တမ်းအရ သိရသည်။