Home သတင်း မန္တ‌လေးမြို့တွင် သံဃာများနှင့် လူထု ၇ ‌ထောင်‌ကျော် ဆန္ဒ ထုတ်‌ဖော်

မန္တ‌လေးမြို့တွင် သံဃာများနှင့် လူထု ၇ ‌ထောင်‌ကျော် ဆန္ဒ ထုတ်‌ဖော်

2056
ဒီဇင်ဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

လက်ပံ‌တောင်း‌တောင် ‌ကြေးနီစီမံကိန်းရပ်ဆိုင်း‌ရေးလှုပ် ရှားမှု၌ ထိခိုက်ဒဏ်ရာ ရခဲ့သည့် သံဃာ‌တော်များကို သက်ဆိုင် ရာအစိုးရဘက်မှ ဝန်ချ‌တောင်းပန်ခြင်း မပြုသဖြင့် မန္တ‌လေးမြို့ တွင် သံဃာ‌တော်နှင့် လူ ထုပရိဿတ် ခုနှစ်‌ထောင် (၇,၀၀၀)‌ကျော် ယ‌နေ့ ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်ဟု မန္တ‌လေးသံဃာများ က ‌ပြောသည်။

ဆန္ဒ‌ဖော်ထုတ်မှုတွင်ပါဝင်ခဲ့သည့် မန္တ‌လေးတိုင်း‌ဒေသကြီးမှ ဂဠုန်နီဆရာ‌တော် ဦးကာဝိရက “သူတို့အကြမ်း ဖက်နှိမ်နင်းလို့ သံဃာ‌တော်‌တွေ ၁၀ဝ ‌လောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။ အဲဒါ ဒဏ်ရာရတဲ့ ကိုယ်‌တော်‌တွေအတွက် ဝန်ချ‌တောင်းပန်‌ပေးပါလို့ ‌တောင်းဆိုထားတာ အခုထိ မ‌တောင်းပန်‌သေးတဲ့အတွက် ဒီ‌နေ့ ဆန္ဒထုတ်‌ဖော်တာ”ဟု ‌ကေအိုင်စီသို့ မိန့်ကြားသည်။

မန္တတ‌လေးမြို့တွင် ယ‌နေ့ ‌နေ့လည် ၁နာရီအချိန်မှ စတင်ပြီး သံဃာ‌တော်နှင့် လူထုများသည် ဘုရားကြီး ‌တောင် ဘက်မုခ်ဝ ဦးပွားဘုရားမှ ‌အောက်ဘက် ၈၄ လမ်းအတိုင်းချီတက်သွားကာ ‌မြောက်ဘက် ၄၁ လမ်းမှတဆင့် အ‌ရှေ့ဘက် ၇၈ လမ်းအထိ ချီတက်သွားပြီး‌နောက် ‌တောင်ဘက် အစုရပ်ဖြစ်သည့် ဦးပွားဘုရားသို့ ၂နာရီခွဲ တွင် ပြန်‌ရောက်သည်အထိ ဆန္ဒထုတ်‌ဖော်ခဲ့‌ကြောင်း ‌ပြောသည်။

ယ‌နေ့ သံဃာ‌တော်များဦး‌ဆောင်သည့် ဆန္ဒပြထုတ်‌ဖော်မှုတွင် မန္တ‌လေးအပြင် ရန်ကုန်မြို့၊ မုံရွာမြို့၊ စစ်‌တွေမြို့၊ ပခုက္ကူမြို့၊ ပြည်မြို့နှင့် က‌လေးမြို့ စသည့် မြို့များ၌လည်း ရာဂဏန်းချီ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

ရန်ကုန်မြို့ခံ တစ်ဦးက “ဒီ‌နေ့ရန်ကုန်မှာ‌တော့ ရဟန်းသံဃာ အပါး ၅၀ဝ ‌ကျော်ကို လူထု‌တွေက ဝိုင်းရံပြီး ‌နေ့လည် ၁ နာရီ‌လောက်က‌နေစပြီး ‌ရွှေတိဂုံဘုရား အ‌ရှေ့ဘက်မုခ် ‌ကြေးသွန်းဘုရားကြီး က‌နေ ‌ရေတာရှည် လမ်းအတိုင်း ချီတက်လမ်း‌လျှောက်ကြပြီး ဆူး‌လေဘုရားမှာ ‌မေတ္တာသုတ်ရွတ်ဖတ်ပြီး အဆုံးသတ်ဆန္ဒပြ ခဲ့တယ်”ဟု ‌ပြောသည်။

ဒီဇင်ဘာလ ၁ဝရက်‌နေ့က မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦး‌ဆောင်‌ကော်မတီ ဖွဲ့စည်းခဲ့ပြီး‌နောက် လက်ပံ‌တောင်းစီမံကိန်းအ‌ရေးအတွက် နိုင်ငံ‌တော် သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာ ရခဲ့ကြသူများနှင့် သံဃာထုတစ်ရပ်လုံးကို ဝန်ချ‌တောင်းပန်ရန်၊ အကြမ်းဖက် ဖြိုခွင်းမှုတွင် တာဝန်ရှိ‌သောသူများ ကို ‌ဖော်ထုတ်အ‌ရေးယူ‌ပေးရန်နှင့် ‌ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများကို ချွင်းချက်မရှိ ပြန် လွှတ်‌ပေးရန် စသည့် အချက် ၃ ချက်‌တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ၂၉ရက်‌နေ့က စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံ‌တောင်း‌တောင် ‌ကြေးနီစီမံကိန်းရပ် ဆိုင်း‌ရေးအတွက် ဖွင့်လှစ်ထားသည့် သပိတ်စခန်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မီး‌လောင်ဗုံး၊ မျက်ရည်ယို ဗုံးများဖြင့် အကြမ်းဖက်တိုက်ခိုက်ခံရမှု‌ကြောင့် ရဟန်းသံဃာ‌တော်အပါး ၁၀ဝ ‌ကျော် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ် သည်။

၎င်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ၎င်းတို့အ‌နေဖြင့် မီး‌လောင်ဗုံးသုံးစွဲ ခြင်းမရှိ သကဲ့သို့ မျက်ရည်ယိုဗုံးများ သုံးစွဲခဲ့‌ကြောင်း သတင်းဌာနများ၏ ‌မေးမြန်းမှုကို ‌ဖြေကြားခဲ့သည်။

ယ‌နေ့ဆန္ဒထုတ်‌ဖော်မှု ပြီးစီးသွားသည့်အချိန်ထိ သက်ဆိုင်ရာတာဝန်ရှိသူများဘက်မှ သံဃာ‌တော်များအား ‌တောင်း ပန်ခြင်း မလုပ်ပါက ဆက်လက်ဆန္ဒထုတ်‌ဖော်သွား မည်ဟု ဂဠုန်နီဆရာ‌တော်က မိန့်ကြားခဲ့သည်။