Home သတင်း ဖားအံတွင် လူငယ်များ ‌တွေ့ ဆုံ‌ဆွေး‌နွေးပွဲပြုလုပ်

ဖားအံတွင် လူငယ်များ ‌တွေ့ ဆုံ‌ဆွေး‌နွေးပွဲပြုလုပ်

1823
ဒီဇင်ဘာလ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သည့် လူငယ်အဖွဲ့များမှ ကိုယ်စားလှယ်အချို့
ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သု‌မေဓါရာမကြား‌တော ရ‌ကျောင်းတွင် လူငယ်အဖွဲ့‌ပေါင်း (၂၇)ဖွဲ့မှ ကိုယ်စား လှယ် ၂၀ဝ ခန့်စု‌ပေါင်း၍ ယခုရက်ပိုင်းအတွင်း “လူငယ် များ ‌တွေ့ ဆုံ‌ဆွေး‌နွေး ပွဲ”‌ခေါင်းစဉ်ဖြင့် ‌ဆွေး‌နွေးပွဲတရပ် ကျင်းပ ခဲ့သည်။

‌ဆွေး‌နွေးပွဲကို ဒီဇင်ဘာလ ၆ရက်မှ ၇ရက်‌နေ့အ ထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖလုံ-စ‌ဝေါ်ဒီမို ကရက်တစ်ပါတီ- PSDP၊ ပြည်‌ထောင်စုကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီ-USDP၊ အမျိုးသားဒီမို က‌ရေစီအဖွဲ့ချုပ်-NLD စသည့် ပါတီများ အပါအဝင် လူမှုအဖွဲ့အစည်းများ၊ ပညာ‌ရေး အဖွဲ့များ၊ သဘာဝပတ် ကျင်အဖွဲ့များနှင့် ဘာသာ‌ရေး အဖွဲ့ အစည်းများမှ လူငယ်များ ဖြစ်‌ကြောင်း သိရသည်။

၎င်း‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP ဗဟို‌ကော်မတီဝင်တစ်ဦးဖြစ်သူ ‌စော စိန်ဝင်း‌အောင်က “ပါတီစုံ၊ အဖွဲ့‌ပေါင်းစုံ၊ အလွှာ‌ပေါင်းစုံက‌နေ လူငယ်‌တွေ ကွန်ယက်ဖွဲ့ဖို့ ဒီ‌ဆွေး‌နွေးကို လုပ်တာ ပါ။ ကွန်ယက်ဖွဲ့ပြီး‌တော့ အတူတကွ အလုပ်လုပ်ဖို့‌ပေါ့။ ဒီလို လုပ်သင့်တာ ကြာပြီ။ အခု လုပ်တာ ကျ‌နော်တို့ ပြည် နယ်သာမက တနိုင်ငံလုံးအတွက် အကျိုးရှိမယ်လို့ ယုံကြည်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဆွေး‌နွေးပွဲတွင် လူငယ်နှင့် ဒီမိုက‌ရေစီအခွင့်အ‌ရေး၊ လူငယ်နှင့် ငြိမ်းချမ်း‌ရေး၊ လူငယ်နှင့် ပညာ‌ရေး၊ လူငယ်နှင့် သဘာဝ ပတ်ဝန်းကျင် အပါအဝင် ‌ခေါင်းစဉ် ၆ခုကို ‌ပြောဆိုခဲ့ကြပြီး လူငယ်များက ၎င်းတို့လုပ်ကိုင်‌နေကြသည့် လုပ်ငန်းများအတွင်း၌ ရင်ဆိုင်ကြုံ‌တွေ့‌နေရ‌သော အခက်အခဲ၊ စိန်‌ခေါ်မှုတင်ပြသကဲ့သို့ အနာဂတ်တွင် အမျိုး သား‌ရေးအတွက် မည်သို့ လုပ်‌ပေးနိုင်‌ကြောင်း စသည်တို့ကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

ဆက်လက်၍ ယခု ဒီဇင်ဘာလ ရက် ၂ဝ ‌ကျော်၌ ရန်ကုန်မြို့တွင် ကျင်းပမည့် မြန်မာနိုင်ငံ လုံးဆိုင်ရာလူငယ် များ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ရန် ယင်း‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့သည့် အဖွဲ့များထဲမှ ပြည်နယ်ကိုယ် စားလှယ်အဖြစ် လူငယ် ၁၂ ဦးအား ‌ရွေးချယ်ခဲ့သည်ဟု ‌စောစိန်ဝင်း‌အောင်က ‌ပြောဆိုသည်။

“အ‌ရွေးခံရတဲ့ လူငယ်‌တွေထဲမှာ ကရင်၊ ပအိုဝ့်၊ မြန်မာ၊ မွန် စတာ‌တွေ ပါတယ်။ အ‌ရွေးခံရတဲ့ ကရင်လူ ငယ်က ‌တော့ လူမှုအဖွဲ့အစည်းထဲကပဲ။ ‌နောက် အ‌ရွေးခံရတဲ့ လူငယ်‌တွေထဲမှာ အမျိုးသမီးနဲ့ အမျိုးသား ဦး‌ရေက မတိမ်း မယိမ်းပဲ”ဟု ဖြည့်စွက်‌ပြောသည်။

ယခု ပြုလုပ်သည့် လူငယ်များ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲသည် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ပထမဦးအကြိမ် ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ‌ဆွေး‌နွေးပွဲဖြစ်‌မြောက်‌ရေးအတွက် ဖားအံမြို့ရှိ ပါတီအချို့နှင့် အခြားအဖွဲ့တို့ ပူး‌ပေါင်း၍ ကျင်းပ‌ရေး ‌ကော်မတီဝင် ၁ဝ ဦး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

နှစ်ရက်တာ ပြုလုပ်သည့် ၎င်း‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ဖားအမြို့ရှိ သက်ဆိုင်ရာ အစိုးရအာဏာပိုင်များက ဝင်‌ရောက်‌နှောက်ယှက်မှု ပြုလုပ်ခြင်းများ မရှိ‌သော်လည်း ကျင်းပ‌ရေး‌ကော်မတီအား ‌ခေါ် ယူ‌မေးမြန်း မှုများရှိခဲ့ ‌ကြောင်း သိရသည်။