Home သတင်း ‌ကော့ကရိတ်မြို့နယ်၊ အူက‌လေး ထာ့ရွာသို့ အစိုးရစစ်တပ် ဒီဇယ်ဆီ ပုံးများ ပို့‌ဆောင်‌နေ

‌ကော့ကရိတ်မြို့နယ်၊ အူက‌လေး ထာ့ရွာသို့ အစိုးရစစ်တပ် ဒီဇယ်ဆီ ပုံးများ ပို့‌ဆောင်‌နေ

3262
ဒီဇင်ဘာလ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ကရင်ပြည်နယ် ကရင်အမျိုးသားအစည်း အရုံး-‌ကေ အဲန်ယူ ထိန်းချုပ်နယ်‌မြေ ဒူးပလာ ယာခရိုင်၊ တပ်မဟာ (၆) ‌ကော့ကရိတ် မြို့နယ်အတွင်းရှိ အူက‌လေး ထာ့‌ကျေးရွာ တွင် မြန်မားအစိုးရစစ်တပ်က ဒီဇယ်ဆီ တိုင်ကီပုံးများ ကို နိုဝင်ဘာလလကုန်ပိုင်းမှစ၍ ပို့‌ဆောင် လျှက်ရှိသည် ဟု သိရသည်။

မြန်မာအစိုးရစစ်တပ်သည် ဒီဇယ်ဆီ တိုင်ကီပုံးများကို မြဝတီမြို့မှ အူက‌လေးထာ့ရွာသို့ စစ်ကားများဖြင့် ပို့‌ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ တိုင်ကီပုံးအလုံး‌ပေါင်း ၁၀ဝနီးပါး ရှိပြီဖြစ်‌ကြောင်း အမည်အ‌ဖော်လိုသူ မျက်မြင် သက်‌သေ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“သူတို့(အစိုးရစစ်တပ်) ဘယ်လိုရည်ရွယ်ပြီး ပို့‌ဆောင်သလဲ‌တော့မသိဘူး။ ဒီရက်ပိုင်းမှာ‌တော့ သယ်ပို့တာ‌တွေ ရပ်ထားတယ်။ ကျ‌နော်တို့ သိရတာက‌တော့ ဒီအူက‌လေးထာ့ရွာ အနားမှာရှိတဲ့ ‌တောင်ကို ဖွံ့ဖြိုး‌ရေးအတွက် ‌ဖောက် ဖို့ရှိတယ်လို့ ကြားတယ်။ အတိအကျ‌တော့ ဘယ်သူမှ မသိ‌သေးဘူး”ဟု သူက ဆိုသည်။

နိုဝင်ဘာလကုန်ပိုင်းအထိ ဒီဇယ်တိုင်ကီပုံများ သယ်‌ဆောင်သည့်ကာလတွင် ၎င်း‌ဒေသရှိ ‌ဝေါ်‌လေ၊ ‌သေ့‌ဘော ဘိုးနှင့် အူက‌လေးထာ့ရွာတို့တွင် လှုပ်ရှား‌နေသည့် မြန်မာအစိုးရ စစ်တပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ ၁၉ လက်‌အောက်ခံ ‌ခြေလျင်တပ်ရင်း (ခလရ-၁၀၆)သည် ‌ခြေမြန်တပ်ရင်း(ခမရ-၄၃၄)တို့ တပ်အ‌ပြောင်းအလဲ လုပ်သည့်အချိန်ဖြစ်‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

ထို့အပြင် ‌ဒေသခံရွာသူရွာသားများက အစိုးရစစ်တပ်၏ ဒီဇယ်တိုင်ကီများသယ်‌ဆောင်ရာတွင် RPG လက်နက် ကြီး ကျည်ဆံအချို့လည်း ပါဝင်သည်ကို ‌တွေ့မြင်ရသည်ဟု ‌ပြောဆိုကြသည်။

‌ဝေါ်‌လေ‌ဒေသရှိ ‌ကေအဲန်ယူနှင့် နီးစပ်သူတစ်ဦးက ယခုကဲ့သို့ ဒီဇယ်တိုင်ကီပုံများ သယ်‌ဆောင်လာခြင်းနှင့် ပတ်သက်၍ အစိုးရတပ်သည် ‌ဒေသခံ‌ကေအဲန်ယူ အာဏာပိုင်များအား ‌တွေ့ဆုံ‌ဆွေး‌နွေး‌ပြောဆိုမှုများ မကြားသိ ရ‌ကြောင်း ‌ပြောသည်။

သူက “ဒီလို ဒီဇယ်တိုင်ကီ‌တွေ ပို့လာတာ သူတို့ ‌ကေအဲန်ယူနဲ့ ‌တွေ့ဆုံပြီး သ‌ဘောတူတာလည်း မကြားပါဘူး။ အစိုးရဟာ ဒီလို ဒီဇယ်တိုင်ကီ‌တွေ သယ်လာ‌တော့ ‌ကေအဲန်ယူ ကွန်ဂရက်လုပ်‌နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင် တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ဘာ‌တွေ ဆက်လုပ်မလဲဆိုတာ‌တော့ မကြာခင် သိရမှာ‌ပေါ့”ဟု ‌ပြောဆိုသည်။

ယခု ဒီဇယ်တိုင်ကီပုံး ပို့‌ဆောင်‌နေသည့် ‌ဒေသတွင် မြန်မာစစ်တပ်များ၊ ‌ကေအဲန်ယူ လက်‌အောက်ခံတပ်များနှင့် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-ဒီ‌ကေဘီ‌အေ တပ်ဖွဲ့များ လှုပ်ရှား‌နေသည့် ‌နေရာဖြစ် သည်။