Home သတင်း ဘုရားသုံးဆူမြို့တွင် လူသတ်မှုတစ် ခုဖြစ်ပွားခဲ့

ဘုရားသုံးဆူမြို့တွင် လူသတ်မှုတစ် ခုဖြစ်ပွားခဲ့

1542
ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၁၂ ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဘုရားသုံးဆူမြို့ ဥ‌ဒေါင်းကန်‌ရေလယ်ကျွန်း၌ လူသတ်မှုတခု ဒီဇင်ဘာလ ၁၅ရက်‌နေ့က ဖြစ် ပွားခဲ့‌ကြောင်းသိရသည်။

၎င်းအသတ်ခံရ‌သောသူမှာ အသက် ၂၈နှစ်အရွယ် လွင်‌နောင်‌နောင် ဖြစ်ပြီး ဘုရားသုံးဆူမြို့ အမှတ် ၁ ရပ်ကွက်တွင် ‌နေထိုင်သူတဦးဖြစ်သည်။ ၎င်းလူသတ်မှုကို စစ်‌ဆေးရာတွင် ပါဝင်သည့် အမည် မ‌ဖော်လိုသူတစ်ဦး၏အဆိုအရ လွင်‌နောင်‌နောင် မှာ လည်ပင်းတွင်ပြတ်ရှ ဒဏ်ရာ ၂ ချက်နှင့် ခါးတွင် ပြတ်ရှဒဏ်ရာ ၁ ချက်ဖြင့် ‌သေဆုံး‌နေခြင်း ဖြစ်သည်ဟု သိရသည်။

“‌သေးဆုံးတဲ့လူက ၁၅ ရက်‌နေ့က သူ ့ရဲ ့သူငယ်ချင်း ‌စောလင်းလင်း ရဲ ့ ဆိုင်ကယ်နဲ့ လိုက်သွားတယ်။ သူ ့မှာ လက်စွပ်၊ ဆွဲကြိုးနဲ ့ ဟန်းဖုန်းတလုံးပါသွားတယ်” ဟု မျက်မြင်‌တွေက ‌ပြောဆို‌ကြောင်း အဆိုပါ အမှုတွင်လိုက်ပါ ‌ဆောင်ရွက်‌နေသူ ၎င်းက ဆက်‌ပြောသည်။

ဒီဇင်ဘာလ ၁၆ ရက်‌နေ့မနက်တွင် ထို‌သေဆုံးသူ၏ သူငယ်ချင်း‌စောလင်းလင်းအိမ်သို့ ရဲများက သွား ‌ရောက်စုံစမ်းခဲ့ရာ ‌စောလင်းလင်းနှင့် ၎င်း၏ဇနီးသည် မဇင်နွယ်‌အောင်တို့သည် မဂင်္လာဒုံသို့ ပြန် သွားပြီ ဖြစ်‌ကြောင်း သိရသည်ဟု အဆိုပါ အမှုစစ်က ဆိုသည်။

ဆက်လက်၍ ‌ဒေသခံတာဝန်ရှိသူများက တရားခံကို လိုက်လံစုံစမ်း‌ပေးရန် ဘုရားသုံးဆူမြို့ရှိ နယ်ခြား ‌စောင့်တပ် ဆက်ဆံ‌ရေးရုံးတာဝန်ရှိသူ ကိုစိုးဝင်းထံ အ‌ကြောင်းကြား‌သော‌ကြောင့် ကိုစိုးဝင်းက ရဲတံခွန်ရွာရှိ နယ်ခြား‌စောင့်တပ်ဂိတ်သို ့ဆက်လက်သတင်း‌ပေးပို ့ခဲ့ရာ ည‌နေ ၄ နာရီခန် ့တွင် တရားခံ ကိုဖမ်းဆီးရမိ‌ကြောင်း ကိုစိုးဝင်း က ‌ကေအိုင်စီကို ‌ပြောသည်။

ထို့‌နောက်လူသတ်မှုကျူးလွန်သူ ‌စောလင်းလင်းနှင့် ဇနီးသည် မဇင်နွယ်‌အောင် တို့နှစ်ဦးအား နယ်ခြား ‌စောင့်တပ်က ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး‌နောက် ဒီဇင်ဘာလ ၁၆ ရက် ည‌နေ ၆ နာရီအချိန် ခန် ့တွင် သံဖြူဇရပ်မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ပြန်လည်လွှဲ‌ပြောင်း‌ပေးခဲ့‌ကြောင်း သိရသည်။