Home ထိပ်တန်းသတင်း ‌သောက်‌ရေခပ် ‌ရေအားလျှပ်စီမံ ကိန်း‌ကြောင့် ‌ဒေသခံများ၏ နစ်နာ မှုများ အပြည့်အဝ မရရှိ‌သေး

‌သောက်‌ရေခပ် ‌ရေအားလျှပ်စီမံ ကိန်း‌ကြောင့် ‌ဒေသခံများ၏ နစ်နာ မှုများ အပြည့်အဝ မရရှိ‌သေး

1343
ဒီဇင်ဘာ ၁၇ရက်။ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

‌သောက်‌ရေခပ်‌ရေကာတာ စီမံကိန်း‌ကြောင့် ‌ပြောင်း‌ရွေ ့ ခံရ‌သော ထုံးဘိုရွာမှ ‌ဒေသခံများ၏ နစ်နာမှုများ ကို ‌ရွှေစွမ်းအင်ကုမ္ပဏီ (Asia World) မှ ယခုချိန်အထိ ထိ‌ရောက်‌အောင် မ‌ဆောင်ရွက်‌ပေး‌သေး‌ကြောင်း သတင်းရရှိသည်။

‌သောက်‌ရေခပ်(၂) ‌ရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်စွမ်းများ ယခုအခါတွင် စတင်ထုတ်ယူ‌နေပြီဟု သိရသည်။ သို ့‌သော်လည်း စီမံကိန်း‌ကြောင့် ‌ပြောင်း‌ရွေ ့‌ပေး ခဲ့ရသည့် ထုံးဘိုရွာမှ ရွာသူ ရွာသားများ၏ နစ်နာမှုများကို ယခုချိန်ထိ ထိ‌ရောက်‌အောင် မ‌ဆောင် ရွက်‌ပေး‌သေး‌ကြောင်း ထုံးဘိုရွာ အုပ်ချုပ်‌ရေးမှူး ‌စော‌ဖောထူး က ကရင်သတင်းဌာနသို ့ ‌ပြောသည်။

“ရွာလူထုက တဖြည်းဖြည်း စားဝတ်‌နေ‌ရေး ကျပ်တည်းခက်ခဲလာတာပဲ အဖတ် တင်တယ်။ အခုထိ ဘာမှ အ‌ကောင်အထည် မ‌ဖော်‌ပေး‌သေးဘူး။ ကျ‌နော်တို့ကလည်း ထိုက်သင့်တာပဲ ‌တောင်းထားတာပါ။ မတရား မ‌တောင်းဆိုပါဘူး“ ဟု ‌စော‌ဖောထူးက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ‌ပြောင်း‌ရွေ ့ခံရသူ ရွာသူ ရွာသားများက အိမ်‌ထောင်စု တစ်စုလျှင် ကျပ်‌ငွေ ၁၅ သိန်းနှင့် အစားထိုးလယ်‌မြေများ ‌ပေးပါရန် ကုမ္ပဏီသို့ ‌တောင်းဆိုခဲ့‌သော်လည်း ကုမ္ပဏီ လက်‌ထောက် ဒါရိုက်တာ ဗိုလ်မှူးကြီး ဝမ်း‌မောင်မှ ‌ပေးအပ်ရန် ငြင်းဆိုခဲ့‌ကြောင်းလည်း သိရသည်။

“ ၁၅ သိန်း‌တော့‌ပေးမယ်တဲ့။ လယ်အစားထိုးတာကို‌တော့ မလုပ်‌ပေးနိုင်ဘူးတဲ့။ ကျ‌နော်တို့မှာ လယ်မရှိရင် ‌ရှေ့ဆက် ဘာသွားလုပ်စားမလဲ။ အခုလယ်‌မြေ‌တွေဆုံးလို့ ‌တော်‌တော်ဒုက္ခ ‌ရောက်‌နေကြတာပါ။ ‌ရေ ရှည်မှာ ခက်ခဲနိုင်ပါတယ်။ သူတို့လာလုပ်‌ပေး‌နေတာကလည်း အ‌ပေါ်ယံပါဘဲ“ ဟု အမည်မ‌ဖော်လိုသည် ‌ကျေးရွာ‌ကော်မတီဝင် တစ်ဦးက ‌ပြောသည်။

၎င်းစီမံကိန်း နှင့် ပတ်သက်ပြီး ‌ရွှေစွမ်းအင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်‌မေးမြန်းရာ ဘုရား ‌ကျောင်း၊ စာသင်‌ကျောင်းများ ပြင်ဆင်‌ပေးမှုများပြုလုပ်‌ပေးပြီး ဂါလံ ၁၅၀ဝ ဆန့် ‌ရေတွင်း နှစ်တွင်းအား လည်း တူး‌ဖော်‌ပေး‌နေသည်ဟု ရှင်းလင်း‌ပြောကြားခဲ့သည်။

အဆိုပါကုမ္ပဏီမှ ‌ကျေးရွာအတွက် လုပ်‌ဆောင်‌ပေးမှုများရှိ‌နေ‌သော်လည်း ထိ‌ရောက်မှု မရှိ‌ကြောင်း၊ ရွာသားများ၏‌တောင်းဆိုမှုနဲ ့ ကိုက်ညီမှုမရှိ‌ကြောင်းသိရသည်။

“ရွာအဝင်လမ်း ‌မြေညှိ ‌ပေးတာ၊ တံတားပြင်‌ပေးတာ‌တွေ‌တော့ ရှိပါတယ်။ ကျ‌နော်တို့ ‌တောင်းတာက နစ်နာ ‌ကြေးနဲ့ လယ်‌မြေပါ။ သူတို့ လာလုပ်‌ပေး‌နေတာ‌တွေနဲ့ ကျ‌နော်တို့ ‌တောင်းတာနဲ့က တလွဲဖြစ်‌နေပါတယ်“ ဟု အမည်မ‌ဖော်လို‌သော ထုံးဘို ရွာသားတဦးက ဆိုသည်။

ထုံးဘိုရွာသို့ NLD၊ KPP၊ KNU ပါတီမှ တာဝန်ရှိသူများနှင့် Dayloklo သဘာဝပန်ဝန်းကျင် ထိန်းသိမ်း‌ရေး အဖွဲ့တို့မှ ထုံးဘိုရွာသို ့ လာ‌ရောက်ကြည့်ရှုခြင်းများ ရှိခဲ့သည်ဟု သိရသည်။ ထုံးဘိုရွာတွင် အိမ်‌ထောင်စု ၉၃ စု နှင့် လူဦး‌ရေ ၅၀၁ဦးရှိ‌ကြောင်း သိရသည်။