Home ထိပ်တန်းသတင်း ကရင်ပြည်သူလူထု အ‌ခြေအ‌နေကို ဦး‌နေမျိုးဇင်နှင့်အဖွဲ ့ လာ‌ရောက်‌လေ့လာ

ကရင်ပြည်သူလူထု အ‌ခြေအ‌နေကို ဦး‌နေမျိုးဇင်နှင့်အဖွဲ ့ လာ‌ရောက်‌လေ့လာ

2008
ဒီဇင်ဘာလ ၁၈ ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)

ကရင်ပြည်နယ်အတွင်းရှိ ‌ဒေသခံပြည်သူလူထု၏ အ‌ခြေအ‌နေများကို သိရှိနိုင်ရန်အတွက် မြန်မာလူမှု့ ဘဝဖွံ့ဖြိုး တိုးတက်‌ရေးကွန်ယက်အဖွဲ ့မှ ဦး‌နေမျိုးဇင်က ကရင်ပြည်နယ်သို့လာ‌ရောက် ‌လေ့လာလျက် ရှိ‌ကြောင်း သိရသည်။

ကို‌နေမျိုးဇင်နှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၇ ရက်‌နေ ့က ကရင်ပြည်နယ် မြဝတီမြို ့သို ့ ‌ရောက် ရှိလာပြီး ကရင်ပြည်နယ်အတွင်းရှိ လမ်းပမ်းဆက်သွယ်‌ရေး ခက်ခဲ‌သော‌ဒေသများတွင် လူမှု ‌ရေးပရဟိ တလုပ်ငန်း လုပ်များ လုပ်‌ဆောင်‌နေသည့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် သွား‌ရောက် ‌တွေ့ဆုံမည် ဖြစ်‌ကြောင်း ဦး‌နေမျိုးဇင်က ‌ကေအိုင်စီ သို့‌ပြောသည်။

၎င်းက “ကျ‌နော်လုံးဝမ‌ရောက်ဖူး‌သေးတဲ့ ဒီနယ်စပ်‌ဒေသက တိုင်းရင်းသား‌တွေရဲ့ဘဝ‌တွေ၊ လက်နက် ကိုင်အဖွဲ့အစည်း‌တွေ၊ ဒီ‌ဒေသဘက်မှာ ရှင်သန်လှုပ်ရှားပြီး‌တော့ ‌ဒေသအကျိုးကို ဘယ်လို‌ဆောင်ရွက် ‌နေကြ သလဲ ဆိုတာ‌တွေ၊ ငြိမ်းချမ်း‌ရေးရဲ့ အသီးအပွင့်‌တွေ ရရှိခံစားလာရပြီးတဲ့‌နောက်ပိုင်း အ‌ခြေခံလူ တန်းစားတို့ရဲ့ ဘ ဝ‌တွေကို ကျ‌နော်တို ့ရသ‌လောက် ‌လေ့လာမှတ်တမ်းတင်သွားဖို့ပါ” ဟု‌ပြောသည်။

‌ဒေသခံပြည်သူလူထုရဲ ့ ဘဝအမှန်ကို သိရှိခြင်းအားဖြင့် ‌ရှေ့ဆက်မည့် မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများတွင် နယ်စပ်‌ဒေသရှိ လူငယ်များနှင့်လည်း ပူး‌ပေါင်းပြီး ‌ဒေသခံလူထု ဘက်မှ လိုအပ်ချက်များကို ဦးစား‌ပေးလုပ်‌ဆောင်‌ပေးသွားရန်လည်း ရည်ရွယ်‌ကြောင်း ကို‌နေမျိုးဇင်က ဆက်လက်‌ပြောဆိုသည်။

အလားတူ ‌တေးဂီတပညာရှင် ကိုရဲလွင် ဦး‌ဆောင်သည့် “ပန်းရဲ ့လမ်း” လူမှုကူညီ‌ရေးအဖွဲ့က လည်း ကရင်ပြည်နယ်သို့‌ရောက်ရှိ‌နေကြပြီး ကချင်ပြည်နယ်ရှိ စစ်‌ပြေးဒုက္ခသည်များကို ကူညီနိုင်ရန် ရန်ပုံ‌ငွေ‌ဖျော်‌ဖြေပွဲများ ပြုလုပ်ကြမည် ဖြစ်‌ကြောင်းလည်း သိရသည်။
ကချင်ဒုက္ခသည်ကူညီ‌ရေးအတွက် ပြုလုပ်သည် ရန်ပုံ‌ငွေ‌ဖျော်‌ဖြေ‌ရေးနှင့် ပတ်သက်၍ “‌ဖျော်‌ဖြေ‌ရေး ပွဲ‌လေး‌တွေလုပ်သွားပြီး ‌ဒေသခံ‌တွေကလှူဒါန်း ချင်သ‌လောက် လှူဒါန်းလာတဲ့ အလှူ‌ငွေ‌တွေကိုကျ‌နော် က လက်ခံ‌ပေးပြီး ကချင်စစ်‌ပြေးဒုက္ခသည်‌တွေကို သွား‌ရောက်လှူဒါန်းမှာဖြစ်ပါတယ်” ဟု ကိုရဲလွင်က ‌ပြောသည်။

ထို့အပြင် လာမည့် ဒီဇင်ဘာလ ၂၁ ရက်‌နေ့တွင် ကျ‌ရောက်မည့် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မ‌တော် (DKBA) ၏ ၁၈ နှစ်ပြည့် နှစ်ပတ်လည်‌နေ့ အခမ်းအနားတွင် ပန်းရဲ့လမ်း ‌တေးဂီတအဖွဲ့ မှ ‌ဖျော်‌ဖြေ‌ပေးသွားမည် ဖြစ်‌ကြောင်းလည်း သိရသည်။

‌ဒေသခံလူထုအကျိုးကို ‌ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ပူး‌ပေါင်းလုပ်‌ဆောင်နိုင်ရန် လာ‌ရောက် ချိတ်ဆက်ခြင်း ဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွင်းပိုင်း (ပြည်မ)တွင် တိုင်းရင်းသားလူမျိုးများ အ‌ကြောင်း သိရှိမှု အားနည်း‌နေ‌သေးသည့်အတွက် တိုင်းရင်းသားလူမျိုးများအ‌ပေါ် ရှုမြင်သုံးသပ် ချက်များကို ပြည်တွင်း‌ဟော‌ပြော ပွဲများတွင် ထည့်သွင်း‌ပြောကြားသွားမည်ဖြစ်‌ကြောင်း ဦး‌နေမျိုးဇင် က ကရင်ပြည်နယ်‌လေ့လာ‌ရေး ခရီးစဉ်၏ ရည်ရွယ်ချက်ကို ရှင်းပြသည်။

မြန်မာလူမှု့ဘဝဖွံ့ဖြိုး တိုးတက်‌ရေး ကွန်ယက်သည် အနာဂတ် မြန်မာပြည်တွင် ပြည်တွင်း စစ်ပွဲများ မရှိရန်၊ တိုင်းရင်းသားအချင်းချင်း ‌သွေးခွဲမှုမျိုး မရှိရန်၊ အိမ်နီးချင်းနိုင်ငံများကပါ အတုယူရ‌လောက် သည့် ဖွံ့ဖြိုးတိုးတက်ပြီး လူတန်းစားညီမျှသည့် နိုင်ငံဖြစ်‌အောင် ‌ရှေ့ဆက်လုပ် ‌ဆောင်သွားမည် ဖြစ် ‌ကြောင်း ဦး‌နေမျိုးဇင်က ဆက်လက်‌ပြောဆိုသည်။

မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်‌ရေး ကွန်ယက်အဖွဲ့၏ ကရင်ပြည်နယ် ‌လေ့လာ‌ရေးခရီးစဉ်သည် ဒီဇင်ဘာလ ၂၂ ရက်‌နေ့တွင် ပြီးဆုံးမည် ဖြစ်‌ကြောင်း သိရသည်။