Home သတင်း တိုင်းရင်းသား‌ဒေသများတွင် လူ‌နေမှုဘဝများ နိမ့်ကျ‌နေ ဆဲဖြစ်‌ကြောင်း ကို‌နေမျိုးဇင်ဆို

တိုင်းရင်းသား‌ဒေသများတွင် လူ‌နေမှုဘဝများ နိမ့်ကျ‌နေ ဆဲဖြစ်‌ကြောင်း ကို‌နေမျိုးဇင်ဆို

1990
ဒီဇင်ဘာလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

တိုင်းရင်းသားနယ်‌မြေ‌ဒေသ အသီးသီးတွင် လူတန်းစားကွာဟမှုနှင့် လူ‌နေမှုဘဝများ နိမ့်ကျ‌နေဆဲဖြစ်‌ကြောင်း ၁၈နှစ်‌မြောက် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA) ‌နေ့ အခမ်းအနားကို တက်‌ရောက်လာသည့် ဗိုလ်ကြီး‌ဟောင်း ကို‌နေမျိုးဇင်က ‌ပြောကြားခဲ့သည်။

၎င်း၏ ကရင်ပြည်နယ် ‌လေ့လာ‌ရေးခရီးစဉ်အတွင်း လမ်းပမ်းဆက်သွယ်‌ရေး ခက်ခဲ‌သော ‌ဝေါ‌လေ‌ဒေသ အတွင်းရှိ ‌ကျေးရွာများ၏ အ‌ခြေအ‌နေများနှင့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ‌ကျေးရွာများ အ‌ခြေအ‌နေများကိုပါ သွား‌ရောက်‌လေ့ လာခဲ့ပြီး ‌တွေ ့ရှိရ‌သော ပကတိ အ‌ခြေအ‌နေများကို သူက ယခုလို ‌ကေအိုင်စီသို့ ရှင်းပြခဲ့သည်။

“တကယ့် လူမ‌ရောက် သူမ‌ရောက်တဲ့ ‌နေရာ‌ဒေသ‌တွေမှာ လူတန်းစားကွာဟမှုနဲ့ လူ‌နေမှုဘဝ‌တွေ‌ပေါ့။ ဒါက ‌တော်‌တော်‌လေးကို နိမ့်ကျပြီး ကျန်ခဲ့တယ်။ ဒါက ဒီတ‌နေရာ‌လေးထဲ မဟုတ်ပါဘူး။ ကျ‌နော်‌ရောက်ခဲ့တဲ့ ဧရာဝတီတိုင်း ‌ဒေသဘက်‌တွေမှာလည်း အတူတူ‌တွေပါပဲ။ ကျ‌နော်အမြဲ‌ပြော‌နေသလို‌ပေါ့။ ထားစရာမရှိ‌အောင် ချမ်းသာတဲ့လူနဲ့ စားစရာမရှိ‌အောင် ဆင်းရဲတဲ့လူ ဒါပဲ ရှိသ လိုဖြစ်‌နေတယ်”ဟု သူက ဆိုသည်။

၁၈နှစ်‌မြောက် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် DKBA ‌နေ့ အခမ်းအနားကို ကျင်းပပြုလုပ်သည့် ‌နေရာ ‌ဒေသသည် ယခင်အချိန်များက ဗုံးသံ၊ အ‌မြောက်သံများဖြင့် ဆူညံ‌နေပြီး ‌ဒေသခံ ကရင်လူထုများမှာလည်း ဆင်းရဲနွှမ်းပါးကြ သည်။

DKBA တပ်မ‌တော်‌နေ ့တွင် လာ‌ရောက် သီဆို‌ဖျော်‌ဖြေခဲ့သည့် “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” အဖွဲ့နှင့် အတူလိုက်ပါလာသည့် “ဒီလှိုင်းဂျာနယ်” အယ်ဒီတာ၊ နိုင်ငံ‌ရေးအကျဉ်းသား‌ဟောင်းနှင့် ကဗျာဆရာ ကိုငြိမ်းသစ်ကလည်း တိုင်းရင်းသား‌ဒေသ‌တွေမှာ ငြိမ်းချမ်း‌ရေးရရှိဘို့အတွက် လာ‌ရောက်အား‌ပေးရခြင်းဖြစ်‌ကြောင်း ယခုလို ‌ပြောကြားသွားသည်။

“အခုလို ဒီ‌နေရာ‌လေးမှာ ကျ‌နော်တို့ရဲ့ သီချင်းသံ‌လေး‌တွေနဲ့ ထာဝရငြိမ်းချမ်း‌စေချင်တယ်။ ကျ‌နော်တို့က မြို့‌ပေါ်မှာ လူထုတိုက် ပွဲ‌တွေ ဆင်နွှဲ‌နေသလို ဒီမှာလည်းပဲ ငြိမ်းချမ်း‌ရေး အစပြုဘို့အတွက် တွန်းလှန်စစ်‌တွေ ဆင်နွှဲ‌နေရတယ်။ ဒီအတွက် ကျ‌နော်တို့ က လာ‌ရောက်ပြီး‌တော့ အား‌ပေးတဲ့ ရည်ရွယ်ချက်နဲ့ပါပဲ”ဟု သူက ဆိုသည်။

ဆက်လက်၍ မဖွံ့ဖြိုး မတိုးတက်‌သေးသည့် ‌နေရာ‌ဒေသများတွင် ‌ပေါင်းကူးချိတ်ဆက်မှုများ ဟန်ချက်ညီညီဖြင့် အားသာချက် အားနည်ချက်များကို ညှိနှိုင်းပြီး လုပ်‌ဆောင်သွားမည်ဆိုပါက မကြာမှီပင် ဖွံ့ဖြိုးတိုးတက်သည့် ပြည်‌ထောင်စု မြန်မာနိုင်ငံ‌တော်ကို တည်‌ဆောက်နိုင်မည်ဟု ကို‌နေမျိုးဇင်က ၎င်း၏ယုံကြည်ချက်ကိုလည်း ထပ်‌လောင်း ‌ပြောဆိုသွားခဲ့သည်။