Home သတင်း ဒုံသမိ‌ချောင်း‌ဒေသတ‌လျှောက် ကြံသကာ ‌ဈေး‌ကောင်း

ဒုံသမိ‌ချောင်း‌ဒေသတ‌လျှောက် ကြံသကာ ‌ဈေး‌ကောင်း

2994
ဒီဇင်ဘာလ ၂၄ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကြံစိုက်များသည့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နယ်စပ် ဒုံသမိ‌ချောင်းနံ‌ဘေးတ‌လျှောက်တွင် ယခုနှစ်၊ ၆လ ပိုင်းမှစ၍ ကြံသကာ တပိဿာလျှင် မြန်မာကျပ်‌ငွေ ၁,၀၀ဝ အထိရှိကာ ‌ဈေး‌ကောင်းလျှက်ရှိသည်။

ဒုံသမိ‌ချောင်း အ‌နောက်ဘက်ခြမ်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မြစ်ကျိုး‌ကျေးရွာမှ ကြံစိုက်ပျိုးသူ အမျိုးသမီး တစ်ဦးက “ပြီးခဲ့တဲ့နှစ်နဲ့ အခုနှစ် ‌မေလကုန်အထိမှာ တစ်ပိဿာ ကျပ် ၄၀ဝ က‌နေ ၅၀ဝ ပဲ။ အခုက ကျပ် ၁,၀၀ဝ ဆို‌တော့ အရင်နှစ်လို ကြံသကာ‌တွေ သို‌လှောင်ထားသူ‌တွေ‌တော့ ဝင်‌ငွေ ‌ကောင်းမယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ယခင်က ဒုံသမိ‌ချောင်းတ‌လျှောက် ထွက်ရှိသည့် ကြံသကာများကို ‌မော်လမြိုင်မြို့ရှိ ကုမ္ပဏီများမှ နှစ်စဉ် လာ‌ရောက်ဝယ်ယူ ‌လေ့ရှိပြီး ယခုလို ကြံသကာ‌ဈေးများ‌ကောင်းပါက ယခုနှစ်ကြံစိုက်သူများအတွက် လာမည့် ၂၀၁၃ခုနှစ် အတွင်း အလွန်ဝင်‌ငွေမည်ဟု သူမက ဖြည့်စွက်‌ပြောဆိုသည်။

ဒုံသမိ‌ချောင်းနံ‌ဘေး‌ဒေသမှ ‌ကျေးရွာများရှိ ရွာတရွာလျှင် ကြံစိုက်ခင်း ၁ဝခင်း‌ကျော်အထိ ရှိ‌သော်လည်း ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီး‌နောက်ပိုင်းမှစ၍ မိုးတွင်းဘက်တွင် ‌ရေလွှမ်းမိုးကာ ကြံပင်သန် မာမှုမရှိသလို ကြံသကာ‌ဈေးနှုန်းလည်း မ‌ကောင်း‌သော‌ကြောင့် ကြံစိုက်ခင်းနည်းလာကာ ၅ခင်းအထိသာ ရှိခဲ့ခြင်းဖြစ်သည်။

ဒုံသမိ‌ချောင်း အ‌ရှေ့ဘက်ခြမ်း ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မင်း‌ဇော‌ကျေးရွာမှ ကြံခင်းပိုင်ရှင်တစ်ဦးက “အခု ကြံသကာ‌ဈေး ‌ကောင်းတယ်ဆို‌ပေမယ့် ကြံသကာသို‌လှောင်ထားသူ မရှိသ‌လောက်ပဲ။ ‌နောက် လူ‌တွေအများ အားဖြင့် မနှစ်က ကြံစိုက်ပျိုးတာ နည်းသလို ဒီနှစ်လည်း မျိုး‌စေ့အတွက်‌လောက်ပဲ ပြန်စိုက်တာ များတယ်”ဟု ‌ပြောသည်။

ပုံမှန်အားဖြင့် ထို‌ဒေသရှိ ကြံစိုက်ပျိုးသူများသည် ကြံများကို ၁ဧကမှ ၅ဧကအထိ စိုက်ပျိုး‌လေ့ရှိပြီး ကြံသကာ ‌ဈေးနှုန်းများ အဆိုးရွားဆုံးကျဆင်းခဲ့သည့် ၂၀၁ဝခုနှစ်တွင် ကြံစိုက်နှုန်း‌လျော့လာသကဲ့သို့ ယင်းနှစ်မှာပင် အချို့ ကြံခင်းပိုင်ရှင် အချို့က ၎င်းတို့၏ကြံခင်းများကို ကြံသကာအဖြစ် မချက်လုပ်‌တော့ဘဲ မီးရှို့ဖျက်ဆီးသည်အထိ ရှိခဲ့ဖူးသည်။

ကြ‌သောင်းဆိပ်၊ ပျဉ်းမပင်ဆိပ်၊ တ‌ဂေး‌လောင်း၊ ကြိုးဝိုင်း၊ မြစ်ကျိုး၊ မင်း‌ဇော၊ ‌လေး‌ကေနှင့် ‌နေမင်း‌အောင် စသည့် ‌ကျေးရွာများမှာ ဒုံသမိ‌ချောင်း၏ အ‌ရှေ့နှင့် အ‌နောက်ဘက်ခြမ်းရှိ ကြံခင်းစိုက်ပျိုးသည့် ‌ကျေးရွာ များ ဖြစ်ကြပြီး ကြံရည်မှထွက်ရှိသည့် ကြံသကာများကို ‌ရောင်းဝယ်ခြင်း၊ အရက်ချက်လုပ်ခြင်းနှင့် မုန့် လုပ်ရာတွင် အသုံးပြုကြသည်။

ဒုံသမိ‌ချောင်းကမ်းနံ‌ဘေး ကြံပင်များမှ ထွက်ရှိသည့် ကြံသကာများအနက် ကြ‌သောင်းဆိပ်ရွာနှင့် ပျဉ်းမပင်ဆိပ် ရွာထွက် ကြံသကာသည် အရည်အ‌သွေးအ‌ကောင်းဆုံးဖြစ်သည်။