Home ထိပ်တန်းသတင်း ဗိုလ်မှူးချုပ်‌ဂျော်နီကို ‌ကေအဲန် အယ်လ်‌အေ စစ်ဦးစီးချုပ်ခန့်အပ်

ဗိုလ်မှူးချုပ်‌ဂျော်နီကို ‌ကေအဲန် အယ်လ်‌အေ စစ်ဦးစီးချုပ်ခန့်အပ်

3095
ဒီဇင်ဘာလ ၂၄ရက်၊ ၂၀၁၂ခုနှစ်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

မပြီးဆုံး‌သေးသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ၁၅ကြိမ်‌မြောက် ကွန်ဂရက်(ညီလာခံ)တွင် တပ်မဟာ(၇)မှူး ဗိုလ်မှူး ချုပ်‌ဂျော်နီကို ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်ဖွဲ့(KNLA) စစ်ဦးစီးချုပ်အဖြစ် ယ‌နေ့ ‌ရွေးချယ်ခန့်အပ်လိုက်ပြီဖြစ်သည်။

၎င်းစစ်ဦးစီးချုပ်အပြင် ဒုစစ်ဦးစီးချုပ်အဖြစ် တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်‌ဘော‌ကျော်ဟဲကိုပါ KNU ဗဟိုထိပ် ပိုင်း‌ခေါင်း‌ဆောင် ၅ဦး နှင့် တပ်မဟာမှူး ၇ဦးတို့က တိုင်ပင်ညှိနှိုင်းကာ ကွန်ဂရက်ခမ်းမ‌ဆောင်၌ ယ‌နေ့မနက်ပိုင်းက ‌ရွေးချယ်လိုက်ခြင်းဖြစ်သည်။
ယ‌နေ့ ဆက်လက် ပြုလုပ်သည့် ကွန်ဂရက် အစည်းအ‌ဝေးတွင် ‌ရွေး‌ကောက်တင်‌မြှောက်ထားသည့် ထိပ်ပိုင်း‌ခေါင်း‌ဆောင်ငါးဦး နှင့် ဗဟို‌ကော်မတီဝင်များက ကျန်ရှိ‌နေ‌သေးသည့် ဗဟိုအလုပ်အမှု‌ဆောင်များကို ဆက်လက် ‌ရွေးချယ်ရာ စစ်ဦးစီးချုပ်၊ ဒုစစ်ဦး စီးချုပ်၊ ပဒို‌စော‌ရောဂျာခင်၊ ပဒို‌စောသမိန်ထွန်း၊ ပဒိုမန်းငြိမ်း‌မောင်နှင့် ပဒိုတာဒို့မူးတို့အား အတည်ပြု သတ်မှတ်လိုက်သည်။

ထို့အပြင် ဌာနဆိုင်ရာ တာဝန်ခံများကိုလည်း ‌ရွေးချယ်သတ်မှတ်ခဲ့ရာ
ပဒိုမန်းဘထွန်း – သစ်‌တောဌာန
ပဒို‌ကော်ကဆာ‌စော‌နေစိုး – လမ်းပန်းဆက်သွယ်‌ရေးဌာန
ပဒို‌စောအဲ့ကလူ‌ရွှေဦး – ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန
ပဒို‌စောလှထွန်း – စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာန
ပဒို‌စောလား‌စေး – ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန
ပဒို‌စောမြ‌မောင်` – ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဌာန
ပဒို‌စော‌ရောဂျာခင် – ကာကွယ်‌ရေးဌာန
ပဒို‌စောကဲလဲ – သတ္တုနှင့် မိုင်းဌာန
ပဒို‌စောအဲ့ကလူ‌စေး – တရား‌ရေးဌာန
ပဒို‌စော‌ဒေးဗစ်သက‌ဘော – မဟာမိတ်ဆက်ဆံ‌ရေးဌာန
ပဒို‌စော‌အောင်ဝင်း‌ရွှေ – နိုင်ငံခြား‌ရေးဌာန
ပဒို‌စောအားတိုး – ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန
ပဒို‌စော‌ဟေးစယ် – ဘဏ္ဍာ‌ရေးဌာန တို့ဖြစ်ကြသည်။

သို့‌သော် ယ‌နေ့ အစည်းအ‌ဝေးသို့ မတက်‌ရောက်သူများရှိသလို လက်ရှိ ‌ရွေးချယ်လိုက်သည့် ‌ခေါင်း‌ဆောင်များနှင့် တာဝန်ခံများ ကို ဒီဇင်ဘာလ ၂၆ရက်‌နေ့တွင် အခြားညီလာခံကိုယ်စားလှယ်များ ပါဝင်သည့် ကွန်ဂရက်ကို ပြန်လည်တင်ပြပြီး ထပ်မံ အတည် ပြုကာ ‌ခေါင်း‌ဆောင်များမှ ကျမ်းသစ္စာကျိန်ဆို၍ ကွန်ဂရက်ကို အဆုံးသတ်သွားမည်ဖြစ်သည်။

နိုဝင်ဘာလ ၂၆ရက်‌နေ့က KNU တပ်မဟာ(၇)နယ်‌မြေ ‌လေးဝါးစခန်း၌ စတင် ကျင်းပခဲ့သည့် ၎င်းကွန်ဂရက်မှာ ရက်သတ္တ၄ပတ် ကြာမြင့်ခဲ့ပြီး‌နောက် ဒီဇင်ဘာလ ၂ဝရက်‌နေ့မှသာ ‌ရွေး‌ကောက်ပွဲကို စတင်ခဲ့ပြီး ဗဟိုအမြဲတမ်း‌ကော်မတီဝင် ၄၅ဦးကို လျှို့ဝှက်မဲ စနစ်ဖြင့် နှစ်ဆင့် ‌ရွေးချယ်ခဲ့ကြသည်။

ဒီဇင်ဘာလ ၂၁ရက်‌နေ့တွင် ခရိုင်ဥက္ကဌနှင့် တပ်မဟာမှူးအားလုံး ပါဝင်သည့် ဗဟိုအမြဲတမ်း‌ကော်မတီများထဲမှ KNU ဥက္ကဌအ ဖြစ် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ ဒုဥက္ကဌအဖြစ် ပဒို‌နော်စီဖိုးရာစိန်၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ်အဖြစ် ပဒို‌စောကွယ်ထူးဝင်း၊ တွဲဖက် အတွင်း‌ရေးမှူး(၁)အဖြစ် ပဒို‌စော‌သောသီဘွဲနှင့် တွဲဖက်အတွင်း‌ရေးမှူး(၂)အဖြစ် ပဒိုမန်းမန်းမန်းတို့အား လျှို့ဝှက်မဲစနစ် ဖြင့်ပင် ‌ရွေး‌ကောက်ခဲ့ကြသည်။

ထို‌နေ့တွင်ပင် ကွန်ဂရက်ကိုယ်စားလှယ်များက တရားသူကြီးချုပ်ကို လျှို့ဝှက်မဲအများဆုံးရရှိသူ ပဒို‌စောအားတိုးအား ‌ရွေး ‌ကောက်ခဲ့‌သော်လည်း သက်ဆိုင်သူမှ ငြင်းပယ်ခဲ့သည့်အတွက် ဒုတိယ မဲအများဆုံးရရှိသူ ပဒို‌စော‌ဒေါ့‌လေးမူအား တရားသူကြီး ချုပ်အဖြစ် ယ‌နေ့ ‌ပြောင်းလဲသတ်မှတ်လိုက်သည်။