Home သတင်း ကရင်လူငယ်အစည်းအရုံး နှစ်ပတ်လည် အစည်းအ‌ဝေးစတင်

ကရင်လူငယ်အစည်းအရုံး နှစ်ပတ်လည် အစည်းအ‌ဝေးစတင်

2807
ဒီဇင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ကရင်လူငယ်အစည်းအရုံး-KYO သည် ၎င်းတို့၏ ၂၀၁၁-၂၀၁၂ခုနှစ်၊ နှစ်ပတ်လည်အစည်းအ‌ဝေးကို ယ‌နေ့ ဒီဇင်ဘာ လ ၂၇ ရက်မှ ၂၈ ရက်‌နေ့အထိ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ အံဖကြီး‌ကျေးရွာတွင် ကျင်းပသွားမည်ဟု သိရသည်။

ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု ကာလအတွင်း မြန်မာပြည်တွင်း၌ လှုပ်ရှား‌နေသည့် ကရင်လူငယ်များ၏ ငြိမ်းချမ်း‌ရေး အ‌ပေါ် အမြင်သ‌ဘောထားများ၊ ‌ရှေ့ဆက် လုပ်ငန်းအ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ခဲ့မှုများကို အပြန်အလှန် ‌ဆွေး‌နွေးခြင်း၊ လုပ်ငန်းများပြန်လည်သုံးသပ်ခြင်းများပြုလုပ်ရန် အစည်းအ‌ဝေးကို လုပ်‌ဆောင်ရခြင်းဖြစ်သည်ဟု KYO တွဲဖက်အတွင်း‌ရေးမှူး(၁) ဆရာမ ‌နော်‌အေ‌ဘေနင်းဇာက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျမတို့က ပြည်တွင်းလူငယ်အဖွဲ့‌တွေကို သွား‌ရောက်ပြီး‌တော့ ‌တွေ့ဆုံ‌ဆွေး‌နွေးချင်တဲ့သ‌ဘော ဖြစ်တယ်။ တဖွဲ့နဲ့တဖွဲ့က တနှစ်တာ လုပ်‌ဆောင်ခဲ့တဲ့ လုပ်‌ဆောင်ချက်မှန်သမျှကို အပြန်အလှန် ‌ဝေငှ‌ပေးမယ်။ ‌မေးခွန်း ထုတ်ပြီး‌တော့ အပြန်အလှန်‌မေးကြမယ်။ ‌နောက် လက်ရှိ ပြုပြင်‌ပြောင်းလဲ‌ရေးနဲ့ ပတ်သက်ပြီး ပြည်တွင်းလူငယ် ဘက်က ဘယ်လိုမြင်လဲဆိုတာ ‌ဆွေး‌နွေးကြမှာဖြစ်တယ်”ဟု သူမက ‌ပြောသည်။

အဆိုပါ ပြုလုပ်ကျင်းပမည့် နှစ်ပတ်လည်အစည်းအ‌ဝေးသို့ ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ၏ ခရိုင် ၇ခှမှ ခရိုင်တစ်ခုလျှင် KYO အဖွဲ့ဝင် ကိုယ်စားလှယ် နှစ်ဦးနှုန်းဖြင့် တက်‌ရောက်ကြ ‌စေသကဲ့သို့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများရှိ KYO အဖွဲ့ဝင် ကိုယ်စားလှယ်များအပြင် ပြည်တွင်းရှိ နိုင်ငံ‌ရေးပါတီများမှ လူငယ်များလည်း တက်‌ရောက်ကြသည်။

“‌လော‌လောဆယ် အစည်းအ‌ဝေးစတင်တဲ့ ဖြစ်စဉ်‌လောက်ပဲ ‌ပြောလို့‌သေးတယ်။ ဘာဖြစ်လဲဆို‌တော့ ကျမက မလိုက်သွားဘူး။ အ‌ကြောင်းစုံက အစည်းအ‌ဝေးပြီးမှ သိရမှာဖြစ်တယ်”ဟု ‌နော်‌အေ‌ဘေနင်းဇာက ‌ပြောသည်။

ယခုအစည်း‌ဝေးတွင် KYO ၏ ‌ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကွန်ယက်များတည်‌ဆောက်ခြင်း၊ လူငယ်များ အရည် အချင်းမြှင့်တင်‌ရေးလုပ်ငန်း၊ စည်းရုံး‌ရေးမြှင့်တင်‌ရေးလုပ်ငန်းနှင့် နိုင်ငံ‌ရေးမြှင့်တင်‌ရေးလုပ်ငန်းများ စသည့် အ‌ကြောင်းအရာများကို ထည့်သွင်း‌ဆွေး‌နွေးရန်ရှိ‌ကြောင်း သိရသည်။

ထို့အပြင် ယခုနှစ်ပတ်လည်အစည်းအ‌ဝေးအပြီးတွင် ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေ ဒူးပလာရာခရိုင်အတွင်းရှိ ခရိုင်အဆင့် KYO ဥက္ကဌ အသစ်ကို ပြန်လည်‌ရွေးချယ် တင်‌မြောက်သွားရှိသည်ဟု KYO က ဆိုသည်။

ကရင်လူငယ်များ၏ နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေးဆိုင်ရာ အသိပညာများ မြှင့်တင်‌ပေးရန် ရည်ရွယ်၍ KYO ကို ၁၉၈၉ခုနှစ်၊ ‌မေလ ၂၃ ရက်‌နေ့တွင် စတင်တည်‌ထောင်ခဲ့သည်။