Home သတင်း ကချင်စစ်‌ပြေးဒုက္ခသည် ၄‌ထောင်ခန့် အစာ‌ရေစာငတ်မွတ်မှုကြုံ

ကချင်စစ်‌ပြေးဒုက္ခသည် ၄‌ထောင်ခန့် အစာ‌ရေစာငတ်မွတ်မှုကြုံ

2064
ဒီဇင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်-KIA တပ်မဟာ(၃)အ‌ခြေစိုက်ရာ တရုတ်နိုင်ငံနယ်စပ် မိုင်ဂျာယန် ‌ဒေသတစ်ဝိုက်ရှိ သွားလာရန်ခက်ခဲ‌သော နယ်‌မြေသို့ ‌ရောက်ရှိ‌နေကြသည့် ကချင်စစ်‌ပြေးဒုက္ခသည် ၄,၀၀ဝ ခန့်သည် လက်ရှိအချိန်တွင် အစာ‌ရေစာငတ်မွတ်မှုနှင့် ကြုံ‌တွေ့‌နေရ‌ကြောင်း သိရှိရသည်။

မိုင်ဂျာယန်‌ဒေသနှင့် အနည်းငယ်အလှမ်း‌ဝေးကွာပြီး နိုင်ငံတကာအကူအညီ‌ပေး‌နေသည့် အဖွဲ့အစည်း များက မသွား‌ရောက်နိုင်သဖြင့် ဒုက္ခသည်များအတွက် အစားအစာမလုံ‌လောက်ဖြစ်ပွားပြီး အစာ‌ရေစာ ရှားပါးမှုနှင့်ကြုံ‌တွေ့‌နေရကာ အစာအိမ်‌ရောဂါများ ဖြစ်ပွား‌နေ‌ကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ)-KWAT တာဝန်ခံ မွန်း‌နေလီက ‌ပြောသည်။

မွန်း‌နေလီက “အဲဒီက က‌လေး‌တွေကဆို သူတို့ ဗိုက်တအားဆာတယ်။ မနက်နဲ့ညအထိ‌အောင် သူတို့ က တ‌နေ့မှာ တစ်နပ်ပဲစားရ‌တော့ ဗိုက်ခဏခဏ ဆာလာလာတဲ့အတွက် ဗိုက်မဆာတဲ့ ‌ဆေးရှိရင်‌ပေး ပါလို့‌တောင် ‌ပြောကြတယ်လို့ မိုင်ဂျာယန်‌ဒေသမှာ‌ရောက်‌နေကြတဲ့ ကျမတို့အဖွဲ့က ကျန်းမာ‌ရေးဝန် ထမ်း‌တွေက သူတို့ကို အား‌ဆေးသွားတိုက်‌တော့ အဲ့လို ‌ပြောလာကြတာ”ဟု ‌ပြောသည်။

စားနပ်ရိက္ခာမလုံ‌လောက်သည့် မိုင်ဂျာယန်‌ဒေသတဝိုက်ရှိ ဒုက္ခသည်စခန်းတွင် လူဦး‌ရေ‌လေး‌ထောင် ခန့် ရှိသည့်အနက် နှစ်‌ထောင်နီးပါးမှာ က‌လေးများဖြစ်ပြီး ၎င်းတို့အား World Food မှ ‌ပေးသည့် ဆန် များမှာ ကြမ်းတမ်းလွန်းသဖြင့် မစားနိုင်ကြဘဲ က‌လေးငယ်အချို့သည် ဆန်ကြမ်းများစားမိ၍ အစာအိမ် နှင့် ပတ်သက်သည့် ‌ရောဂါများခံစား‌နေကြ‌ကြောင်း သိရသည်။

မိုင်ဂျာယန်‌ဒေသရှိ ကချင်ဒုက္ခသည်များ (Photo-KIC)

ထို့အပြင် သျှမ်းပြည်နယ်‌မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ KIA တပ်မဟာ ၄ နယ်‌မြေအတွင်းတွင် အစိုးရ၏ ထိုးစစ်ဆင်တိုက်ပွဲများ ပြင်းထန်းလာ‌သော‌ကြောင့် ကွတ်ခိုင်မြို့‌ပေါ်နှင့် အနီးတဝိုက်တွင် ကချင်စစ် ‌ပြေးဒုက္ခသည်များသည် ယခင်ကထက် ပိုမိုများပြားလာ‌ကြောင်းလည်း မွန်း‌နေလီက ‌ပြောသည်။

“အခုဆိုရင် စစ်‌ပြေးဒုက္ခသည်‌တွေက တိုးလာသထက် တိုးလာ‌နေတယ်။ ‌နောက် World Food က ‌ထောက်ပံ့‌နေတဲ့ အကူအညီ‌တွေ စားနပ်ရိက္ခာ‌တွေကလည်း မလုံ‌လောက်ဘူး။ အခု လိုချမ်း‌အေးတဲ့ ရာသီမှာ သူတို့‌နေတဲ့ ယာယီတဲအိမ်‌လေး‌တွေကလည်း မလုံခြုံဘူး။ ‌စောင်နဲ့ အဝတ်အထည်‌တွေက လည်း မလုံ‌လောက်‌တော့ အ‌ခြေအ‌နေ ပိုဆိုးလာတယ်”ဟု ၎င်းက ဆက်‌ပြောသည်။

လက်ရှိအ‌နေအထားအရ KWAT အ‌နေဖြင့်လည်း ကချင်စစ်‌ပြေးဒုက္ခသည်များထံသို့ သွား‌ရောက် ‌ဆေးဝါးကုသ‌ပေး ခြင်းနှင့် ဒုက္ခသည်များကို အကူအညီ‌ပေးနိုင်မည့် အဖွဲ့အစည်းများ ရှာ‌ဖွေ‌ပေးလျှက်ရှိ သည်ဟု သိရသည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့်အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူလက်မှတ်ထိုးခဲ့ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ အသစ်တက်လာတဲ့ သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခု ဇွန်လတွင် နိုင်ငံ‌ရေး တင်းမာမှုများရှိခဲ့သဖြင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲ‌ရေးပျက်ပျယ်ခဲ့သည်။

လက်တ‌လော KIA နှင့် အစိုးရတို့၏ တိုက်ပွဲများ‌ကြောင့် ကချင်ပြည်နယ်၊ သျှမ်းပြည်နယ်နှင့် တရုတ် နယ်စပ်တ‌လျှောက်တို့တွင် ကချင်စစ်‌ပြေးဒုက္ခသည်‌ပေါင်း ၄‌သောင်းခန့်ရှိသည်ဟု သိရသည်။