Home သတင်း KNU ဗဟိုအလုပ်အမှု‌ဆောင် ၂ဦး ရန်ကုန်ရှိ ကရင်အမျိုးသားနှစ်သစ် ကူးပွဲ‌တော် တက်‌ရောက်မည်

KNU ဗဟိုအလုပ်အမှု‌ဆောင် ၂ဦး ရန်ကုန်ရှိ ကရင်အမျိုးသားနှစ်သစ် ကူးပွဲ‌တော် တက်‌ရောက်မည်

2013
ဇန်နဝါရီလ ၂ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ကရင့်သက္ကရာဇ် ၂၇၅၂ခုနှစ်၊ ပြာသိုလဆန်း ၁ရက်‌နေ့ (၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်)တွင် ကျ‌ရောက်မည့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်အတွက် KNU ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ပဒိုမန်းငြိမ်း‌မောင်နှင့် ပဒို‌စောသမိန်ထွန်းတို့ က ရန်ကုန်မြို့သို့ သွား‌ရောက်သွားမည် ဖြစ်သည်။

ရန်ကုန်တိုင်း‌ဒေသကြီး အလုံမြို့နယ် ကရင်အမျိုးသား နှစ်သစ်ကူးကျင်းပ‌ရေး‌ကော်မတီ၏ ဖိတ်ကြားချက်အရ KNU ဗဟိုအလုပ် အမှု‌ဆောင်အဖွဲ့မှ ဆုံးဖြတ်ကာ အဆိုပါ‌ခေါင်း‌ဆောင်နှစ်ဦးကို တက်‌ရောက်‌စေခြင်းဖြစ်‌ကြောင်း သိရသည်။

ပဒိုမန်းငြိမ်း‌မောင်က “ဒါက တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ ပွဲ‌တော်ဖြစ်တယ်။ ‌နောက် အဖွဲ့အစည်းက တရားဝင် ဖိတ်တယ်။ KNU အဖွဲ့ အစည်းကလည်း ကျ‌နော်တို့ကို ‌စေလွှတ်ဖို့ သ‌ဘောတူလို့သွားတာပါ။ နှစ်‌ပေါင်းများစွာ အဲဒီမှာရှိတဲ့ ကိုယ့်အမျိုးသား‌တွေနဲ့ ထိ‌တွေ့မှု မရခဲ့ဘူး‌လေ။ အခုလို ‌တွေ့ရမယ့်အခါကျ‌တော့ အများကြီး ဝမ်းသာပါတယ်”ဟု ‌ပြောသည်။

မန်းငြိမ်း‌မောင်က ၎င်းတို့အ‌နေဖြင့် ဇန်နဝါရီလ ၁၂ရက် နှစ်သစ်ကူး‌နေ့မတိုင်ခင် အ‌ရောက်သွားမည်ဖြစ်သလို ရန်ကုန်ရှိ ကရင်အ မျိုးသားများနှင့် ပြန်ဆုံ‌တွေ့နိုင်မည့် အခွင့်အ‌ရေး‌ကြောင့် လူထုကို ကရင့်‌တော်လှန်‌ရေးအ‌ခြေအ‌နေများ ရှင်းပြနိုင်သလို အသိ ပညာရှင်၊ အတတ်ပညာရှင်များနှင့်လည်း ‌တွေ့ဆုံ၍ အမြင်ဖလှယ်မှုများ ပြုလုပ်လိုသည်ဟု ဆက်လက် ‌ပြောဆိုသည်။

ကရင်သက္ကရာဇ် ၂၇၅၁ခုနှစ်အတွက် အလုံမြို့နယ်တွင် ကျင်းပခဲ့သည့် ကရင်နှစ်သစ်ကူးပွဲ
ရန်ကုန်တိုင်း အလုံမြို့နယ်မှ ကရင်နှစ်သစ်ကူး ပွဲ‌တော်ကျင်းပ‌ရေး‌ကော်မတီ ဥက္ကဌ ‌စောမင်းလွိုက်က ဒီဇင်ဘာလ ၂၅ရက်‌နေ့ တွင် သမ္မတရုံးဝန်ကြီး ဦး‌အောင်မင်းမှတဆင့် ကရင်အမျိုးသားအစည်းအရုံးထံ ဖိတ်ကြားစာ ‌ပေးပို့ထားခဲ့ခြင်းဖြစ်‌ကြောင်း ‌ကေအိုင်စီသို့ ယ‌နေ့ အတည်ပြု ‌ပြောဆိုသည်။

“အခုက နည်းနည်း ပွင့်လင်းမြင်သာမှု ရှိတဲ့အခါကျ‌တော့ ကိုယ့်အမျိုးသား အချင်းချင်း ပြန်ပြီး‌တော့ ထိ‌တွေ့မှုရ‌အောင်၊ တ‌ယောက်နဲ့တ‌ယောက် အမြင်‌တွေ၊ အကြံဉာဏ်‌တွေလည်း ဖလှယ်လို့ရ‌အောင် ဖိတ်ကြားရတာပါ”ဟု သူက ‌ပြောဆိုသည်။

ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ရန်ကုန်တိုင်း၊ အလုံမြို့နယ် အထက(၁) အလုံ‌ကျောင်းဝင်းအတွင်း၌လည်း‌ကောင်း၊ ကရင်အမျိုး သားနှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ(မဟာရန်ကုန်)မှ ဦး‌ဆောင်၍ အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့် ဘုရားကြီးဝင်း ၌လည်း‌ကောင်း၊ ‌မြောက်ဥက္ကလာပမြို့နယ်အတွင်း၌လည်း‌ကောင်း နှစ်စဉ် ကျင်းပ‌လေ့ရှိပြီး ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များအ‌နေ ဖြင့် အလုံမြို့နယ်နှင့် အင်းစိန်မြို့နယ် အာလိန်ငါးဆင့် ‌ဆေးဝကင်္ဘာ‌ကျောင်းဝင်းရှိ ပွဲ‌တော်သို့ တက်‌ရောက်သွားမည်ဟုလည်း ပဒိုမန်းငြိမ်း‌မောင်က ‌ပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မြန်မာသက္ကရာဇ် ၁၂၉၉ခုနှစ်၊ (ခရစ်နှစ် ၁၉၃၇)ခုနှစ်မှ စတင်ကာ ပြာသိုလဆန်း ၁ရက်‌နေ့‌ရောက် တိုင်း ကရင်လူမျိုးတို့၏ နှစ်သစ်ကူး‌နေ့အဖြစ် တရားဝင် ကျင်းပခွင့်ရရှိခဲ့ရာ ယခုဆိုလျှင် ၇၅နှစ်‌မြောက် စိန်ရတုသဘင်ပွဲ‌တော် ဖြစ်ပြီး ရန်ကုန် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို KNU မှ ပထမဆုံးအကြိမ်အဖြစ် တက်‌ရောက်ခြင်းလည်း ဖြစ်သည်။