Home သတင်း ‌ကေအဲန်ယူ ဥက္ကဌနှင့် ‌ခေါင်း‌ဆောင် အချို့သမ္မတဦးသိန်းစိန်နှင့်‌တွေ့ဆုံမည်

‌ကေအဲန်ယူ ဥက္ကဌနှင့် ‌ခေါင်း‌ဆောင် အချို့သမ္မတဦးသိန်းစိန်နှင့်‌တွေ့ဆုံမည်

1612
ဇန်နဝါရီလ ၃ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ ဥက္ကဌ အပါအဝင် ထိပ်ပိုင်း‌ခေါင်း‌ဆောင်အချို့သည် သမ္မတ ဦးသိန်းစိန်၏ ဖိတ်‌ခေါ်ချက်အရ ‌နေပြည်‌တော်သို့ သွား‌ရောက်‌တွေ့ဆုံရန် ထိုင်း-မြန်မာနယ်စပ်မှ ယ‌နေ့ စတင် ထွက်ခွာသွားပြီဖြစ်သည်။

ယခုခရီးစဉ်ကို ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးမှ ဦး‌ဆောင်၍ ကျန်ပါဝင်သူ ‌ခေါင်း‌ဆောင်များမှာ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း၊ တွဲဖက် အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်း၊ ပဒိုမန်းငြိမ်း‌မောင်နှင့် ပဒို‌စောလှထွန်းတို့ ဖြစ်ကြပြီး အ‌သေး စိတ်ကို ‌ကေအိုင်စီမှ မကြာခင် ဆက်လက် ‌ဖော်ပြသွားမည်ဖြစ်သည်။