Home သတင်း တိုင်းရင်းသား‌ဒေသများရှိ စစ်ပွဲများ ရပ်စဲရန် သမ္မတ ဦးသိန်းစိန်အား KNU ‌ဆွေး‌နွေးမည်

တိုင်းရင်းသား‌ဒေသများရှိ စစ်ပွဲများ ရပ်စဲရန် သမ္မတ ဦးသိန်းစိန်အား KNU ‌ဆွေး‌နွေးမည်

1998
ဇန်နဝါရီလ ၃ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

သမ္မတဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ယ‌နေ့မနက် ၈နာရီခွဲတွင် နယ်စပ်မှ ‌နေပြည်‌တော်သို့ စတင် ထွက်ခွာသည့် ကရင်အမျိုး သားအစည်း အရုံး (KNU) ဥက္ကဌ ပါဝင်သည့် ထိပ်ပိုင်း‌ခေါင်း‌ဆောင်များအ‌နေဖြင့် တိုင်းရင်းသား‌ဒေသများရှိ စစ်ပွဲများရပ်စဲရန် ‌ဆွေး‌နွေး သွားမည်ဟု သ‌ဘောထားရှိ‌ကြောင်း ယ‌နေ့ မနက် ထုတ်ပြန်သည့် ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

KNU တွဲဖက် အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းက “သမ္မတရဲ့ ငြိမ်းချမ်း‌ရေးအကျိုး‌တော်‌ဆောင်များမှတဆင့် KNU ကို ဖိတ်ကြား ထားတာပါ။ ကျ‌နော်တို့ကလည်း သမ္မတနဲ့ ‌တွေ့ဆုံရင် တိုင်းရင်းသား‌တွေနဲ့အစိုးရကြားမှာ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေး တည်‌ဆောက် နိုင်ဖို့အတွက် အခု(ကချင်‌ဒေသမှာ)ဖြစ်‌ပေါ်‌နေတဲ့ တိုက်ပွဲ‌တွေ ရပ်စဲ‌ပေးဖို့ကို ‌ဆွေး‌နွေးသွားကြဖို့ ရှိပါတယ်”ဟု ‌ပြောသည်။

ယခု သွား‌ရောက်သည့် ခရီးစဉ်တွင် တိုင်းရင်းသား‌ဒေသများ၌ ဖြစ်‌ပေါ်‌နေသည့် စစ်ပွဲများအပြင် အဓိပ္ပါယ်ပြည့်ဝ‌သော ငြိမ်းချမ်း ‌ရေး‌ဆွေး‌နွေးမှု ‌ရောက်ရှိနိုင် ရန် ‌ဆွေး‌နွေး သွားမည်ဟုလည်း ယ‌နေ့ ဇန်နဝါရီလ ၃ရက်‌နေ့ထုတ် ယင်း‌ကြေညာချက်၌ ‌ဖော်ပြထား ခြင်း ဖြစ်သည်။

၎င်းခရီးစဉ်တွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးမှ ဦး‌ဆောင်၍ ကျန်ပါဝင်သူ ‌ခေါင်း‌ဆောင်များဖြစ်သည့် အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း၊ တွဲဖက် အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်း၊ ပဒိုမန်းငြိမ်း‌မောင်နှင့် ပဒို‌စောလှထွန်းတို့ လိုက် ပါသွားခဲ့ကြသည်။

KNU အ‌နေဖြင့် သမ္မတနှင့် ‌တွေ့ဆုံမည့် အ‌ခြေအ‌နေများကို ညီညွှတ်‌သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်‌ကောင်စီ-UNFC နှင့်လည်း ကြိုတင် ‌ဆွေး‌နွေးမှုများ ပြုလုပ်ခဲ့ပြီး အဖွဲ့ဝင်အားလုံး၏ လက်ခံသ‌ဘောတူမှုဖြင့် ဤခရီးစဉ်ကို အ‌ကောင်အထည်‌ဖော် ခြင်းဖြစ်‌ကြောင်း ပဒိုမန်းမန်းမန်းက ‌ကေအိုင်စီသို့ ယ‌နေ့မနက်တွင် ထပ်မံ ‌ပြောဆိုသည်။

“ကျ‌နော်တို့ ဒီခရီးစဉ်မှာ ‌ကောင်းမွန်တဲ့ အ‌ဖြေတစ်ခုရလာ‌အောင် ‌ဆွေး‌နွေးသွားမှာ ဖြစ်ပါတယ်။ ဒီအတွက်ကိုလည်း ကျ‌နော်တို့ ‌မျှော်လင့်ထားပါတယ်”ဟု ပဒိုမန်းမန်းမန်းက ‌ပြောသည်။

ထို့အပြင် ယခုသွား‌ရောက်‌တွေ့ဆုံမည့် ခရီးစဉ်မှာ မည်မျှကြာမည်၊ သမ္မတနှင့် မည်သည့်‌နေ့ရက်တွင် ‌တွေ့ဆုံမည်ကို မသိရှိရ ‌သော်လည်း KNU ‌ခေါင်း‌ဆောင်များ ဘက်မှ နိုင်ငံ‌တော်သမ္မတနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး ရရှိလာသည့် အချက်အလက်၊ သ‌ဘော ထားများကို အဖွဲ့အစည်းအတွင်း ပြန် လည် ညှိနှိုင်း‌ဆွေး‌နွေးခြင်းနှင့် ပြည်သူ လူထုများအတွင်း ထုတ်ပြန်ခြင်းများကို ‌ဆောင်ရွက် သွားမည်ဟု KNU ၏ ‌ကြေညာချက်တွင် ထည့်သွင်းထားသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက်မှ ဒီဇင်ဘာလ ၂၆ရက်‌နေ့အထိ KNU တပ်မဟာ(၇)နယ်‌မြေတွင် (၁၅)ကြိမ်‌မြောက် KNU ညီလာခံကို ပြုလုပ်ကျင်းပခဲ့ပြီး‌နောက် ‌ရွေး‌ကောက်ခံရ‌သော ‌ခေါင်း‌ဆောင်သစ်များကို သမ္မတက ဖိတ်ကြားခဲ့သည့်အ‌ပေါ် ယခုလို ‌နေပြည်‌တော်သို့ သွား‌ရောက်ခြင်း ဖြစ်သည်။