Home သတင်း ကချင်အား ထိုးစစ်ဆင်ခြင်းသည် တိုင်းရင်းသားအားလုံးကို ‌ချေမှုန်းရန် ဦးတည်‌နေခြင်းဟု UNFC ‌ပြော

ကချင်အား ထိုးစစ်ဆင်ခြင်းသည် တိုင်းရင်းသားအားလုံးကို ‌ချေမှုန်းရန် ဦးတည်‌နေခြင်းဟု UNFC ‌ပြော

1859
ဇန်နဝါရီလ ၃ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ကချင်‌ဒေသအား ထိုးစစ်ဆင်ခြင်းသည် တိုင်းရင်းသားအားလုံးကို ‌ချေမှုန်းရန် ဦးတည်‌နေခြင်းဖြစ်သည်ဟု ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ-UNFC မှ ယ‌နေ့ ‌ပြောကြားလိုက်သည်။

UNFC အ‌ထွေ‌ထွေအတွင်း‌ရေးမှူး နိုင်ဟံသာက “ကချင်ကို တိုက်‌နေတာဟာ UNFC အဖွဲ့ဝင် တိုင်းရင်းသား‌တွေအားလုံးက ခံစား ချက် မ‌ကောင်းဘူး။ ဒါဟာ အခြားတိုင်းရင်းသားအဖွဲ့‌တွေကို ‌ချေမှုန်းတာနဲ့ တူတယ်။ ဒါ‌ကြောင့် ထိုးစစ်ဆင်တာကို ရပ်တန့်‌ပေးဖို့ အစိုးရကို အားလုံးက ‌တောင်းဆို‌နေကြ တယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

မြန်မာအစိုးရတပ်များအ‌နေဖြင့် ကချင်‌ဒေသထိုးစစ်အား မရပ်တန့်ဘဲ ဆက်လက်ထိုးစစ်ဆင်‌နေပါက UNFC အဖွဲ့ဝင်များအ‌နေ ဖြင့် အစိုးရအ‌ပေါ် နိုင်ငံ‌ရေး အရ‌သော် လည်း‌ကောင်း၊ စစ်‌ရေးအရ‌သော်လည်း ‌ရှေ့ဆက် မည်သို့ သ‌ဘောထားရှိရမည်များကို ပြန် လည်သုံးသပ်ရန် သ‌ဘောတူညီထားမှုများရှိသည်ဟု နိုင်ဟံသာက ဆက်‌ပြောသည်။

ကချင်‌ဒေသအား အစိုးရစစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်‌နေမှုတွင် KIO ဌာနချုပ် လိုင်ဇာမြို့ကို သိမ်းပိုင်နိုင်ရန် လိုင်ဇာမြို့တစ် ဝိုက်ရှိ လဂျားယန်နှင့် နာမ်ဆန်ယန်ရွာအနီး ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်-KIA တပ်စခန်းများကို (၁၀၅)၊ (၁၂၀)မမ လက် နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် ဂျက်တိုက်‌လေယာဉ်၊ စစ်သုံးရဟတ်ယာဉ်များကို အသုံးပြု‌နေခြင်းအ‌ပေါ် အပြင်းအထန် ရှုတ်ချ‌ကြောင်းလည်း ဇန်နဝါရီလ ၁ရက်‌နေ့က UNFC မှ ‌ကြေညာချက် ထုတ်ပြန်ထားသည်။

၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၉ရက်‌နေ့က မြန်မာအစိုးရ ငြိမ်းချမ်း‌ရေးအကျိုး‌တော်‌ဆောင်ပုဂ္ဂိုလ်များနှင့် UNFC ကိုယ်စားလှယ်များအ ကြား ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ရာတွင် နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် ‌ဖြေရှင်းရန် သ‌ဘောတူညီခဲ့ကြ‌သော်လည်း လက်ရှိ ကချင်ထိုးစစ်ကို ကြည့်ပါက အစိုးရအ‌နေဖြင့် အ‌ပြောတမျိုး အလုပ်တမျိုးဖြစ်‌နေသည်ဟု ၎င်း‌ကြေညာချက်က ဆိုသည်။

မြန်မာအစိုးရအ‌နေဖြင့် တိုင်းရင်းသားများအ‌ပေါ် ထားရှိ‌သော သ‌ဘောထားများကို ‌ပြောင်းလဲရန် အချိန်တန်ပြီဖြစ်‌ကြောင်းနှင့် လက်ရှိ အ‌ခြေအ‌နေအတိုင်း ဆက်သွားပါက ကချင်ထိုးစစ်အပြီးတွင် အခြားတိုင်းရင်းသား‌ဒေသများသို့ ဦးလှည့်သွားနိုင်ဖွယ်ရှိ ‌ကြောင်းလည်း နိုင်ဟံသာက ဆက်လက်၍ မှတ်ချက်ချ‌ပြောဆိုခဲ့သည်။

သူက “အစိုးရက ဒီအတိုင်း ဆက်သွား‌နေမယ်ဆိုရင် ကချင်ကို တိုက်ပြီးရင် ကချင်ပြည်နယ်နဲ့ ထိစပ်‌နေတဲ့ သျှမ်း‌ဒေသဘက်ကို လည်း အဦးဆုံး ဝင်‌ရောက်တိုက်ခိုက်နိုင်ဖွယ်ရှိတယ်။ ဒါ‌ကြောင့် ကချင်ကိစ္စကြည့်ပြီး ကျ‌နော်တို့ ဘယ်လိုလုပ်သွားမလဲဆိုတာ အဖွဲ့ဝင်အားလုံး‌ခေါင်းချင်းဆိုင်ပြီး ‌ဆွေး‌နွေးသွားမယ်”ဟု ဆိုသည်။

ထို့အပြင် တိုင်းရင်းသားများဖြင့် စု‌ပေါင်း‌နေထိုင်‌သော နိုင်ငံတွင် အာဏာရလူတစ်စုမှ တိုင်းရင်းသားများအ‌ပေါ် နှစ်‌ပေါင်း ၆ဝ ‌ကျော်ကြာ စစ်‌ရေးဖြင့် ဖိနှိပ်ဝါးမြို၍ ကျွန်ပြုလိုခြင်းသည် မိုက်မဲ‌သောလုပ်ရပ်ဖြစ်ပြီး လတ်တ‌လော ဖြစ်‌ပေါ်‌နေ‌သော ထိုးစစ်ဆင် ‌နေမှုကို မရပ်တန့်ပါက ‌နောင်ဖြစ်လာမည့် အကျိုးဆက်အားလုံးသည် အစိုးရနှင့် ဗမာ့တပ်မ‌တော်၏ တာဝန်ပင်ဖြစ်‌ကြောင်း UNFC ၏ ‌ကြေညာချက်တွင် ‌ထောက်ပြထားသည်။

UNFC ကို ၂၀၁၁ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလက စတင် ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး အမာခံ အဖွဲ့ဝင်များအဖြစ် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ-KNPP၊ ချင်းအမျိုးသားတပ်ဦး-CNF၊ ကချင်လွတ်‌မြောက်‌ရေးအဖွဲ့-KIO၊ ကရင်အမျိုးသားအစည်းအရုံး-KNU၊ မွန်ပြည်သစ်ပါတီ-NMSP နှင့် သျှမ်းပြည်တိုးတက်‌ရေးပါတီ/သျှမ်းပြည်တပ်မ‌တော်-SSPP/SSA တို့ ဖြစ်ကြသည်။

ဆက်စပ်အဖွဲ့များအဖြစ် ပ‌လောင်ပြည်နယ် လွတ်‌မြောက်‌ရေးတပ်ဦး-PSLF၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ LDU၊ ညီညွတ်‌သော ရခိုင်အမျိုးသားပါတီ-NUPA၊ (၀) အမျိုးသား အဖွဲ့ချုပ်-WNO၊ ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ PNLO နှင့် ကချင်အမျိုး သားအဖွဲ့-KNO တို့ ပါဝင်ကြသည်။